@guadaibaishi: #墙面施工 #墙面翻新 #刮大白 #装修技巧 #DIYPainting

刮腻子 装修技巧
刮腻子 装修技巧
Open In TikTok:
Region: GB
Thursday 01 October 2026 22:36:49 GMT
167544
562
2
21

Music

Download

Comments

toujoursrespect46
LALYAMAL :
💯💯💯💯💯💯💯💯💯
2026-10-01 23:25:23
0
jaimee27__
jaimee27__ :
😳😳😳
2026-10-02 00:01:53
0
To see more videos from user @guadaibaishi, please go to the Tikwm homepage.

Other Videos

လူတချို့ကို ပြောချင်တာရှိတယ်။ မိန်းကလေးတစ်ယောက်ကို ယုတ်မာစော်ကားပြီးတဲ့အခါ “သူဝတ်ထားတဲ့အဝတ်အစားက မသင့်လျော်လို့ပါ” ဆိုပြီး အကြောင်းပြချက်ရှာတာ တကယ်ကို လက်မခံနိုင်စရာကောင်းတယ်။ ကိုယ်လုပ်ခဲ့တဲ့အရာကို ကိုယ်တိုင်တာဝန်မယူရဲဘဲ နစ်နာသူရဲ့ အဝတ်အစားပေါ် အပြစ်ပုံချလိုက်တာပဲ။ ငါတို့မိန်းကလေးတွေ ဘာဝတ်မလဲဆိုတာ ငါတို့ရဲ့ ကိုယ်ပိုင်ရွေးချယ်ခွင့်ပဲ။ ဘယ်လိုအဝတ်အစားမျိုးဝတ်ထားတယ်ဆိုတာနဲ့ ဘယ်သူ့ကိုမှ ငါတို့ခန္ဓာကိုယ်ကို ထိခွင့်၊ စော်ကားခွင့်၊ အနိုင်ကျင့်ခွင့် ပေးထားတာ မဟုတ်ဘူး။ ရှင်းရှင်းပြောမယ် အဝတ်အစားက consent မဟုတ်ဘူး။ အပြုံးက consent မဟုတ်ဘူး။ စကားပြောတာက consent မဟုတ်ဘူး။ တစ်ယောက်ယောက်ကို သဘောကျစရာကောင်းအောင် နေတာကလည်း consent မဟုတ်ဘူး။ မိန်းကလေးတစ်ယောက် ဘာဝတ်ထားလဲဆိုတာက သူ့ရဲ့အခွင့်အရေး။ သူ့ခန္ဓာကိုယ်ကလည်း သူ့ပိုင်ဆိုင်မှု။ ဘယ်လိုဝတ်ထားတာဖြစ်ဖြစ် ဘယ်သူ့ကိုမှ အဲ့ဒီခန္ဓာကိုယ်ပေါ် အခွင့်အရေးမပေးထားဘူး။ “အဝတ်အစားကြောင့် ဖြစ်တာ” ဆိုတဲ့စကားက ကျူးလွန်သူကို အကြောင်းပြချက်ပေးနေတာပဲ။ ဒါဆို လုံလုံခြုံခြုံဝတ်ထားတဲ့ မိန်းကလေးတွေကိုရော ဘာလို့ အလားတူကျူးလွန်မှုတွေ ဖြစ်နေသေးတာလဲ။ ပြဿနာက အဝတ်အစားမဟုတ်ဘူး။ ပြဿနာက သဘောတူညီချက်မရှိဘဲ တစ်ဖက်လူရဲ့ ခန္ဓာကိုယ်နဲ့ ဘဝကို မိမိစိတ်ကြိုက်လုပ်ပိုင်ခွင့်ရှိတယ်လို့ ထင်တဲ့ စိတ်ဓာတ်ပဲ။ အခုဖြစ်ရပ်မှာလည်း နစ်နာခဲ့တဲ့ ကောင်မလေးကို “သူဘာဝတ်ထားလဲ” ဆိုပြီး ပြန်စစ်ဆေးကြည့်တာထက် “သူ့ကို ဘယ်သူတွေ ဘာလုပ်ခဲ့လဲ” ဆိုတာကိုပဲ အရင်ဆုံးမေးသင့်တယ်။ ပိုပြီး မတရားတာက“အဝတ်အစားကြောင့် ကျူးလွန်မိတာဆိုတော့ သူတို့မှာ အနာဂတ်ရှိသေးတယ်” ဆိုတဲ့စကားမျိုး။ အဲ့ဒီစကားကို ကြားရတာတောင် နစ်နာသူအတွက် ဒုတိယအကြိမ် ထပ်ပြီးနာကျင်စရာ ဖြစ်နိုင်တယ်။ ကျူးလွန်သူတွေရဲ့ အနာဂတ်ကို စိတ်ပူပေးနေကြတဲ့အချိန်မှာ နစ်နာခဲ့တဲ့ မိန်းကလေးရဲ့ အနာဂတ်ကိုရော ဘယ်သူစိတ်ပူပေးမှာလဲ။ သူမရဲ့ စိတ်ဒဏ်ရာတွေ၊ ကြောက်ရွံ့မှုတွေ၊ ယုံကြည်မှုပျောက်ဆုံးမှုတွေ၊ လူတွေရဲ့ အပြစ်တင်စကားတွေကို ဘယ်သူက ပြန်ယူပေးမှာလဲ။ တစ်ခါလောက် ကိုယ့်နေရာကနေ မစဉ်းစားဘဲ သူမနေရာကနေ စဉ်းစားကြည့်ပါ။ အဲ့ဒီကောင်မလေးနေရာမှာ ကိုယ့်သမီးလေးဖြစ်နေရင်? ကိုယ့်ညီမလေးဖြစ်နေရင်? ကိုယ့်တူမလေးဖြစ်နေရင်? ကိုယ့်အချစ်ဆုံးသူငယ်ချင်းလေး ဖြစ်နေရင်? “သူဝတ်ထားတာကြောင့်ပါ” လို့ပဲ ပြောနိုင်ဦးမလား။ မိန်းကလေးတစ်ယောက် နစ်နာသွားတဲ့အခါ သူ့အဝတ်အစားကို စစ်ဆေးပြီး အပြစ်ရှာမယ့်အစား သူမဘက်မှာ ရပ်တည်ပေးပါ။ ကျူးလွန်သူကိုလည်း “လူငယ်လေးပဲ၊ အနာဂတ်ရှိသေးတယ်” ဆိုတဲ့စကားနဲ့ လွယ်လွယ်နဲ့ ခွင့်လွှတ်ပေးဖို့ မကြိုးစားပါနဲ့။ အနာဂတ်ရှိတယ်ဆိုတာ အပြစ်မရှိဘူးလို့ မဆိုလိုဘူး။ ငယ်ရွယ်တယ်ဆိုတာ တာဝန်မယူရဘူးလို့ မဆိုလိုဘူး။ အဝတ်အစားကြောင့် ဖြစ်တယ်ဆိုတာလည်း ကျူးလွန်မှုအတွက် အကြောင်းပြချက် မဟုတ်ဘူး။ ငါတို့တောင်းဆိုတာ ဘယ်သူ့ကိုမှ မတရားဒဏ်ခတ်ဖို့ မဟုတ်ဘူး။ ကျူးလွန်သူက သူလုပ်ခဲ့တဲ့အရာအတွက် တာဝန်ယူရမယ်။ နစ်နာသူကတော့ သူမလုပ်ခဲ့တဲ့အရာအတွက် အပြစ်မခံရဘူး။ ငါတို့မိန်းကလေးတွေက ဘာဝတ်ဝတ်၊ ဘယ်လိုနေဝတ်ဝတ်၊ ဘယ်လိုပုံစံနဲ့နေဝတ်နေဝတ်ငါတို့ခန္ဓာကိုယ်က ငါတို့ပိုင်တယ်။ ငါတို့ရဲ့ “မလုပ်နဲ့” ဆိုတဲ့စကားက မလုပ်နဲ့ပဲ။ သဘောတူညီချက်မရှိရင် မရှိဘူးပဲ။ ဒါကြောင့် ဒီကောင်မလေးတစ်ယောက်တည်းအတွက် မဟုတ်ဘူး။ဒီလို လူစိတ်မရှိတဲ့ လူတွေကို လွယ်
လူတချို့ကို ပြောချင်တာရှိတယ်။ မိန်းကလေးတစ်ယောက်ကို ယုတ်မာစော်ကားပြီးတဲ့အခါ “သူဝတ်ထားတဲ့အဝတ်အစားက မသင့်လျော်လို့ပါ” ဆိုပြီး အကြောင်းပြချက်ရှာတာ တကယ်ကို လက်မခံနိုင်စရာကောင်းတယ်။ ကိုယ်လုပ်ခဲ့တဲ့အရာကို ကိုယ်တိုင်တာဝန်မယူရဲဘဲ နစ်နာသူရဲ့ အဝတ်အစားပေါ် အပြစ်ပုံချလိုက်တာပဲ။ ငါတို့မိန်းကလေးတွေ ဘာဝတ်မလဲဆိုတာ ငါတို့ရဲ့ ကိုယ်ပိုင်ရွေးချယ်ခွင့်ပဲ။ ဘယ်လိုအဝတ်အစားမျိုးဝတ်ထားတယ်ဆိုတာနဲ့ ဘယ်သူ့ကိုမှ ငါတို့ခန္ဓာကိုယ်ကို ထိခွင့်၊ စော်ကားခွင့်၊ အနိုင်ကျင့်ခွင့် ပေးထားတာ မဟုတ်ဘူး။ ရှင်းရှင်းပြောမယ် အဝတ်အစားက consent မဟုတ်ဘူး။ အပြုံးက consent မဟုတ်ဘူး။ စကားပြောတာက consent မဟုတ်ဘူး။ တစ်ယောက်ယောက်ကို သဘောကျစရာကောင်းအောင် နေတာကလည်း consent မဟုတ်ဘူး။ မိန်းကလေးတစ်ယောက် ဘာဝတ်ထားလဲဆိုတာက သူ့ရဲ့အခွင့်အရေး။ သူ့ခန္ဓာကိုယ်ကလည်း သူ့ပိုင်ဆိုင်မှု။ ဘယ်လိုဝတ်ထားတာဖြစ်ဖြစ် ဘယ်သူ့ကိုမှ အဲ့ဒီခန္ဓာကိုယ်ပေါ် အခွင့်အရေးမပေးထားဘူး။ “အဝတ်အစားကြောင့် ဖြစ်တာ” ဆိုတဲ့စကားက ကျူးလွန်သူကို အကြောင်းပြချက်ပေးနေတာပဲ။ ဒါဆို လုံလုံခြုံခြုံဝတ်ထားတဲ့ မိန်းကလေးတွေကိုရော ဘာလို့ အလားတူကျူးလွန်မှုတွေ ဖြစ်နေသေးတာလဲ။ ပြဿနာက အဝတ်အစားမဟုတ်ဘူး။ ပြဿနာက သဘောတူညီချက်မရှိဘဲ တစ်ဖက်လူရဲ့ ခန္ဓာကိုယ်နဲ့ ဘဝကို မိမိစိတ်ကြိုက်လုပ်ပိုင်ခွင့်ရှိတယ်လို့ ထင်တဲ့ စိတ်ဓာတ်ပဲ။ အခုဖြစ်ရပ်မှာလည်း နစ်နာခဲ့တဲ့ ကောင်မလေးကို “သူဘာဝတ်ထားလဲ” ဆိုပြီး ပြန်စစ်ဆေးကြည့်တာထက် “သူ့ကို ဘယ်သူတွေ ဘာလုပ်ခဲ့လဲ” ဆိုတာကိုပဲ အရင်ဆုံးမေးသင့်တယ်။ ပိုပြီး မတရားတာက“အဝတ်အစားကြောင့် ကျူးလွန်မိတာဆိုတော့ သူတို့မှာ အနာဂတ်ရှိသေးတယ်” ဆိုတဲ့စကားမျိုး။ အဲ့ဒီစကားကို ကြားရတာတောင် နစ်နာသူအတွက် ဒုတိယအကြိမ် ထပ်ပြီးနာကျင်စရာ ဖြစ်နိုင်တယ်။ ကျူးလွန်သူတွေရဲ့ အနာဂတ်ကို စိတ်ပူပေးနေကြတဲ့အချိန်မှာ နစ်နာခဲ့တဲ့ မိန်းကလေးရဲ့ အနာဂတ်ကိုရော ဘယ်သူစိတ်ပူပေးမှာလဲ။ သူမရဲ့ စိတ်ဒဏ်ရာတွေ၊ ကြောက်ရွံ့မှုတွေ၊ ယုံကြည်မှုပျောက်ဆုံးမှုတွေ၊ လူတွေရဲ့ အပြစ်တင်စကားတွေကို ဘယ်သူက ပြန်ယူပေးမှာလဲ။ တစ်ခါလောက် ကိုယ့်နေရာကနေ မစဉ်းစားဘဲ သူမနေရာကနေ စဉ်းစားကြည့်ပါ။ အဲ့ဒီကောင်မလေးနေရာမှာ ကိုယ့်သမီးလေးဖြစ်နေရင်? ကိုယ့်ညီမလေးဖြစ်နေရင်? ကိုယ့်တူမလေးဖြစ်နေရင်? ကိုယ့်အချစ်ဆုံးသူငယ်ချင်းလေး ဖြစ်နေရင်? “သူဝတ်ထားတာကြောင့်ပါ” လို့ပဲ ပြောနိုင်ဦးမလား။ မိန်းကလေးတစ်ယောက် နစ်နာသွားတဲ့အခါ သူ့အဝတ်အစားကို စစ်ဆေးပြီး အပြစ်ရှာမယ့်အစား သူမဘက်မှာ ရပ်တည်ပေးပါ။ ကျူးလွန်သူကိုလည်း “လူငယ်လေးပဲ၊ အနာဂတ်ရှိသေးတယ်” ဆိုတဲ့စကားနဲ့ လွယ်လွယ်နဲ့ ခွင့်လွှတ်ပေးဖို့ မကြိုးစားပါနဲ့။ အနာဂတ်ရှိတယ်ဆိုတာ အပြစ်မရှိဘူးလို့ မဆိုလိုဘူး။ ငယ်ရွယ်တယ်ဆိုတာ တာဝန်မယူရဘူးလို့ မဆိုလိုဘူး။ အဝတ်အစားကြောင့် ဖြစ်တယ်ဆိုတာလည်း ကျူးလွန်မှုအတွက် အကြောင်းပြချက် မဟုတ်ဘူး။ ငါတို့တောင်းဆိုတာ ဘယ်သူ့ကိုမှ မတရားဒဏ်ခတ်ဖို့ မဟုတ်ဘူး။ ကျူးလွန်သူက သူလုပ်ခဲ့တဲ့အရာအတွက် တာဝန်ယူရမယ်။ နစ်နာသူကတော့ သူမလုပ်ခဲ့တဲ့အရာအတွက် အပြစ်မခံရဘူး။ ငါတို့မိန်းကလေးတွေက ဘာဝတ်ဝတ်၊ ဘယ်လိုနေဝတ်ဝတ်၊ ဘယ်လိုပုံစံနဲ့နေဝတ်နေဝတ်ငါတို့ခန္ဓာကိုယ်က ငါတို့ပိုင်တယ်။ ငါတို့ရဲ့ “မလုပ်နဲ့” ဆိုတဲ့စကားက မလုပ်နဲ့ပဲ။ သဘောတူညီချက်မရှိရင် မရှိဘူးပဲ။ ဒါကြောင့် ဒီကောင်မလေးတစ်ယောက်တည်းအတွက် မဟုတ်ဘူး။ဒီလို လူစိတ်မရှိတဲ့ လူတွေကို လွယ်"ကြေအေးပေးလိုက်ရင်မနက်ဖြန်မှာ ငါတို့ထဲက တစ်ယောက်ယောက်၊ ငါတို့ရဲ့ ညီမလေး၊ သမီးလေး၊ တူမလေး၊ သူငယ်ချင်းလေးတစ်ယောက် ဖြစ်လာနိုင်လို့ပါ။ လွယ်လွယ် ကျူးလွန်ပီးလွယ်လွယ် ပစ်ဒဏ်ရရင် ဘယ်သူမဆိုလွယ်" ကျူးလွန်ဖို့တွေးကောင်းတွေးနိုင်လာတယ်။ Victim ကို အပြစ်မတင်ကြမယ်။ အဝတ်အစားကို တရားခံမလုပ်ကြမယ်။ ကျူးလွန်သူကို သူ့လုပ်ရပ်အတွက် တာဝန်ယူစေကြမယ်။ မိန်းကလေးတစ်ယောက်ရဲ့ ဘဝနဲ့ စိတ်ဒဏ်ရာကို “အဝတ်အစားကြောင့်ပါ” ဆိုတဲ့ စကားတစ်ခွန်းနဲ့ ဖုံးကွယ်လို့ မရဘူး။သူမရဲ့ အခွင့်အရေး၊ ဂုဏ်သိက္ခာနဲ့ တရားမျှတမှုအတွက် သူမဘက်မှာ ခိုင်ခိုင်မာမာ ရပ်တည်ပေးတာပါ။ ဒီကိစ္စမှာ ငါက သူမဘက်မှာ ရပ်တည်တယ်။ ဘာဝတ်ထားလဲ မမေးဘူး။ ဘယ်သူက ဘာလုပ်ခဲ့လဲပဲ မေးမယ်။ အဝတ်အစားက တရားခံမဟုတ်ဘူး။ ကျူးလွန်သူကပဲ သူ့လုပ်ရပ်အတွက် တာဝန်ယူရမယ်။နောက်ဆုံးတခု ကိုယ်ချင်းစာစိတ်လေးထားနိုင်ကြပါစေ။#crdစာသား #crdphoto #fypシ゚viral🖤tiktok #ခင်ဗျားတို့ပေးမှ❤ရမဲ့လူပါဗျာ #speakout❗❗❗

About