@blackboyy778: လူတွေကို ကြည့်မိတိုင်း... သံဝေဂတစ်ခုတော့ ရမိတယ်။ တချို့က မာနတွေနဲ့ အမြင့်တက်နေကြတယ်။ တချို့က အတ္တတွေနဲ့ မျက်စိပိတ်နေကြတယ်။ ကိုယ့်ထက် နိမ့်တယ်ထင်တဲ့သူကို အထင်သေးတယ်။ ကိုယ့်ထက် အားနည်းတယ်ထင်တဲ့သူကို နှိမ့်ချဆက်ဆံတယ်။ ကိုယ့်မှာ အာဏာရှိလို့... ကိုယ့်မှာ ငွေရှိလို့... ကိုယ့်မှာ ဂုဏ်ရှိလို့... အဲဒီအရာတွေက ထာဝရပိုင်ဆိုင်ခွင့် ရထားသလိုနဲ့ ငါမှငါဆိုတဲ့ စိတ်နဲ့ လူလူချင်း နာကျင်အောင် ပြောဆိုကြတယ်။ ဒါပေမယ့်... အချိန်တန်ရင် ဘယ်သူမှ မကျန်ရစ်နိုင်ပါဘူး။ နောက်ဆုံးမှာတော့ အားလုံးဟာ မြေတစ်ဆုပ်နဲ့ ပြာတစ်ဆုပ်ပါပဲ။ တစ်နေ့မှာ အားလုံးဟာ ထွက်ခွာသွားကြရမယ့် ခရီးသည်တွေပါ။ ဒါပေမဲ့ ငါမှငါဆိုတဲ့အတွေးနဲ့ မာနတွေ ထူပြောနေကြတယ်၊ မနာလိုမှုတွေနဲ့ အချင်းချင်း လောင်ကျွမ်းနေကြတယ်။ သူများအပြစ်ကို ရှာရတာနဲ့ပဲ ဘဝကို ကုန်ဆုံးစေတဲ့အခါ မိမိကိုယ်တိုင်ရဲ့ အမှားနဲ့ အချိန်တွေ ကုန်သွားတာကို မသိလိုက်ကြဘူး။ အခိုက်အတန့်လေး ရထားတဲ့ ဘဝမှာ မုန်းတီးခြင်းတွေနဲ့ အချိန်မဖြုန်းသင့်ပါဘူး။ အားလုံးဟာ သေခြင်းတရားရဲ့ လက်ခုပ်ထဲက ရေစက်လေးတွေပါပဲ။ ကိုယ့်ကိုအပြစ်ပြောနေသူကို သွားပြီး မုန်း စရာ မလိုပါဘူး၊ သူတစ်ပါးကို မနာလိုမယ့်အစား ဝမ်းမြောက်တတ်ပါ။ အမုန်းတွေ သိမ်းထားမယ့်အစား ခွင့်လွှတ်တတ်ပါ။ မာနကို ဖက်တွယ်မယ့်အစား နှိမ့်ချတတ်ပါ။ 🙏နောက်ဆုံး... ဒီလောကကြီးကနေ ပြန်ထွက်သွားတဲ့အချိန်မှာ... ယူသွားလို့ရတာ ငွေကြေးမဟုတ်ဘူး... ဂုဏ်ပုဒ်မဟုတ်ဘူး... ကိုယ်ပြုခဲ့တဲ့ ကံနဲ့ ကုသိုလ်ပဲ ကိုယ့်နောက်ကို လိုက်လာမှာပါ။ ကောင်းခြင်း ဆိုးခြင်းတွေ ဒွန်တွဲနေတဲ့ လောကထဲမှာ အကောင်းမြင်စိတ်ရှိမှ လူဖြစ်ကျိုးလည်းနပ်စေမှာပါ။ #𝐂𝐫𝐞𝐝𝐢𝐭#foryou #fypシ゚viral🖤tikto #ဘဝစာပေ #fyppppppppppppppppppppppp #myanmartiktok🇲🇲🇲🇲
꧁༒☬ 𝐁𝐥𝐚𝐜𝐤☬༒꧂
Region: MY
Friday 02 October 2026 04:23:49 GMT
Music
Download
Comments
🦋🦋𝓟𝓸𝓪𝓷𝓽 𝓛𝓪𝔂🦋🦋 :
မာနလဲမရှိသလို အတ္တလဲမထားပါဘူး တချို့တေကတော့လူလူချင်းတူတာတောင်မတူသလိုမတန်သလိုဆက်ဆံကြတယ်
2026-10-02 12:34:19
12
လမင်း သံဇဉ် :
စာသားလေးကူးခြင်လိုပါ ပြန်တင်ခွင့်ပြုပါရှင့် ဒီစက်ရုံမှာသာပေါင်းတွေများလို့
2026-10-16 11:39:20
1
Oo Oo Zaw :
စာသားလေးcopyယူါရစေ
2026-10-13 07:53:48
2
꧁༺𓆩♡𓆪Ashin La Ka Na𓆩♡𓆪༻꧂ :
ကြိုက်လွန်းလို့ပြန်တင်ခွင့်လေးပေးပါအုံးနော်
🌹🌹🌹🌹❤❤❤❤🌷🌷🌷🌷🌷
2026-10-14 05:01:18
2
𝓓𝓪𝔀 𝓔𝓲 𝓵𝓪𝔂 :
စာသားလေး ပြန်တင်ပရစေရှင့်🥰
2026-10-07 14:06:02
2
ကြေကွဲလူငယ်🥺Ya Ti :
အမှန်လိုက်တာ 🥺🥺🥺
2026-10-02 04:40:32
2
🌹𝕶𝖍𝖎𝖓 𝕿𝖍𝖆𝖓 𝕹𝖜𝖊🌹 :
♥️♥️♥️ပြန်တင်ခွင့်ပြုပါနော်🥰👍
2026-10-11 03:20:28
2
nadi :
အမှန်ပါ
2026-10-11 09:27:39
2
Doll❤ Ma❤ Lay :
ပြန်တင်မယ်နော်[Red heart][Red heart]
2026-10-12 16:49:24
1
RUBY :
အသိတရားရလာပီဝမ်းသာပါတယ်🙏🏻🙏🏻🙏🏻
2026-10-13 09:35:21
1
💜စိန်ပန်းပြာ💜 :
အမှန်ပေါ့❤️❤️
2026-10-02 05:03:39
2
qlyဇေယျာမျိုး :
စာသားလေးတင်ခွင့်ပြုပါရှင်
2026-10-12 14:40:22
1
Myat Noe :
ပို့ပြန်တင့်ခွင့်ပြုပါရှင့်👍👍👍👍
2026-10-11 07:14:51
1
#👪👪👪💞💞💞💞🫰🫰🫰☺️🤗🙇🙇 :
မှန်လိုက်တာရှင်
2026-10-12 13:09:35
1
Baby Lay :
ပြန်တင်မယ်နော်🥰🥰🥰
2026-10-09 04:36:02
1
⛅ မိုး ကောင်း ကင် 🌤️ :
ပြန်တင်ခွင့်ပြုပါနော်😌😌
2026-10-07 16:14:04
2
🌻🌻 Toe Lay ❣️❣️❣️ :
ပြန်တင်ခွင့်ပြုပါနော်🥰👍
2026-10-11 02:26:07
2
😘သဒ္ဒါလေး မေမေ😘 :
စာသားလေးတင်ခွင့်ပြုပါရှင်
2026-10-11 13:57:33
1
Ha Ty :
🥰🥰🥰ရင်ထဲခံစားရတယ်ဗျာ
🥰🥰🥰သကယ်မှန်တဲစာသာလေး
🥰🥰🥰ဗျာ🥰🥰🥰🥰🥰🥰🥰🥰
🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰
2026-10-02 13:13:29
2
❤️Soe Soe❤️🇲🇲🇸🇬 :
စာသားလေးချပေးပါလားရှင်ပြန်တင်ချင်လို့ပါ
2026-10-11 02:26:29
4
Single.Mother :
မှန်လိုက်တာရှင်
ဒါကိုလူတွေကမာနတွေကြီးနေကြတာပါ
2026-10-02 06:38:32
2
🇲🇲Kyaw Soe Khaing🇲🇲 :
မှန်ပါတယ် စာသား copy ယူပါစေ
2026-10-10 05:06:07
2
pann ei :
အဲ့လိုလူတွေကို..ဝေးဝေး ရှောင်တယ်..မဝေးနိုင်သေးလဲ..ရှိတယ်မသတ်မှတ်ဘူး...ကို့ဘာသာအေးဆေးနေတယ်..ဂရုမစိုက်ခြင်းအနုပညာအပြည့်နဲ့
2026-10-15 23:07:16
1
🌷အရိပ်လေး🌷 :
စာသားလေးပြန်တင်ခွင့်ပြုပေးပါနော်
2026-10-12 14:20:50
1
❣️Rîlëy🧸 :
ေြမတစ်ဆုပ်နဲ့ ြပာတစ်ဆုပ်ဆိုတာကို လူတွေကမေ့နေကျ ြပီး ငါမှငါဆိုတဲ့မာနတွေထောင်လွှားနေကျသတဲ့ သေရင်ငါဆိုတာလည်းမရှိ ေတာ့ဘူး ဆိုတာ ကိုမေ့နေကျလေရဲ့ ကိုယ့်အပေါ်ကောင်းခဲ့သူ ေတွကိုလဲ ေကျးဇူးဆက်ဖိ့ုမ ေမ့သိလို ကိုယ့်အပေါ်မကောင်းခဲ့သူတွေကိုလဲ ခွင့်လွှတ်ပါတယ် ပူလောင်ချင်းတွေကိုမဆုပ်ကိုင်ထားချင်ယုံသက်သက်ပါပဲ 😊
2026-10-13 07:16:24
2
To see more videos from user @blackboyy778, please go to the Tikwm
homepage.