@beauty.lay5: အစ်မရဲ့ ဒီစာလေးကို ဖတ်ပြီး အမျိုးသမီးတွေရင်ထဲ တကယ်ထိသွားတယ်အစ်မရေဆိုပြီးပြောပေးကြတယ် 😢 အစ်မ ရေးထားတဲ့ တစ်ကြောင်းချင်းစီတိုင်းက အမှန်တရားတွေချည်းပဲ ယောက်ျားတစ်ယောက် လမ်းမှားသွားရင် - • သူ့အတွက် ၁၅ /၂၀မိနစ်ပဲ ပျော်ရတယ် • ဒါပေမဲ့ မိန်းမအတွက် တစ်သက်လုံး နာကျင်ရတယ် • သားသမီးအတွက် တစ်ဘဝလုံး အမာရွတ်ကျန်ရတယ် • မိသားစုအတွက် တစ်အိမ်လုံး ပြိုကျတယ် ဟုတ်တယ် အမျိုးသမီးတို့ရယ်... မယားငယ်ထားတဲ့အပျော်မိနစ်နဲ့ နေ့ရက်လနှစ်တွေကမိမိမိသားစုနဲ့ဝေးကွာစေပြီးတစ်သက်လုံး လဲရတာ တန်လို့လား? ယောက်ျားက ထင်တယ် ဖောက်ပြန်ခါစအပျော်မယားငယ်ထားချိန်- "ခဏလေးပါ၊ ဘာမှမဖြစ်ဘူး" လို့ ဒါပေမဲ့ သူမသိတာ - အဲ့ဒီ ခဏတာအပျော်ကာမအရသာက - မိန်းမဖြစ်သူရဲ့ ယုံကြည်မှုကို တစ်သက်လုံး သတ်လိုက်တာ သားသမီးရဲ့ "အဖေဟာ သူရဲကောင်းပဲ" ဆိုတဲ့ အမြင်ကို တစ်ဘဝလုံး ရိုက်ချိုးလိုက်တာ အိမ်ဆိုတဲ့ အသိုက်ကို တစ်အိမ်လုံး မီးရှို့လိုက်တာ "မီးလိုပဲ... မီးစက တစ်ယောက်က စတိုက်တယ်၊ လောင်တာက တစ်အိမ်လုံး လောင်တယ်" ဒီဥပမာလေးက အရမ်းကောင်းတယ် အမျိုးသမီးတို့ရယ် 🔥 မီးဆိုတာ - စတိုက်တဲ့သူက တစ်ယောက်ထဲ ဒါပေမဲ့ လောင်တဲ့အခါ - - အမေပါ လောင်တယ် - အဖေပါ လောင်တယ် - ကလေးတွေပါ လောင်တယ် - အိမ်မှာရှိတဲ့ အမှတ်တရတွေပါ လောင်တယ် - အနာဂတ်တွေပါ လောင်တယ် မီးငြိမ်းသွားရင်တောင် - ပြာပုံပဲ ကျန်ခဲ့တယ် အရင်လို အိမ်ပြန်ဖြစ်ဖို့ နှစ်ချီကြာတယ် တချို့အရာတွေဆို ဘယ်တော့မှ အရင်လိုပြန်မဖြစ်တော့ဘူး သစ္စာဖောက်တာလဲ အဲ့လိုပဲ... လုပ်တဲ့သူက တစ်ယောက်ထဲ နာကျင်ရတာက တစ်မိသားစုလုံး ပြန်ကောင်းသွားရင်တောင် အရင်လို ဘယ်တော့မှ ပြန်မဖြစ်တော့ဘူး မိန်းမက ခွင့်လွှတ်တယ်ဆိုရင်တောင် - နှလုံးသားထဲမှာ အမာရွတ်က ကျန်နေတယ် ယောက်ျားဖုန်းမြည်တိုင်း ရင်ခုန်နေရတယ် ယောက်ျားနောက်ကျတိုင်း စိတ်ပူနေရတယ် အရင်လို အိပ်ပျော်တော့ဘူး အဲ့တာ တစ်သက်လုံး နာကျင်ရတယ်ဆိုတာ "ဖခင်ရဲ့ သစ္စာမဲ့မှုတွေဟာ ကလေးတွေရဲ့ နှလုံးသားမှာ နာကျင်ဖွယ်ရာအဖြစ် ကျန်ရစ်ခဲ့တယ်" ဒါက အဖေတွေကို အသိဆုံး စကားပဲ အစ်မရယ်... ကလေးတွေက ငယ်ငယ်လေးနဲ့ - ဘာမှ နားမလည်သလိုနေပေမဲ့ အကုန်သိတယ် ဘာမှ မပြောပေမဲ့ အကုန်မှတ်ထားတယ် အဖေ မရှိတဲ့အချိန် အမေ ငိုနေတာ ကလေးမြင်တယ်... အဖေ လိမ်ပြောတာ ကလေးကြားတယ်... အဖေ တခြားမိန်းမနဲ့ ရယ်နေတဲ့ ပုံကို ကလေးတွေ့သွားတယ်... အဲ့ဒီအချိန်မှာ ကလေးရဲ့ ရင်ထဲမှာ - "အဖေက ငါတို့ကို မချစ်တော့ဘူးလား?" "ငါတို့ကြောင့် အဖေ ပျော်မနေဘူးလား?" "ငါ မကောင်းလို့လား?" ကလေးက ကိုယ့်ကိုယ်ကိုယ် အပြစ်တင်သွားတယ် ကြီးလာတော့ အဲ့ဒီကလေးက - ဘယ်သူ့ကိုမှ မယုံတော့ဘူး အချစ်ဆိုရင် ကြောက်သွားတယ် "ငါလဲ အဖေလို ဖြစ်သွားမလား" လို့ ကိုယ့်ကိုယ်ကိုယ် မုန်းသွားတယ် ဒါမှမဟုတ် "ယောက်ျားတွေက အကုန်ဒီလိုပဲ" ဆိုပြီး မုန်းသွားတယ် အဖေရဲ့ အပျော်မယားထားပျော်ရွှင်မှုက သားသမီးရဲ့ တစ်ဘဝလုံး ပျော်ရွှင်မှုကို ခိုးသွားတာ တကယ်တော့ - အဖေကောင်းတစ်ယောက်ဖြစ်ဖို့ ပိုက်ဆံအများကြီး မလိုဘူး အဖေကောင်းတစ်ယောက်ဖြစ်ဖို့ သစ္စာပဲ လိုတယ် အဲ့သစ္စာဆိုတာသားသမီးက အဖေ့ကို - ကားဝယ်ပေးလို့ ချစ်တာမဟုတ် ဖုန်းဝယ်ပေးလို့ ချစ်တာမဟုတ်ဘူး အမေ့ကို သစ္စာရှိရှိ ချစ်လို့ ချစ်တာ အိမ်ကို သစ္စာရှိရှိ စောင့်ရှောက်လို့ ချစ်တာ မိသားစုကိုအချိန်ပေးမေတ္တာတွေပေးပျော်အောင်ထားလို့ချစ်တာလေ အဲ့ဒါကို အဖေတွေ နားမလည်ဘူး... အမျိုးသမီးတို့ရယ်... ဒီစာလေးကို ရေးတဲ့သူအစ်မအရမ်းနာကျင်ခဲ့ရတဲ့သူပဲလေရင်ထဲက လာတဲ့စာမို့လို့ ကိုယ်တိုင်ရင်ထဲကို အထိဆုံးပဲ။ အမျိုးသမီးဘဝတူသူတွေရော... ဒီလိုခံစားဖူးလို့လား? ရှိရင် အစ်မကို ရင်ဖွင့်လို့ရတယ်နော်၊ အစ်မ ဒီမှာပဲ နားထောင်နေမယ် ☘️🙏 #MaYu #follower

Beauty lay
Beauty lay
Open In TikTok:
Region: JP
Thursday 01 October 2026 12:44:58 GMT
153933
10123
195
1944

Music

Download

Comments

lwinaung389
Lwin :
ဖောက်ပြန်တဲ့သူကတော့ ဘာမှ မဟုတ်သလိုနေနိုင်ပေမယ့် ခံရတဲ့သူမှာ အမာရွတ်တေနဲ့😊😊မတက်သာလို့ဆိုတဲ့စကားရဲ့အနောက်မှာ အရင်တိုင်းအကောင်းတိုင်း ဘယ်တော့မှ ဖြစ်လာမှာမဟုတ်ဘူး…..
2026-10-02 00:07:53
35
user285853612182
NiNi :
သားသမီးအတွက်နာကျင်ခံစားမှာကိုမထောက်ထားဘဲဖောက်ပြန်တဲ့သူရှိကြပါတယ်
2026-10-02 06:24:05
5
aye.myint745
Aye(အေး)🐧 :
အမှန်ပဲ ဒါပေမဲ့ အရှက်သိက္ခာတန်ဖိုးက အရင်တိုင်း မရတော့ဘူး။ မိသားစုစိတ်ဒဏ်ရာရခဲ့တယ် ကိုယ်အပစ်ကိုဖုံး။ မယားကြီးဦးဆောင်မူနဲ့ရေမျော လိုက်ပြီ မယားမကောင်းကြောင်းပြော ဘဝကြီးရယ်ဆိုးလိုက်တ
2026-10-01 16:26:36
8
kogyihan24
ရာဘင်ဒြာ (official) :
ဒါဆို မိခင်ဆိုတဲ့မိန်းမတစ်ယောက်ရဲ့ စိတ်အခြေအနေ ဖောက်ပြန်မှုကရော ဘယ်လို အကျိုးသက်ရောက်မှု ရှိမလည်းဗျ။ အဖြေကို သိချင်ပါ့ဗျ။ ဘက်မလိုက်ဘဲ ဖြေပါဗျ။
2026-10-02 13:39:58
2
ma.win260
ma :
အရမ်းမှန်တဲစာသားလေးပါရှင်
2026-10-02 12:33:59
1
win.thazin.nwe2
Win Thazin Nwe :
အကြောင်းကြောင်းကြောင့်မမျှော်လင့်ပဲအိမ်ထောင်ကျသွားခဲ့ပေမဲ့သူ့ကိုတကယ်မချစ်ပေမဲ့အိမ်ထောင်ရှင်မအနေနဲ့နော်မိခင်တယောက်အနေနဲ့ပါဆယ်စုနှစ်တခုကျော်ထိအိမ်လေးပြိုလဲမှာစိုးလို့ထိန်းသိမ်းခဲ့ပေမဲ့သားတွေကြောင့်ပဲပျက်ဆီးနေတဲ့အိမ်လေးကိုကျောခိုင်းခဲ့လိုက်ပြီခုတော့သားသုံးယောက်နဲ့အတူဘဝသစ်မှာအေးချမ်းနေပါပြီ
2026-10-01 22:20:49
11
eieinyein9244
Ma Ei Ei :
သိပ်မှန်တာရှင်စာသားလေး
2026-10-02 15:16:56
1
myint2365
myint :
ဘဝတူတွေပါအမရယ်
2026-10-02 13:11:55
1
khant.t.kyi
Khant :
ခုအဲ့လိုဖြစ်နေတာ ကိုယ်ကဖြေသာတောင်သားကရှက်နေတာထင်တယ်ဒီရက်ထဲမျက်နှာမကောင်းဘူး ဘယ်လိုဖြေသိပ့်ပေးရမလဲမသိတော့ဘူး
2026-10-02 08:20:41
1
zimarlwin8
ZiMarLwin :
မပြောပါရစေနဲရှင်
2026-10-02 06:18:40
1
thae.su3418
Ye Ye Pyae🥰🥰🥰 :
မှန်လိုက်တာအမရယ်🥰🥰🥰
2026-10-02 09:55:21
1
zin.mar7134
M H :
ဘ၀ တူ တေ ပါ လား
2026-10-02 12:54:20
1
458suhaint
may phoo aung :
အဲ့စကားတကယ်မှန်တယ်အဖေ ေဖာက်ပြန်သွားကိုယ်7နှစ်အရွယ်ခလေးအခုအသက်၂၈နှစ်အိမ်ထောင်ကျတော့အမျိုးသားကမဖောက်ပြန်သေးတာတောင်သူကိုမယုံရဲဘူးတိုက်ဆိုင်တာမြင်တိုင်းကြောက်မိတယ်အဖေပေးတဲ့ဒဏ်ရာခုထိမကျတ်ပါဘူး
2026-10-02 11:37:57
1
myat71466
Myat :
သူတို့အတွက် အိမ်ကဇနီးက ကျွန်တစ်ယောက်လိုပဲ ကလေးဆိုတော့ ဝေးပေါ့ ဂရုမစိုက်တတ်ဘူး အပေါ်ယံလောက်ပဲ ခံစားရတယ် အမ ကိုယ်ကတော့ ပေးဆပ်ပြီး စွန့်လွှတ်ပြီးချစ်သလောက် သူတို့က အလကားလို့ပဲ သတ်မှတ်တယ်ထင်တယ် တချို့ပါ အကုန်လုံးလို့မဆိုလိုပါ ကိုယ်တွေ့ပါ
2026-10-02 05:58:44
5
su.wai4888
Su wai :
အမှန်ပါပဲ
2026-10-02 06:06:02
1
user671530809
@Hmue.64359? :
နှစ်၂၀ကျော်အိမ်ထောင်သက်နဲ့သားနဲ့သမီးကိုမယားငယ်နဲ့လဲသွားတယ်
2026-10-02 08:28:54
2
at.that4
Shwe Poe Eaindray :
ဘဝတူတွေပါ
2026-10-02 06:56:13
1
www.sunflower.com120
Sunflower :
အမှန်ပါဘဲ
2026-10-02 14:21:47
0
userto433
Aye :
မိန်းမတစ်ယောက်ရဲ့ခံစားချက်ကိုသူတို့သိရင်ကောင်းမယ်
2026-10-02 14:01:49
0
user065571395
🌝🌟🌟K 🍓🍓 :
အရမ်းမှန်တဲ့စာသားပါအခုတော့စွန့်လွှတ်လိုက်ပါပီ
2026-10-02 13:19:27
1
user1161222700991
user1161222700991မိုးမမ :
ဘဝတူတွေပါဗျာ ကိုယ်ဘက်ကဘယ်လောက်ပဲပေးဆပ်ပေးဆပ်ခြန်ခုန်နွားကခုန်ဖို့ပဲကျန်နေတယ်ဗျာကျန်နော်သားနဲ့သမီးလေးကိုအရမ်းအားနာတာပဲသူတို့အတွက်ဗီဇကောင်းတဲ့ဖခင်ကိုမတွေ့ခဲ့ရလို့ပါ😭😭😭💔💔💔
2026-10-02 13:43:00
1
thannu432
thannu123 :
ယောက်ကျားတွေမသိတာခက်တယ်အမရယ်
2026-10-02 06:29:47
1
yu.kay90
'Yu ^-^ Kay' :
ဖောက်ပြန်တဲ့သူတွေကတော့ကိုယ်လွတ်ရုံးပြီးဘဝတစ်ခုမှာသာယာနေပေမယ့်ကလေးတွေနဲ့အမေတွေကျတော့စုမိဆောင်းမိမရှိကြရင်ခုခေတ်ကာလနဲ့ဆိုရင်ချာလည်ပတ်လည်ရမ်းနေကြရောသနားစရာကောင်းတဲ့မိန်းမတွေဘဝ😭
2026-10-02 08:58:51
2
thidar.chan.mya
Amara :
@Amara:အစ်မခံစားချက်နဲ့တထပ်တည်းမို့ဒီစာလေးတွေကိုဖောက်ပြန်သွားတဲ့အဖေတွေဖတ်ပြီးသားသမီးတွေကိုစာနာဖေးမပေးနိုင်ကြပါစေရှင်။
2026-10-02 12:42:44
1
kyikyi1604
kyikyi :
အမှန်ပေါ့
2026-10-02 01:21:46
1
To see more videos from user @beauty.lay5, please go to the Tikwm homepage.

Other Videos


About