@sanmyatunwin: အိုမာခယမ်က ပြောဖူးတယ် ဒုက္ခနဲ့တစ်ခါကြုံရတိုင်း ချစ်သူလက်ကို တစ်ခါကိုင်ပါရစေ...တဲ့ ကိုယ်ရောစိတ်ပါ ကျန်းမာဖို့မလွယ်ကူတဲ့ ခဲခဲခက်ခက် နေ့ရက်တွေမှာ တစ်ခါဆုပ်ကိုင်ဖူးပြီး တစ်သက်စာမြဲနေမယ့် ကိုယ်တို့ရဲ့လက်တွဲလေးကို သတိရပါ မင်းစိတ်ကလေးကို အေးမြစေမယ့်အကြောင်းအရာတွေကိုပဲ တွေးပါ စိတ်မပျော်ခဲ့ရင်တောင် အိပ်စက်အနားယူချင်စိတ်ရှိတဲ့အခါတိုင်း မင်းကို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေချင်တာ ကိုယ့်စေတနာပါ ရုန်းကန်လှုပ်ရှားရင်း တစ်နေ့နေ့တစ်ချိန်ချိန် တိမ်မြုပ်ပျောက်ကွယ်သွားမှာ သေချာနေတဲ့ ဘဝထဲ ကိုယ့်ရှင်သန်ချိန်ကို ဘာကြောင့်မှ ချောင်မပိတ်မိပါစေနဲ့ လောကဓံကို ခံနိုင်စွမ်းရည်မပြည့်ဝရင်တောင် စိတ်ဓာတ်ကျနေချိန်တိုင်း ကိုယ့်ဘာသာ ပြန်အားယူတတ်တဲ့အထိတော့ မင်းကို လိမ္မာပါးနပ်စေချင်တယ် သိပ်ချစ်ရတဲ့သူကို အကောင်းဆုံးတွေမပေးနိုင်ရင်တောင် ကိုယ့်ကြောင့် တစုံတရာမထိခိုက်ရအောင်တော့ ကိုယ့်ဘက်က အပြည့်အဝတတ်နိုင်ပါလိမ့်မယ် ကုန်ဆုံးကျန်ရစ်ခဲ့မယ့် လက်ရှိအချိန်တွေထဲ နောင်တနည်းနိုင်သမျှနည်းအောင် ခရီးဆက်ကြမယ် ကိုယ့်အတွေးနဲ့ကိုယ် ကိုယ့်အနာဂတ်ကို အဆိပ်မခတ်မိဖို့ ပိုကြိုးစားကြမယ် ဘဝတွေက တိုတယ် လျှောက်ရတဲ့လမ်း ကြမ်းတဲ့အခိုက်အတန့်လည်းကြုံမယ် အတုအယောင်တွေကြား စစ်မှန်ခြင်းနဲ့ စည်းခြားလိုက်နိုင်တဲ့ အကန့်တွေလည်းရှိမယ် ရွေးချယ်ခွင့်မရှိတဲ့အခါ ရင်ဆိုင်ဖြတ်သန်းဖို့ကြိုးစားရင်း တစ်ရက်ချင်းကို အေးချမ်းစွာဖြတ်သန်းတတ်သွားရင် ဒီနေ့ရက်တွေဟာ နောင်တစ်ချိန်မှာ သန်မာစေတဲ့အတိတ်အဖြစ် ပုံရိပ်ထင်ကျန်နေခဲ့မယ်ဆိုတာ မင်းလည်းသိနှင့်ပြီးသားလို့ ကိုယ်ကယုံကြည်ပါတယ် … #ဆန်းမြထွန်း၀င်း #lovestory #စာတို💯 #sanmyatunwin #myanmar
SanMyaTunWn - ဆန်းမြထွန်း၀င်း
Region: TH
Thursday 01 October 2026 12:27:46 GMT
Music
Download
Comments
Nirava 🍃 :
သူ့လက်လေးကိုင်ခွင့်ရချငိသေးတယ်လေ
2026-10-01 12:55:51
1
Xtar Ngwe 🌻 :
ဒီနှစ်ဆောင်းအစမှာ သူ့လက်ကလေး ဆုပ်ကိုင် ခွင့်ရရင် သိပ်ကောင်းမှာပဲ🥺
2026-10-01 12:32:28
1
𝐂𝐚𝐥𝐥 𝐦𝐞 𝐳𝐚𝐫𝐳𝐚𝐫🐳 :
တစ်ခုခုအဆင်မပြေဖြစ်တာဖြစ်ဖြစ် ပြဿနာကြုံလာတာဖြစ်ဖြစ် စိတ်ပင်ပန်းရတာဖြစ်ဖြစ် မောင့်အနားနေချင်မိတာပဲ....(မောင်ရေ'') ဆိုပြီး အကုန်တိုင်ပြောပြီး စိတ်လွတ်လက်လွတ်ငိုလို့ရယ်လို့ရတဲ့ ချစ်ရသူလေးရှိနေတဲ့ feeling ကိုတကယ်ကြိုက်နေပြီ...
2026-10-01 15:33:56
1
To see more videos from user @sanmyatunwin, please go to the Tikwm
homepage.