@nyo78893: လောကကြီးမှာ… ရင်းနှီးမှုနဲ့ တန်တဲ့လူတွေလည်း ရှိတယ်။ နွေးထွေးမှုနဲ့ တန်တဲ့လူတွေလည်း ရှိတယ်။ တန်ဖိုးထားမှုနဲ့ တန်တဲ့လူတွေလည်း ရှိသလို ဥပေက္ခာနဲ့ တန်တဲ့လူတွေလည်း ရှိတယ်။ ဒါဟာ ကိုယ်က လူတွေကို အဆင့်အတန်းခွဲပြီး တန်ရာတန်ရာ သတ်မှတ်ထားတာ မဟုတ်ပါဘူး။ တစ်ယောက်ယောက်ကို ဘယ်လောက်ထိ ရင်းနှီးခွင့်ပေးမလဲ၊ ဘယ်လောက်ထိ တန်ဖိုးထားပေးမလဲ၊ ဘယ်လောက်ထိ နွေးထွေးပေးမလဲဆိုတာတွေက သူတို့ရဲ့ လုပ်ရပ်တွေပေါ်မှာပဲ မူတည်လာတာပါ။ ကိုယ်က ရင်းရင်းနှီးနှီး ဆက်ဆံခဲ့ပေမယ့် တန်ဖိုးမထားတတ်တဲ့သူတွေ ရှိတယ်။ ကိုယ်က အမြဲနားလည်ပေးခဲ့ပေမယ့် ကိုယ့်ခံစားချက်ကို နားမလည်ပေးတဲ့သူတွေလည်း ရှိတယ်။ တစ်ချို့လူတွေကတော့ ကိုယ်ပေးခဲ့တဲ့ မေတ္တာနဲ့ ယုံကြည်မှုကို တန်ဖိုးထားတတ်ကြတယ်။ အဲ့ဒီလိုလူတွေအတွက်တော့ ရင်းနှီးမှုဆိုတာ ရင်းနှီးရကျိုးနပ်သလို မေတ္တာပေးရတာလည်း အဓိပ္ပာယ်ရှိပါတယ်။ ဒါပေမယ့် ကိုယ့်ရဲ့ကောင်းမွန်မှုကို အခွင့်ကောင်းယူပြီး ကိုယ့်တန်ဖိုးကို မမြင်တတ်တဲ့သူတွေကိုတော့ အရင်လို ဆက်ပြီး ပေးနေဖို့ မလိုတော့ဘူး။ တစ်ခါတလေ အကွာအဝေးဆိုတာ မုန်းလို့ထားတာမဟုတ်ဘူး။ ဥပေက္ခာဆိုတာလည်း မကောင်းလို့ပေးတာမဟုတ်ဘူး။ သူတို့ရဲ့ လုပ်ရပ်တွေက သူတို့ကိုယ်တိုင် ဘယ်လိုဆက်ဆံခံထိုက်တယ်ဆိုတာ တဖြည်းဖြည်း သင်ပေးသွားတာပါ။ ဒါကြောင့်… ဘယ်သူ့ကိုမဆို သူ့လုပ်ရပ်ထက် ပိုပြီး မေတ္တာမပေးတော့ဘူး။ သူတန်ဖိုးထားသလောက်ပဲ တန်ဖိုးထားမယ်။ သူရင်းနှီးသလောက်ပဲ ရင်းနှီးမယ်။ တန်ရာတန်ရာဆိုတာ ကိုယ်က ခွဲခြားထားတာမဟုတ်ဘူး… သူတို့ကိုယ်တိုင် ပြုမူခဲ့တဲ့ပုံစံနဲ့ သူတို့ကိုယ်တိုင် ရွေးချယ်သွားကြတာပါပဲ။ #akayar🍃
ညို 🤎
Region: SG
Thursday 01 October 2026 07:25:56 GMT
Music
Download
Comments
💛ℋ𝒶𝓎 ℳ𝒶𝓃 ℒ𝒶𝓎💛 :
စာသားလေး ယူချင်ပါတယ်ရှင့်🥰
2026-10-01 07:51:55
2
Serena [ဆရီနာ]😁☺️ :
ပြန်တင်ချင်လို့ copy လေးပေးပါလားရှင် စာသားတွေလဲသဘောကျလိုပ့
2026-10-01 08:19:47
0
99 Beauty Salon :
စာသားလေး ချပေးပါလား ရှင့်
2026-10-01 14:17:09
0
☘️𝔂𝓪𝓭𝓪𝓷𝓪𝓻🍀 :
ပြန်လည်အသုံးပြုပါရစေရှင့်
2026-10-01 16:11:17
0
Ngwe Ya :
🥰🥰🥰
2026-10-01 16:17:30
0
Myo Mie Mie Kyaw 🌻🌻 :
စာသားလေးယူပါရစေရှင့်
2026-10-01 15:03:30
0
Tachi🏳️🌈 :
ငါချောလား 😁😁 ချောရင်အသဲဝင်ပေး
2026-10-01 15:00:41
0
🦅 :
စာသားလေးကြိုက်လို့ပြန်တင်ခွင့်ပြုပါရှင့်
2026-10-01 17:19:52
0
Sweet Sanda :
စာသားလေး copy ယူပါရစေရှင့်[Heartwarming]
2026-10-01 18:05:51
0
aye mya :
ဟုတ်တယ်နော်
2026-10-01 14:58:48
0
🅔🅘🅣🅘🅝🅩🅐🅡 :
ပြန်လည်မျှဝေခွင့်ပြုပါရှင့်🥰
2026-10-01 14:35:51
0
Nwe lay🌺🌿🌺🌿 :
စာသားလေးတင်မယ်နော်
2026-10-01 14:08:24
0
#မယ်ညို🤎 :
ပြန်တင်ချင်လို့နော် 🥰
2026-10-01 14:10:03
0
Nwe :
🥰🥰🥰
2026-10-01 14:17:03
0
Wai Lay Lay :
အင်းပေါဗျ
2026-10-01 15:33:48
0
Leanor :
စာသားလေးပြန်တင်ပါရစေ
2026-10-01 16:29:19
0
T❣.T❣.N..❣.....Vira♍🧿...⭐💫⚡ :
စာသားလေးcopy...[Heartwarming]
2026-10-01 15:01:52
0
Daw Khin Htar Myint :
တန်ရာတန်ရာပေါ့
2026-10-01 14:16:48
0
✩♡ᴴ❀⋆ :
မမစာသားလေးယူသုံးပါရစေနော်🩷🤍
2026-10-01 14:00:45
0
💕Hnin💕 :
စာသားလေးယူတင်ပါမယ်ရှင့်
2026-10-01 13:47:48
0
💭 :
စာသားလေးယူတင်ပါရစေရှင့်🥰crdပေးပါတယ်🥰🥰
2026-10-01 19:00:01
0
Zaw Win :
မှန်ပါတယ်ဗျာ
2026-10-01 14:01:30
0
သဘာဝ🤍 :
စာသားလေးသဘောကျ☺️
2026-10-01 13:51:22
0
🍎Ei Ei Hnin🍓🍓 :
ပြန်တင်ခွင့်ပြုပါ
2026-10-01 14:03:56
0
🍒Nway"🍓 :
တင်တဲ့စာသားလေးတွေအရမ်းကြိုက်💗💗🥰
2026-10-01 08:42:30
0
To see more videos from user @nyo78893, please go to the Tikwm
homepage.