@adrift952: တောင်ငူမြို့တွင် မိခင်ဖြစ်သူအား သားဖြစ်သူမှ ဓားမဖြင့် ခုတ်သတ်မှုဖြစ်ပွား ရာမညအသံ အောက်တိုဘာ ၁ ၊ ၂၀၂၆ ။ ယမန်နေ့ စက်တင်ဘာ ၃၀ ရက်နေ့ကတောင်ငူ မြို့ အမှတ် ( ၁၀) ရပ်ကွက် ၊ အုတ်ကျွတ်တန်း ၊ ၁၀ လမ်း ရှိ နေအိမ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ် သည်။ ဓားမဖြစ်ခုတ်ခံရပြီး သေဆုံးသွားသူမှာ ယင်းအိမ်တွင် နေထိုင်သည့် အသက် ၄၉ နှစ်အ ရွယ်ရှိ ရေတာရှည်မြို့ နယ်၊စီမံကိန်း ဦးစီးအ ရာရှိ ဒေါ်ငြိမ်းငြိမ်းစံ ဖြစ်သူဟု ဒေသသတင်း များအရသိရှိရသည်။ ဒေါ်ငြိမ်းငြိမ်းစံကို တစ်အိမ်တည်းအတူ နေသည့် အသက် ၂၂ အရွယ်ရှိ သားအရင်းဖြစ်သူဟန်ထူးအောင်မှ အရိုး ၁၃ လက်မ ၊ အသွား ၉ လက်မ ခန့်ရှိ ဓားမဖြင့် အချက် ပေါင်းများစွာခုတ်ခဲ့ခြင်းဖြစ်သည်ဟု ရဲမှတ်တမ်းကဆိုသည်။ ဓားမဖြင့် ခုတ်ခံရပြီး ဒေါ်ငြိမ်းငြိမ်းစံတွင် ညာလက်ခလယ် ၊ လက်သန်းပြတ်ချဒဏ်ရာ ၊ နှာခေါင်း ပါးစပ် ပြတ်ချဒဏ်ရာ ၊ ဘယ်ဦးခေါင်း ပြတ်ချဒဏ်ရာ ၊ ဘယ်ဘက်လက်ကောက်ဝတ် ပြတ်ချဒဏ်ရာ ၊ ညာလက်ခလယ် ၊ မေးစေ့တို့တွင် ပြတ်ချဒဏ်ရာများ ရရှိသွားပြီး အဆိုပါ ဒဏ်ရာများကြောင့် တောင်ငူ ဆေးရုံကြီးတွင် သေဆုံးသွားခဲ့သည်ဟု ရဲမှတ်တမ်းတွင်ဖော်ပြထားသည်။ မိခင်ဖြစ်သူအား ဓာဖြင့်ခုတ်ခဲ့သည့် ဟန်ထူးအောင်အား တောင်ငူမြို့မ ရဲစခန်းတွင် ရာဇသတ်ကြီး ဥပဒေ ပုဒ်မ- ၃၀၂ ဖြင့် အမှုဖွင့် ကာဖမ်းဆီးထားသည်ဟု သတင်းထုတ်ပြန်ထားသည်။ ဟန်ထူးအောင်သည် မှုးယစ်ဆေးဝါးအလွန် အကျွံသုံးစွဲကာစိတ်မတည်မငြိမ်ဖြစ်ပြီး မိခင်အားဓားမဖြင့်ခုတ်ခဲ့သည်ဟု တောင်ငူမြို့တွင် သတင်းထွက်ပေါ်လျှက်ရှိသော်လည်း သီးခြား အတည်ပြုနိုင်ခြင်းမရှိသေးပါ။ ရာမညအသံ ၁၊၁၀၊၂၀၂၆။
☸️မနာပမေတ္တာ☸️(Official Acc)
Region: MM
Thursday 01 October 2026 13:26:16 GMT
Music
Download
Comments
hnin :
ကိုယ့်အတွေးကတော့ ဆေးရောင်းတဲ့သူကို သေဒဏ်ပေးစေချင်တာ သုံးစွဲသူက တသတ်တကျွန်း🥺 ဘာလွတ်ငြိမ်းချမ်းသာခွင့်မှ မရှိ ဘယ်အသက်အရွယ် မရွေးဆိုပြီး နိုင်ငံသားတိုင်းသိအောင် ထုတ်ပြန်စေချင်တာ🥺🥺
2026-10-01 15:34:26
396
êî wâî (Alice Wai Aung) :
အက်ခလေးကငယ်ငယ်ကအရမ်းလိမ်မာတာကိုယ်တေနဲ့အိမ်ကပ်ရက်နေလာတာ
2026-10-01 16:19:54
86
kokogyichochogyi :
မူးယစ်ဆေးရောင်းဝယ်နေတဲ့သူတွေကိုအမြစ်ပြတ်အောင်မဖမ်းသရွေ့ အဖိုးတန်အသက်တွေ လူ့စွမ်းအားအရင်းအမြစ်တွေဆုံးရှုံးရမှာပါဘဲ
2026-10-01 15:36:09
108
Daw Swe Than :
ဟာ အံ့ဩသွားပီး
အဇာ တသတ် ရွံတာ
2026-10-01 16:48:53
13
Ma Tin Sëin :
မသန်စွမ်းဖြစ်နေတဲ့သူ့ညီမလေးကိုလဲအိမ်ပေါ်ကပစ်ချမလို့လုပ်သေးတယ်တဲ့
2026-10-01 16:47:16
20
Khin Hnin Si :
ကိုယ့်ကိုပြန်သတ်မယ့်သားကို ၂၂အရွယ်ထိတောင်ကျွေးမွေးပြုစုစောင့်ရှောက်ခဲ့မိပါပေါ့လား
2026-10-01 15:44:58
141
INKONIC- Ko Paing :
မဂ်တား ဖိုလ်တား ကံကြီးကိုမှ ကျူးလွန်ရသလား
2026-10-01 16:59:08
5
atommyanmarbroadband :
ကံကြီး ထိုက်သွားပြီ အဇာဒသတ်တောင် ငရဲက မလွတ်လောက်သေးဘူး🥺🥺🥺 သေရင်ငရဲ ဧကန်မလွဲတော့ပြီ ။ ကလေးရယ် …. သနားမိတယ် ကွာ ဘယ်သူမှမကယ်နိုင်တော့ပြီ။
2026-10-01 17:00:57
40
မြတ်သောခင် :
ဒါလည်း လွတ်ငြိမ်းထဲ ပါဦးမှာလား
2026-10-01 15:33:17
8
🐰🐰 :
ချစ်ရင်အလိုမလိုက်ပါနဲ့ ငယ်ငယ်တည်းကဆုံးမသင့်တာ ဆုံးမထားမှ ကြီးလာရင် လမ်းမှားကိုတော်ယုံနဲ့မရောက်တာ အခုက မူးယစ်ဆေးတွေက အဖေ အမေဆိုတဲ့အသိတောင်မရှိတော့ဘူး စိတ်တွေလည်းမကောင်းဘူး
2026-10-01 15:28:31
36
🥀🥀Wai Wai🥀🥀 :
အဝိစီငရဲတောင်မကြောက်ကြပါလားဟအမေကိုသတ်တယ်ဆိုတော့ဒီကောင်သေရင်ငရဲကြီးဖြစ်တဲ့အဝိစီငရဲကိုရောက်မှာအသေချာပဲလူတေများငရဲဆိုတာမခံရသေးတော့မကြောက်ကြဘူးလုပ်ချင်တာလုပ်ကြတာသေမှငရဲကျမှသိကြမှာ
2026-10-01 17:31:02
5
နတ်သမီးမိသားစု :
တရက်ကွတ်ထဲနေခဲ့တဲ့အမစိတ်မကောင်းပါဘူးနောင်ဘ၀ရိှရင်ဒီလိုသားနဲ့လဲွပါစေ
2026-10-01 15:33:39
7
phyu phyu Thein (ဂွန်းလေးမေမေ) :
ကိုးလလွယ်ဆယ်လဖွားထားတဲ့အမေကိုဟယ်
2026-10-01 15:21:12
29
winpapa♏️ :
ဘုရား ဘုရား ကြောက်လိုက်တာ အသက်နဲ့ရင်းပီးမွေးထားတဲ့မိဘကိုလုပ်ရက်လိုက်တာ
2026-10-01 15:42:33
25
လရိပ်ပြာ :
အော်ကံငါးပါးထိုက်တော့မယ်
2026-10-01 15:25:18
21
Tin Zar Lwin :
မူးရစ်ဆေးရောင်းတဲ့လူတွေကိုထိထိရောက်ရောက်အရေးယူရမှာ ဆေးပျယ်ချိန်ရူးမတတ်ခံစားရတော့မယ်
2026-10-01 16:06:02
20
💙💙မိဖုရား🩵🩵 :
အာဇာတသတ် ကိုယ့်ပြန်သတ်မဲ့သူကိုနှစ်၂၀ကျော်နို့တိုက်ကြွေးမွေးလာခဲ့ရတာပါလား
2026-10-01 16:26:57
9
လရိပ်ပြာ :
ခေတ်သစ်အဇာတသတ်
2026-10-01 16:18:56
5
Yu Yu :
လူ့ ဘီလူးခေတ် ရောက်နေပါလား😳
2026-10-01 15:10:42
27
Mar Mar :
သားရယ်အမေကတော့သေသွားပေမဲ့သားလေးအတွက်ပဲပူပန်နေရအုံးမှာပါ😭😭
2026-10-01 15:38:28
13
အမေ့သမီးအငယ်ဆုံး :
အသက်ရှူတွေပါကြပ်တယ်ကွယ်ကြားရမြင်ရသတင်းတွေ
ဝဋ်ကျွေးတွေအမတန်ကြောက်ဖို့ကောင်းပါတယ်
2026-10-01 16:33:43
9
swe :
မိုက်လိုက်တာကွယ်.မူးယစ်ဆေးတွေမသုံးကြပါနဲ့.😥😥😥😥
2026-10-01 16:30:28
6
November :
အသက်၂၂နှစ်တဲ့လူစိတ်ပျောက်နေတဲ့ဆေးသမားတွေအရမ်းပေါလာပြီ ရင်တွေလဲနာရပါတယ်
2026-10-01 15:34:10
12
Phyu Lay :
မူးယစ်ဆေးတွေ ရယ်
မုန်းစရာကောင်းလိုက်တာ
2026-10-01 15:32:38
7
Zin Mar :
သားသမီးကအနီးကပ်ရန်သူဖြစ်စွားတာ
ဘာ့ကြောင့်သတ်သတ်
ငရဲကတော့ပြေးမလွတ်ဘူး
2026-10-01 15:17:31
5
To see more videos from user @adrift952, please go to the Tikwm
homepage.