@user454344392: ရေကြီး၊ တောင်ပြိုပြီးနောက် ထားဝယ်ဒေသ ဝေဟင်မြင်ကွင်းထွက်ပေါ်၊ တောင်ကြောတစ်လျှောက် ပြိုကျမှုများ အထင်းသားတွေ့ရ 30 Sep 2026 By MPA တနင်္သာရီတိုင်း၊ ထားဝယ်ဒေသတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများနှင့် တောင်ပြိုမှုများ ဖြစ်ပွားပြီးနောက် ထွက်ပေါ်လာသည့် ဝေဟင်ဓာတ်ပုံများတွင် တောင်ကြောတစ်လျှောက် မြေသားများ အကြီးအကျယ်ပြိုကျထားသည့် မြင်ကွင်းများကို ထင်ရှားစွာတွေ့မြင်ရသည်။ အဆိုပါ ဓာတ်ပုံကို Luu Nyo Chaw Facebook အကောင့်တင်ထားခြင်းဖြစ်ပြီး "အရင်က ထားဝယ်သီချင်းဆိုရင် “တောင်များပတ်လည် ဝိုင်းလို့လှပနေ မြန်ပြည်တောင်ဖက်ပိုင်းဖျား တနင်္သာရီတဲ့အခုတော့ တောင်တွေလည်း မလှပနိုင်တော့ဘူး ငါတို့ ထားဝယ်ရေ့ " ဟု ရေးသားထားသည်။ ဝေဟင်မှ ရိုက်ကူးထားသည့် ဓာတ်ပုံများတွင် စိမ်းလန်းနေသည့် တောင်တန်းများ၏ မျက်နှာပြင်တစ်လျှောက် အနီရောင်နှင့် အညိုရောင် မြေသားအမာရွတ်များ ပေါ်ထွက်နေပြီး တောင်စောင်းများမှ မြေသားများ အစုလိုက်အပြုံလိုက် ပြိုကျထားသည့် လမ်းကြောင်းများကို တွေ့ရသည်။ အချို့နေရာများတွင် တောင်ပေါ်မှ စီးဆင်းလာသည့် ရွှံ့နွံများသည် တောင်အောက်ခြေရှိ ကျေးရွာများ၊ စိုက်ခင်းများနှင့် လမ်းများအထိ ဖုံးလွှမ်းထားသည်။ ထိုမြင်ကွင်းများသည် ထားဝယ်ခရိုင်အတွင်း ရေကြီးရေလျှံမှုနှင့်အတူ တောင်ပြိုမှုများ မည်မျှကျယ်ပြန့်စွာ ဖြစ်ပွားခဲ့သည်ကို ထင်ရှားစွာ ဖော်ပြနေခြင်းဖြစ်သည်။ စက်တင်ဘာ ၂၇ ရက်မှစတင်၍ ထားဝယ်ခရိုင်ရှိ လောင်းလုံး၊ ထားဝယ်၊ သရက်ချောင်းနှင့် အခြားမြို့နယ်များတွင် ရေကြီးရေလျှံမှုများနှင့် တောင်ပြိုမှုများ ဖြစ်ပွားခဲ့ပြီး ကျေးရွာများမှ ဒေသခံများ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရသည်။ လောင်းလုံးမြို့နယ်အတွင်း တောင်ပြိုမှုကြောင့် နေအိမ်များနှင့် လူနေဧရိယာများ ထိခိုက်ခဲ့သည့်အပြင် လူသေဆုံးမှုနှင့် ပျောက်ဆုံးမှုများလည်း ရှိလာခဲ့သည်။ ဒေသခံကယ်ဆယ်ရေးအဖွဲ့များ၏ ပြောကြားချက်အရ တောင်ပြိုကျလာသည့် မြေသားများသည် အဆောက်အအုံများကို မြေဖုံးလွှမ်းသွားခဲ့ပြီး အချို့ကျေးရွာများမှာ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်သည့်အခြေအနေသို့ ရောက်ရှိခဲ့သည်။ တောင်ပြိုမှုဖြစ်ပွားသည့် နေရာအချို့တွင် အဆောက်အအုံများ မြေကြီးအောက် နစ်မြုပ်သွားခဲ့သဖြင့် ပျောက်ဆုံးသူများကို ရှာဖွေကယ်ဆယ်ရန် ခက်ခဲနေဆဲဖြစ်သည်။ မိုးဆက်လက်ရွာသွန်းနေခြင်းနှင့် လမ်းပန်းဆက်သွယ်ရေး ထိခိုက်နေခြင်းတို့ကြောင့် ကယ်ဆယ်ရေးအဖွဲ့များအနေဖြင့် သဘာဝဘေးသင့်ဒေသများသို့ အပြည့်အဝ ဝင်ရောက်နိုင်ရန် အခက်အခဲများ ရှိနေသည်။ ရေကြီးမှုကြောင့်လည်း တောင်အောက်ပိုင်းရှိ ကျေးရွာများနှင့် စိုက်ခင်းများအတွင်း ရေများဝင်ရောက်ခဲ့ပြီး တောင်ပေါ်မှ ပြိုကျလာသည့် မြေသားနှင့် ရွှံ့နွံများ ရောနှောစီးဆင်းလာသည့်အတွက် ပျက်စီးဆုံးရှုံးမှု ပိုမိုများပြားခဲ့သည်။ ဝေဟင်ဓာတ်ပုံများတွင် တောင်တန်းများ၏ စိမ်းလန်းသည့်မျက်နှာပြင်များကြားမှ မြေပြိုကျထားသည့် အနီရောင်၊ အညိုရောင် မြေသားအကွက်များမှာ ထင်ရှားစွာ ပေါ်လွင်နေသည်။ အဆိုပါမြေပြိုမှုများသည် နေရာတစ်ခုတည်းတွင် ဖြစ်ပွားခြင်းမဟုတ်ဘဲ တောင်ကြောတစ်လျှောက် နေရာအများအပြားတွင် ဖြစ်ပွားထားသည်ကို ဝေဟင်မြင်ကွင်းများအရ တွေ့ရသည်။ တောင်စောင်းများမှ မြေသားများ ပြိုကျလာသည့် လမ်းကြောင်းများသည် တောင်ထိပ်ပိုင်းမှ တောင်အောက်ခြေအထိ ဆက်လက်မြင်တွေ့ရပြီး အချို့နေရာများတွင် တောင်မျက်နှာပြင်တစ်ခုလုံး ပြောင်းလဲသွားသည့်အထိ မြေပြိုကျထားသည်။ ထားဝယ်ဒေသအတွင်း ရေကြီးရေလျှံမှုနှင့် တောင်ပြိုမှုများကြောင့် ထိခိုက်ပျက်စီးမှုအခြေအနေသည် ဆက်လက်ရှင်းလင်းဖော်ထုတ်နေဆဲဖြစ်ပြီး သေဆုံးသူနှင့် ပျောက်ဆုံးသူစာရင်းများလည်း ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများအပေါ် မူတည်၍ ပြောင်းလဲနိုင်သည်။ စက်တင်ဘာ ၃၀ ရက်အထိ ရရှိထားတဲ့ အချက်အလက်တွေအရ ထားဝယ်ခရိုင်အတွင်း ရေကြီးရေလျှံမှုနဲ့ တောင်ပြိုမှုတွေကြောင့် သေဆုံးသူ ၃၄ ဦးအထိ ရှိလာပြီဖြစ်ပြီး သေဆုံးသူများထဲတွင် ကလေးငယ်နှင့် သက်ကြီးရွယ်အိုများလည်းပါဝင်ကြောင်း လူမှုကယ်ဆယ်ရေးလုပ်ဆောင်နေသူများ၏ အချက်အလက်များအရသိရသည်။ ဓာတ်ပုံ - Luu Nyo Chaw Facebook #ထားဝယ်ဒေသ #တောင်ပြိုမှု #ကူညီပေးကြပါလို့မေတ္တာရပ်ခံပါတယ်ရှင့် 🙏#daweimyammar
MOHMOH ˖°𓇼モモ🍀
Region: JP
Wednesday 30 September 2026 23:59:44 GMT
Music
Download
Comments
MOHMOH ˖°𓇼モモ🍀 :
ရေကြီး မြေပြိုဒဏ် ဆိုးရွားစွာခံနေရသည့် ထားဝယ်ဒေသသို့ မြန်မာတစ်ဝန်းရှိ လူမှုကယ်ဆယ်ရေး အဖွဲ့များ လာရောက်ကူညီကြရန် မေတ္တာရပ်ခံ
29 Sep 2026 By Ko Myo/ MPA
မြန်မာနိုင်ငံတစ်ဝန်းရှိ လူမှုကယ်ဆယ်ရေးအဖွဲ့များအနေဖြင့် ရေကြီး မြေပြိုဒဏ် ဆိုးရွားစွာ ခံနေရသည့် ထားဝယ်ဒေသသို့ လာရောက်ကူညီပေးကြရန် ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ် ကော်မတီ (ထားဝယ်ခရိုင်)က မေတ္တာရပ်ခံလိုက်သည်။
စက်တင်ဘာ ၂၇ ရက်မှစ၍ မကြုံစဖူး မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် တနင်္သာရီတိုင်း၊ ထား ဝယ်ခရိုင်အတွင်းရှိ ထားဝယ်၊ သရက်ချောင်းနှင့် လောင်းလုံးမြို့ နယ် အထူးသဖြင့် လောင်းလုံးမြို့ နယ်အတွင်းရှိ ဒေသခံပြည်သူများမှာ ရေလွှမ်းမိုးမှုများနှင့် တောင်ပြို၊ မြေပြိုမှုများကို ဆိုးရွားစွာ ရင် ဆိုင်နေကြရကြောင်း လက်ရှိတွင် သေဆုံးသူ ၁၇ ဦးထက်မနည်း ရှိကာပျောက်ဆုံးနေသူ ရာချီရှိပြီ ဖြစ်ကြောင်း နေအိမ်ထောင်နှင့်ချီ ထိခိုက်ပျက်စီးထားပြီး ဒေသခံ သောင်းချီ သောက်သုံးရေနှင့် အရေး ပေါ် စားနပ်ရိက္ခာများ အကူအညီ လိုအပ်လျက်ရှိကြောင်း သိရသည်။ #စာသားcrd
2026-10-01 00:17:33
0
MOHMOH ˖°𓇼モモ🍀 :
ရေဘေးဒုက္ခကြုံတွေ့နေရတဲ့ ထားဝယ်မြို့က ပြည်သူတွေအတွက် အတတ်နိုင်ဆုံး ဝိုင်းဝန်းကူညီပေးကြပါရန် လေးစားစွာ မေတ္တာရပ်ခံအပ်ပါတယ်။ 🙏🙏🙏😢
2026-10-01 00:03:56
0
MOHMOH ˖°𓇼モモ🍀 :
@
2026-10-01 00:04:03
0
To see more videos from user @user454344392, please go to the Tikwm
homepage.