@swe.swe.san3: ###ယခုနောက်ပိုင်း ""ဥပေစ္ဆဒကကံ ""တွေနဲ့ သေကြတာတွေ များများလာကြတယ်.. သေသွားပြီဆိုရင်လည်း ကျန်ခဲ့တဲ့သူတွေက အံ့သြဖြစ်ကြတာ တွေ့ရတယ်။ ဟာ မဖြစ်နိုင်ဘူး ဟင် ခုနမှ အကောင်းကြီး ရှိသေးတယ် အခုလေးတင် ငါနဲ့ စကားပြောခဲ့သေးတယ် စသဖြင့် အံ့သြတဲ့သူတွေသာ တွေ့နေရတယ်။ ဓမ္မနဲ့ယှဉ်ပြီး တွေးတာ ပြောတာ သိပ်မတွေ့ရဘူး။ ကဲ ဒီဇာတ်တော်တွေကိုလေ့လာကြည့် လေထဲမှာ ပျံနေတဲ့ ကျီးကန်းကြီး မီးလောင်သေတာ အံ့သြစရာလို့ ထင်ရပေမဲ့ သူလယ်လုပ်တုံးက နွားတစ်ကောင်ကို မီးကွင်းစွပ်ပြီး သတ်ခဲ့တာ သိရရင် အံ့သြစရာ မရှိတော့ပါဘူး။ ပဋာစာရီဟာ မိဘတွေသေ လင်မြွေကိုက် သားရေနစ် စွန်ချီ ခံရတာ ပကတိမျက်လုံးနဲ့ ကြည့်ရင်တော့ အံ့သြစရာပေါ့ ဒါပေမဲ့ သူ့ရဲ့ အတိတ်ဘဝက သူတို့မိသားစုကို ဓါးပြတိုက် လူသတ်ခဲ့တဲ့ သူတွေကို ငါ့မျက်စိရှေ့မှာပဲ အသေဆိုးနဲ့ သေပါစေ ဆိုတဲ့ ဆုတောင်းကို သိရင်တော့ အံ့သြစရာ မရှိတော့ပါဘူး။ ဆိတ်တစ်ကောင်ကို လည်လှီးသတ်ခဲ့လို့ ဆိတ်အမွှေးနဲ့ ညီမျှအောင် လည်လှီး အသတ်ခံခဲ့ရတယ်.. နောက်ဆုံးခံရမဲ့ ဘဝမှ သတ်မဲ့သူက လွှတ်ပေးတာတောင် တောင်ပို့မှာ မြက်စားနေတုံး မိုးကြိုးပစ်လို့ ကျောက်ချပ်ကွာပြီး လည်ပင်းကို ဖြတ်သွားတာသိရတော့ အံ့သြစရာ မရှိတော့ပါဘူး။ ရဟန်းခုနစ်ပါး ဂူထဲမှာ တရားအားထုတ်နေတုံး ဂူပေါက်ကို ကျောက်တုံးကြီးပိတ်သွားတာ ခုနစ်ရက်ကြာခဲ့တာ ထူးဆန်းတယ်လို့ ထင်ရပေမဲ့ အဲဒီ ခုနစ်ယောက်ဟာ နွားကျောင်းသား ဘဝက ဖွတ်ကြီးကို ဂူထဲ ပိတ်ခဲ့တာ ခုနစ်ရက်ကြာလို့ အဲ့ဒီဝဋ်ကြွေး ပေးဆပ်ရတာ ဆိုတာ သိခဲ့ရင် အံ့သြစရာ မရှိတော့ပါဘူး။ သတ္တဝါတိုင်း သံသရာမှာ မလုပ်ဘူးတဲ့ အကုသိုလ် မရှိဘူး လို့ ဗုဒ္ဓကဟောထားတယ်လေ.. ယခုလို သီလ သမာဓိ ပညာ အားနည်းနေတဲ့ အချိန်မှာ ဝင်ရောက်အကျိုးပေးဖို့ စောင့်နေကြတာပါ။ အခု ကမ္ဘာပေါ်မှာရှိတဲ့ လူသားတွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ထောင့်ခြောက်ရာကျော်က ဂိစ္ဇျကုတ်တောင်က တီထွေးကြီးတွေမို့ အားလုံးနီးပါးဟာ ကံတူ အကျိုးပေးတွေပါ။ ငါးရာ့ငါးဆယ်နိပါတ်တော်မှာ ဇာတ်ပေါင်းလို့ရှိရင် ဘုရားရှင်နဲ့ အရှင်သာရိပုတ္တရာ အရှင်မဟာမောဂ္ဂလန် မိထွေးတော်ဂေါတမီ စတဲ့ ပုဂ္ဂိုလ်ကြီးများအားလုံးဟာ ဘုရားရှင်နဲ့ သံသရာမှာ ပတ်သက်ခဲ့ဘူးတာတွေ ချည်းပါပဲ။ နောက်ပြီး သံသရာမှာ တစ်ဦးနဲ့တစ်ဦး ဆွေမျိုးမတော်ဘူးသူ မရှိဘူးဆိုတော့ တစ်ဦးနဲ့တစ်ဦး ပတ်သက်ဘူးတာ အသေအချာပါပဲ။ ဒါ့ကြောင့် အခု တွေ့မြင်နေရတဲ့ ဥပေစ္ဆဒကကံ တွေက ကံတူအကျိုးပေးတွေမို့ ဆုံတိုင်း ဝင်ရောက် အကျိုးပေးတတ်တာပါပဲ။ ကံ ကံရဲ့အကျိုးကို ယုံကြည်ရင် အံ့သြစရာအဖြစ် မမြင်ပဲသံဝေဂရအောင် ယူတတ်ဖို့သာ အရေးကြီးပါကြောင်း သတိပေးချင်ပါတယ်.. ဝမ်းနည်းစိတ်တွေ နေရာမှာ သံဝေဂဉာဏ်နဲ့ ယှဉ်ပြီး ကုသိုလ် ယူနိုင်ကြပါစေ။ ဗုဒ္ဓဘာသာမှာ မတော်တဆ ဆိုတာ မရှိပါဘူး။ ပကတိမျက်လုံးနဲ့ မကြည့်ပဲ ဉာဏ်မျက်လုံးနဲ့ မြင်နိုင်ကြပါစေ။ ကပ်ဘေးကာလမှာ အကုသိုလ် အကျိုးပေးခွင့်မရအောင် တရားအားထုတ်နိုင်ကြပါစေ..။ 🙏 Crd...to original uploader with respect.🙏
swe swe san
Region: MM
Friday 02 October 2026 09:48:37 GMT
Music
Download
Comments
ရွှေရင်အေး(ဗေဒင်လက္ခဏာပညာရှင်) :
ဗုဒ္ဓဘာသာမှာမတော်တဆဆိုတာမရှိဘူး ဆိုတာကိုဗုဒ္ဓဘာသာဝင်တချို့မသိကြတာများနေပါတယ်ဘုရား
မကောင်းမှူဆိုတာဘယ်လောက်သေးသေး တန်ပြန်အကျိုးကခံစားရမှာချည်းပါ
မကောင်းမှူရှောင် ကောင်းမှူဆောင်နိုင်ကြပါစေသားဘုရား🙏🙏🙏
2026-10-03 14:17:49
15
war war khin :
လူတ ယောက် မီးလောင်လို့ သေသွားကြည့် ကံ ကံ၏ အကျိုးလို့ သွားပြောရင် ကိုယ်ချင်းမစာဘူးလို့ ဝိုင်းပြောကြလိမ့်မယ်
2026-10-03 06:53:21
7
တောကကိုရင် :
သာဓုသာဓုသာဓု
2026-10-03 23:58:52
1
H :
ဒါကြောင့်ဆုတောင်းတိုင်း ယ္ခုဘဝမှစ၍နိဗ္ဗာန်မရမီဘဝအဆက်ဆက်တို့၌မည်သည့်ပုဂ္ဂိုလ်သတ္တဝါတဦးတယောက်ကိုမှညှင်းပန်းနှိပ်စပ်သက်ဖျက်သောသူမဖြစ်ရပါလို၏လို့ပဲဆုတောင်းမိတယ်🙏🙏🙏
2026-10-03 05:17:08
7
ထားခဲ့သူ :
အတိတ်ကံကိုကျော်နိုင်တဲ့အရာမရှိတာမို့
အနဲနဲ့အများတော့လာမယ်လေ
ခုခေတ်ကနောက်ဘဝမကူးတဲ့ဝဋ်တွေကိုယ့်ရှေ့မှာမြင်လာရတယ် ကိုယ်လဲဆင်ခြင်ရမယ်ဆိုတဲ့အသိတွေပိုခိုင်မာတယ်
[Pray][Pray][Pray][Pray]ကျေးဇူးပါpostပိုင်ရှင်ရေ
2026-10-03 03:30:28
9
Aung Aung :
သာဓုသာဓုသာဓုပါခင်ဗျာ
2026-10-04 04:25:46
2
user2232787342210 :
မသိနားမလယ်တုံးဆိုဘာမှမဟုတ်ဘူးပေါ့
အခုအားကြီးမဟုတ်တောင်နဲနဲနားလယ်
လာတဲအချိန်သံသရာအဆက်ဆက်ထိဝဋ်ကြွေးကပါနေမလားဆိုပြီးသိတ်ကြောက်ဖို့ကောင်းတာနော်အမ
ကျမဆိုရင်အရင်တုံးဆိုတမျိုးပေါ့
အခုဆိုတရားပေါက်သူမဟုတ်ပေမဲ့
ပြုခဲဘူးသည်ရှိခဲသော်နဲပါးသွားအာစေမပြုခဲခဲဖူးရင်လဲနောက်မပြုမိအောင်သတိထားနေပါတယ်
ကိုယ့်ပါတ်ဝန်းကျင်ကလူတွေကြုံဆုံဖူးတဲလူတွေကို့ကိုမတရားတာပြောတာဆိုတာငွေတွေလိမ်တာကိုသိသိနဲဆပ်စရာရှိလို့နေမယ်ဆိုပြီးဘာမှခံစားပေးမနေတော့ပါ
2026-10-02 10:40:28
11
🅿. 🅾 .🅻 .🅰 .🅶(📖စာတို 📖) :
အရမ်းကောင်းစာသားလေး☺️
2026-10-04 02:49:46
1
user4257571971086 :
ဥပေစ္ဆဒကကံ ထိုက်ပြီးကျွန်တော့်မောင်ငယ်လေးခနလေးနဲ့ သေမင်းက အသေဆိုးနဲ့ခေါ်သွားပါတယ်ဘယ်ဘဝကဝဋ်ကြွေးဆပ်ရတယ်မသိ ဝဋ်ကြွေးအကျေဆပ်သွားပါပြီ ဒီဘဝမှာ သူတော်ကောင်းလေးပရဟိတသမားလေးကူညီချင်စိတ်ပြင်းပျသူလေးပါ လူ့အသက်ကယ်သွေးလှူ ကုသိုလ်မှန်သမျှအကုန်လုပ်တယ် ခုထိမမေ့ဘူး အချိန်တေနောက်ပြန်ဆုတ်လို့ရရင်ဖြင့် ရချင်ပါတယ်အတန်တန်ညအပြင်မထွက်ပါနဲ့မိဘကတားနေရက်နဲ့ခနလေးပါဆိုပြီးထွက်တာ တကယ်ကိုခနလေးပဲ ယူကြုံးမရဘူး အရမ်းလွမ်းတယ် 7လပြည့်ပြီခွဲသွားတာ😭😭
2026-10-03 14:47:28
0
Chit Min Naing :
အဆုံးနားကစာကြောင်းလေးအတိုင်းနေထိုင်
နေပါတယ်ဘုရား
ပေးတဲ့ဆုနဲ့ပြည့်ပါရစေဘုရား
2026-10-04 02:11:30
1
ᴶᵃᵈᵉ💫 :
သူတော်ကောင်း ဥစ္စာ ၇ပါးမှာပါပြီးသားပါ ကံကံ၏အကျိုးဆိုတာ
2026-10-03 17:21:17
1
Ko toe gyi :
သာဓု သာဓု သာဓု
2026-10-03 06:19:51
1
Ohmar Myint :
တင်ပါ့ဘုရား
2026-10-03 16:31:04
1
SPA Coach Institute :
တင်ပါ့ဘုရား ပညာနဲ့အသိဝင်အောင် အထပ်ထပ်အကြိမ်ကြိမ်နှလုံးသွင်း ပါမယ်ဘုရား🙏🙏🙏
2026-10-03 12:48:19
1
Daw Myint Myint San :
ကိုယ်ပြုခဲ့တဲ့ ကုသိုလ်၊အကုသိုလ်ကံတွေက အရိပ်ပမာကပ်လိုက်နေတယ်ဆိုတာ သတိအမြဲရှိနေရမယ်၊သတိအမြဲရှိနေမိပါတယ်
2026-10-02 10:43:56
1
MoeThout :
🙏🙏🙏🙏🙏🙏🙏🙏
မျှဝေခွင့်ပြုပါ🥰
2026-10-03 04:25:33
1
Ohnmarzin :
သာဓု သာဓု သာဓုပါဘုရား
2026-10-03 06:06:24
1
Thazin Pwint :
🙏🙏🙏
2026-10-04 01:39:38
0
Real Young Love :
လုပ်သူအသစ်ဖြစ်သူအဟောင်း
2026-10-03 15:04:24
1
khantwarsoaung2 :
ကျေးဇူးပြု၍ စာသားလေး ချပေးပါလားရှင့် ပြန်လည်မျှတေချင်ပါတယ်ရှင့် တရားအသိလေးတိုးပွားစေသောဘစိတ်နဲ့ပါ 🪷🪷🪷🪷🪷
2026-10-03 16:06:24
0
May Oo* :
ပထမအရွယ်ပညာရှာ။
ဒုတိယအရွယ်ဥစ္စာရှာ
တတိယအရွယ်တရားရှာ
ဘယ်သူသင်ပေးလိုက်တယ်မသိပါဘူး။
ဒုတိယ အရွယ်မှာ တရားမရှိတော့ နိုင်ငံခြားပြန်မထွက်ရတဲ့သူတွေကို ကံကောင်းလာဖို့ တရားလုပ်ပါပြောမိတာ ဝိုင်းဆဲလိုက်ကြတာ။ အူမတောင်မှ သီလစောင့်မယ် ဆိုတဲ့တရားအမှားကိုလည်း ဘယ်သူတွေသင်ပေးလိုက်လည်းမသိပါဘူး။ အဆဲဝါသနာပါတဲ့လူတွေ ပိုဆင်းရဲဦးမယ်။
2026-10-04 08:05:33
0
Daw War War :
သာဓု သာဓု သာဓုပါရှင့်
2026-10-04 06:15:40
1
Tha Zin💕 :
🙏🙏🙏 သာဓုသာဓုသာဓု
2026-10-03 12:45:09
1
.soe.lin.aung :
အသိညဏ်အလင်း
မျှဝေတာ သာဓုသာဓုသာဓု[Heartwarming][Heartwarming][Heartwarming]
2026-10-03 15:10:40
1
kyaw ye(အမရပူရ) :
ကူးယူပြန်တင်ခွင့်ပြုပါ
2026-10-03 07:16:00
0
To see more videos from user @swe.swe.san3, please go to the Tikwm
homepage.