@ahmoon731: အမေအမြဲပြောတဲ့ စကားပုံလိုပဲ လော်ကင် လိုချင် ထင်းစည်းမချ တဲ့အကျင့်က ပြင်မရသေးဘူး အခုလည်း ကားကျောင်းမတက်ခင်ဆယ်ရက်အလိုမှာ အလုပ်ကိုခွင့်တောင်းပြီး အလုပ်ကခွင့်ပြုတာနဲ့ ကျောင်းကိုကိုယ့်ဘာသာ ရှာ မတွေ့တော့ ကားကျောင်းရှာပေးတဲ့ အေဂျင်စီကိုသွားမေးတော့ ကြိုးစားပြီးရှာပေးပေမယ့် ညီမလေးရေ ကားကျောင်းက မတက်ခင် 2/3လကနေ ကြိုပြီးရှာရတာမလို့ မရလောက်တော့ဘူးဆိုတော့ လက်လျှော့ရမလိုဖြစ်နေချိန်မှာ မရမကလိုချင်စိတ်နဲ့ မအိပ်ပဲ ဇွတ်တွေ တစ်ကျောင်းပြီးတစ်ကျောင်း ဖုန်းတွေဆက်မေး နောက်ဆုံးတော့ ကျောင်းတက်ဖို့ တစ်ပါတ်အလိုမှာ ကျောင်းတွေ့ခဲ့တယ် ဒါမဲ့ အရမ်းကပ်နေမှ ဘိုကင်တင်တာကြောင့်ရော နွေရာသီကျောင်းပိတ်ရက်ကျန်နေသေးတာရောကြောင့် ကျောင်းလခ ကတော့ ဈေးလေး အလစ်တဲလေး ကြီးသွားခဲ့တာပေါ့🥹 (ပြောချင်တာကတော့ ကားကျောင်းတက်မယ်စဉ်းစားထားရင် ကြိုကြိုတင်တင်ရှာထားကြပါလို့) ဒါပေမယ့်လည်း လုပ်ချင်တာလုပ်ရတော့မယ်ဆိုတော့ ပျော် တကယ်လည်းကျောင်းရောက်ရော ပေးထားတဲ့ပိုက်ဆံအဆုံးခံပြီး ပြန်ပြေးချင်စိတ်ပါပေါက် 🤧 ကျောင်းကဆရာတွေကများပြီး တစ်ယောက်တစ်မျိုးတွေနဲ့ စည်းကမ်းကလည်းကြီးမှကြီး😖 ဒါမဲ့ ကိုယ်လိုင်စယူမှာကို ကိုယ့်ထက်ပိုပျော်နေတဲ့ 会社ကလူတွေရဲ့မျက်နှာကို အိုးမဲမသုတ်ချင်လို့ ကြိတ်မှိတ်ပြီး ကြိုးစားခဲ့ရတယ် ရေးဖြေတွေကိုလုံးဝမကြောက်ခဲ့ရဘူး လက်တွေ့အမောင်းပဲစိတ်ပူခဲ့ရတာ သင်မောင်းလိုင်စင်အတွက် ကားကျောင်းဝန်းထဲလေ့ကျင့်တော့ အရှေ့က ကားလာနေတာကို အမှတ်တမှတ်နဲ့ဖြတ်မောင်းမိသွားလို့ နောက်တစ်ရက်ပြန်ဖြေရသေး🫠 တကယ့်လမ်းပေါ်နောက်ဆုံးအမောင်ဖြေတော့ မိအေးနှစ်ခါအနာမခံတော့ဘူး မှတ်သွားပြီလေ သတိနဲ့မောင်းတော့ တန်းအောင်ရော ☺️ ခံစားချက်ကတော့ လိုချင်တာလေးရလို့ အရမ်းပျော်🙆‍♀️ ဘူတာအထိလိုက်ပို့တဲ့အလုပ်ကဦးလေးကိုလည်းကျေးဇူးတင်ရင်း😁 #ဂျပန်ယာဉ်မောင်းလိုင်စင် #ကားမောင်းသင်တန်း

✨
✨
Open In TikTok:
Region: JP
Thursday 01 October 2026 05:20:28 GMT
2574
40
1
1

Music

Download

Comments

zophyr98
エィン :
တို့လဲအဲ့ကျောင်းတက်ခဲ့တာ🫶🏻
2026-10-01 15:55:06
0
To see more videos from user @ahmoon731, please go to the Tikwm homepage.

Other Videos


About