@bookshelf_by_mk: ရုပ်သေးပွဲသွားရအောင် တဲ့ သီချင်းလေးက မြင်းခြံမြို့ ကန်မြဲရွာက ကိုအေးကျော် ဆိုတဲ့လူက နွားတင်းကုပ်လေးထဲမှာ ခဲတံကလေး တံတွေးလေးစွတ်စွတ်ပြီးရေးခဲ့တာပေါ့။ အင်မတန်လည်း တော်သလို အင်မတန်လည်း ဆင်းရဲရှာသတဲ့။ မြင်းခြံဈေးထဲ ကွမ်းရွက်လေးတွေရောင်းရတယ်။ "တောင်တော်ပုပ္ပား" သီချင်းလည်း ကိုအေးကျော်ရေးခဲ့တယ်။ "နဂါးလိမ်ချော်ဆစ်က စကားဝါတောင်တော်ပန်း ၊ လှမ်းဆွတ်ပါ့မေရယ် ၊ ပန်းခက်ကဝေတယ် ၊ ဘယ်သူပြိုင်လို့လှပါတော့နိုင်" တဲ့။ အဲ့ဒီ ဘယ်သူပြိုင်လို့လှပါတော့နိုင် ဆိုတဲ့စာလုံးရှစ်လုံးကို ဘဘဦးသုခကနေ ငွေငါးရာပေးပြီးဝယ်သတဲ့။ ကိုအေးကျော်က သီချင်းလေးကို ဝတ္ထုပုံစံလေးရေးတယ်။ "ပင်ခေါင်တိုင်သပြေကိုင်းနဲ့ နေမှိုင်းလို့ ရွှေဝိုင်းကဗေထိဆော် တိုးဟေ့ပျော်ပျော် အရှေ့ရွာမှာ စင်တော်ရုပ်သေး နောက်ညတွေမမြင်ရရင် လွမ်းရလိမ့်မလေး" တဲ့။ အညာရွာတွေမှာ ရုပ်သေးပွဲရှိတဲ့အခါ ညနေစောင်းပြီဆို ဆိုင်းဝိုင်းက ဗေထီဗေထီ တီးပြီးအချက်ပေးတော့ မြင်းခြံသူလေးက အမေရယ် သမီးညနေတော့ဖြင့် ရုပ်သေးပွဲသွားပါရစေ ဒီနေ့မှမသွားရရင် နောက်ငါးနှစ် ဆယ်နှစ်မသေချာလို့ သွားကြည့်ပါရစေဆိုတော့ အမေက ဘယ်သူတွေနဲ့သွားမှာလဲလို့ မေးတော့ ရွာကအစ်ကိုတွေနဲ့ပေါ့အမေရယ် သမီးသွားပါရစေလို့ ခွင့်တောင်းတော့ သမီးရယ် ရေလေးတော့ ခပ်ခဲ့ပါဦးဆိုတော့ ရေခပ်တော့ ကြာရင် ကသီတာပေါ့အမေရယ် တဲ့။ ကသီတယ်ဆိုတာ အညာသုံးလေး။ အချိန်မမီဘူးဆိုတဲ့အဓိပ္ပာယ်ပေါ့။ "ရေခပ်ပြန်ကသီလှပေါ့ ၊ ဘီးမှန်းက ဘယ်ဆီနေ ၊ ဒေါင်းတောက်အောင်ဖွေ ၊ စံပယ်ခွေဘယ်သူဖွက်ပေါ့ ၊ စိတ်ပျက်ပေါ့အေ ၊ အိုပြောစမ်းဟဲ့ ယောင်းမရေ ၊ လှောင်စမ်းနဲ့ယောင်းမရေ ၊ ရှာချေဦးမလေ ၊ မောင်ကြီးရေ မောင်ကြီးရေ မောင်ကြီးရေ စောင့်ပါဦးလေ ၊ စံပယ်ခွေပန်လိုက်ဦးမလေ ၊ တဘက်ပြာ ခြုံလိုက်ဦးမလေ" တဲ့။ ရေခပ်ကအပြန် အမေခွင့်ပြုရင်သွားမယ်ဆိုပြီး စံပယ်ပန်းလေးတွေသီပြီး ရေစိုအဝတ်လေးနဲ့အုပ်ထား ၊ ပြန်လာတော့ တစ်ယောက်ယောက်ကများ စနောက်ပြီးဖွက်ထားရင် ဒေါင်းမကြီးသားပျောက်ရှာသလိုရှာရတယ်တဲ့။ ပြောစမ်းပါယောင်းမရေ ၊ မလှောင်ပါနဲ့ယောင်းမရေ ဆိုပြီး လှည်းသမားလည်းလှမ်းတားရသေးတယ်။ မောင်ကြီးရေစောင့်ပါဦး စံပယ်ပန်းကုံးလေးပန်ပြီး မဲနယ်ဆိုးထားတဲ့ တဘက်ပြာလေး ခြုံလိုက်ပါဦးမယ်ဆိုပြီး လှမ်းတားပြီး ရှေးကရုပ်သေးပွဲသွားရဖို့အရေး အညာသူမိန်းမပျိုလေးတွေပြင်ရဆင်ရပုံကို ကန်မြဲကိုအေးကျော်ကနေ ဝတ္ထုပုံစံလေး သီချင်းလေးရေးထားတယ်တဲ့။ - ဆရာနေဝင်းမြင့်၏ ဟောပြောချက်မှ ပြန်လည်ရေးသားပါသည်။ - မင်းခန့် #fyp #bookshelfbyminkhant #နေဝင်းမြင့် #ရုပ်သေးပွဲသွားရအောင် #ကန်မြဲအေးကျော်
Min Khant
Region: MM
Thursday 01 October 2026 14:07:43 GMT
Music
Download
Comments
Myo Thant Zin :
လွမ်းစရာ ဓလေ့တွေပါဗျာ🥺
2026-10-01 18:08:40
0
user863005207 :
🥰🥰🥰
2026-10-01 14:27:33
0
To see more videos from user @bookshelf_by_mk, please go to the Tikwm
homepage.