@user614785664: လူဒုဿီလ နှင့် ရဟန်းဒုဿီလ တူပါသလော ============================== ဒုဿီလ-ဆိုတာ သီလမရှိသူ ယုတ်မာသောသူဟုဆိုလိုသည်၊ ယုတ်မာသူသည် လူတွေတွင်သာမဟုတ် ရဟန်းတွေထဲမှာလည်း အချို့ရှိတတ်သေး၏၊ ထိုသို့ဖြစ်သော် လူနှင့် ရဟန်း အတူတူပဲလော၊ သို့မဟုတ် ထူးခြားမှုရှိသေးသလာဟု စဉ်းစားဖွယ်ရှိ၏။ ထိုပြဿနာအတွက် ရှေးအခါက မိလိန္ဒအမည်ရှိသော မင်းကြီးသည် အရှင်နာဂသေနမထေရ်မြတ်ကို ဤကဲ့သို့ မေးမြန်းလျှောက်ထားခဲ့ဘူး၏။ မေး။ အရှင်ဘုရား သီလပျက်သော လူနှင့် သီလပျက်သော ရဟန်း အတူတူပဲလား ဒါမှမဟုတ် ထူးခြားမှုရှိပါသေးသလားဘုရား။ အဖြေ။ မင်းမြတ် မတူပါ-ထူးခြားမှုရှိ၏-- ရဟန်းဒုဿီလသည် လူဒုဿီလထက် ဂုဏ်ဆယ်ပါး အကြောင်းဆယ်ပါးတိုဖြင့် မြင့်မြတ်သာလွန်ပေ၏။ ဂုဏ်ဆယ်ပါးဖြင့်သာလွန်ပုံ--- ၁။ မြတ်စွာဘုရားအပေါ် ရိုသေ၏။ ၂။ တရားတော်မြတ်အပေါ် ရိုသေ၏။ ၃။ သံဃာတော်များအပေါ် ရိုသေ၏။ ၄။ သီတင်းသုံးဖော်များအပေါ် ရိုသေ၏။ ၅။ ပါဠိသင်ကြားမှု, အဋ္ဌကထာသင်ကြားမှု၌ လုံ့လ ရှိ၏။ ၆။ ကြားနာရခြင်း သုတဉာဏ်ရှိ၏။ ၇။ ဒုဿီလရဟန်းသည် သီလမရှိသော်လည်း ပရိသတ်ထဲသို့ ရောက်သောအခါ ကဲ့ရဲ့ခြင်းမှ ကြောက်သောသောကြောင့် သီလဝန္တရဟန်းကဲ့သို့ ပြုမူနေထိုင်၏။ ၈။ ဒုဿီလရဟန်းသည် တရားဘာဝနာအားထုတ်မှု၌ စိတ်ကားရှိနေသေး၏။ ညွတ်နေသေး၏။ ၉။ ဒုဿီလရဟန်းသည် သီလမရှိစေကာမူ သာမန်ရဟန်းတစ်ပါးအဖြစ်၌် တည်ရှိနေသေး၏။ ၁၀။ ဒုဿီလရဟန်းသည် မကောင်းမှုကျူးလွန်သော် အရှက်အကြောက်ရှိသေးရကား ပုန်းလျှိုးကွယ်လျှိုး ပြုလုပ်၏။ (လင်ရှိမယား ဖေါက်ပြန်လိုသော် ပုန်းလျှိုးကွယ်လျှိုး ပြုလုပ်ရသလို ရဟန်းဒုဿီလဟာလည်း လူမရိပ်မိအောင်ပြုလုပ်လေ့ရှိ၏။) အကြောင်းဆယ်ပါးဖြင့် သာလွန်ပုံ---- ၁။ မြတ်သော သင်္ကန်းကို ဝတ်ရုံထားသောကြောင့် လူပုဂ္ဂိုလ်တို့၏ အလှူဒါနကို အကျိုးကြီးမားအောင် စွမ်းနိုင်၏။ ၂။ အရိယာသံဃာများလို ဦးခေါင်းကို တုံးထားသောကြောင့်လည်း လူပုဂ္ဂိုလ်တို့၏ အလှူဒါနကို အကျိုးကြီးမားအောင် စွမ်းနိုင်၏။ ၃။ ရဟန်းသံဃာအသင်းအပင်းတွင် ပါဝင်သောကြောင့်လည်း လူပုဂ္ဂိုလ်တို့၏ အလှူဒါနကို အကျိုးကြီးမားအောင် စွမ်းနိုင်၏။ ၄။ ဘုရား,တရား,သံဃာအပေါ်မှာ ကိုးကွယ်ဆည်းကပ်ခြင်း ရှိသေးသောကြာင့်လည်း လူပုဂ္ဂိုလ်တို့၏ အလှူဒါနကို အကျိုးကြီးမားအောင် စွမ်းနိုင်၏။ ၅။ ကမ္မဋ္ဌာန်းတရား အားထုတ်ရာနေရာ၌ နေထိုင်နေသေးသောကြောင့်လည်း လူပုဂ္ဂိုလ်တို့၏ အလှူဒါနကို အကျိုးကြီးမားအောင် စွမ်းနိုင်၏။ ၆။ ဘုရားသာသနာကို အဓွန့်ရှည် တည့်တံ့စေလိုသော စိတ်ရှိသေးသောကြောင့်လည်း လူပုဂ္ဂိုလ်တို့၏ အလှူဒါနကို အကျိုးကြီးမားအောင် စွမ်းနိုင်၏။ ၇။ မြတ်သောတရားကို ဟောကြားတော်မူတတ်သောကြောင့်လည်း လူပုဂ္ဂိုလ်တို့၏ အလှူဒါနကို အကျိုးကြီးမားအောင် စွမ်းနိုင်၏။ ၈။ တရားလျှင် မှီခိုရာ လဲလျောင်းရာ ရှိသောကြောင့်လည်း လူပုဂ္ဂိုလ်တို့၏ အလှူဒါနကို အကျိုးကြီးမားအောင် စွမ်းနိုင်၏။ ၉။ မြတ်စွာဘုရားသည် အမြတ်ဆုံးတည်းဟု ဖြောင့်မက်သော အယူရှိသောကြောင့်လည်း လူပုဂ္ဂိုလ်တို့၏ အလှူဒါနကို အကျိုးကြီးမားအောင် စွမ်းနိုင်၏။ ၁၀။ တစ်လလျှင် နှစ်ကြိမ် ရဟန်းကောင်းတို့နှင့်အတူ ဥပုသ်ပြုသောကြောင့်လည်း လူပုဂ္ဂိုလ်တို့၏ အလှူဒါနကို အကျိုးကြီးမားအောင် စွမ်းနိုင်၏။ မင်းမြတ် ရဟန်းဒုဿီလသည် အကျင့်ချွတ်ယွင်းသော်လည်း လူပုဂ္ဂိုလ်တို့၏ အလှူဒါနကို အကျိုးကြီးမားအောင် စွမ်းနိုင်၏။ ဥပမာအားဖြင့် .. နောက်ပျစ်နေသော ရေသည် ရွံညွန်အညစ်အကြေးကို ပြောင်စင်အောင်ဆေးကြောသုတ်သင်စေနိုင်၏။ ကျိုက်ကျိုက်ဆူနေသော ရေသည် အလျှံတစ်ပြောင်ပြောင် တောက်လောင်နေသော မီးတောက်ကို ငြိမ်းစေနိုင်၏။ အရသာမရှိသော အစားစာသည် ဆာလောင်မွတ်သိပ်မှုကိုတော့ ပြေပျောက်စေနိုင်သေး၏။ ဤအတူသာလျှင် ဒုဿီလရဟန်းသည် အကျင့်ပျက် သီလပျက်သော်လည်း လူပုဂ္ဂိုလ်တို့၏ အလှူဒါနကို အကျိုးကြီးမားအောင် စွမ်းနိုင်၏၊ ထို့ကြောင့် လူဒုဿီလထက် ရဟန်းဒုဿီလက သာလွန်မြင့်မြတ်ပေ၏။ (မိလိန္ဒပဥှာ မြန်မာပြန် =၂၆၇)#မူရင်းPostတင်သူကိုကျေးဇူးတင်စွာဖြင့်ဂါရဝပြုပါသည် #ရောက်ချင်တဲ့နေရာရောက်👌
💞In Ga Po Sa Ya Taw💞
Region: MM
Thursday 01 October 2026 05:32:09 GMT
Music
Download
Comments
ရွှေအင်းသား :
သာဓုပါဘုရား
2026-10-01 13:46:06
1
Nyunt Nyunt Sein :
🙏🙏🙏🙏🙏🙏🙏🙏🙏
2026-10-01 08:31:47
1
Thein Htay :
သာဓု သာဓု သာဓုပါဘုရား
2026-10-02 02:42:37
0
Punya :
ကောင်းလေစွ
ကောင်းလေစွ
ကောင်းလေစွ
2026-10-01 14:54:56
0
Tun :
[ဆုတောင်း][ဆုတောင်း][ဆုတောင်း]
2026-10-04 03:06:34
0
To see more videos from user @user614785664, please go to the Tikwm
homepage.