@msub.movie: ဒီဇာတ်လမ်းကတော့ ကမ္ဘာပေါ်မှာ အကြီးကျယ်ဆုံးရတနာဖြစ်တဲ့ ဝမ်းပိစ်ကို ရှာဖွေပြီး ပင်လယ်ဓားပြဘုရင် ဖြစ်လာချင်တဲ့ လက်ဖီဆိုတဲ့ လူငယ်လေးရဲ့ စွန့်စားခန်းကို ရိုက်ကူးပြသထားတာပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအစမှာတော့ လက်ဖီဟာ ဂမ်ဂမ်ဒဲဗယ်သီးကို စားမိပြီးနောက် သူ့ခန္ဓာကိုယ်ကို ရော်ဘာလို ဆန့်နိုင်တဲ့စွမ်းအား ရရှိသွားပါတယ်။ ဒါပေမဲ့ အဲဒီစွမ်းအားရဲ့ ဆိုးကျိုးအနေနဲ့ ပင်လယ်ထဲမှာ ရေမကူးနိုင်တော့ပါဘူး။ အဲဒါတောင် လက်ဖီက သူ့ရဲ့အိပ်မက်ကို လက်မလျှော့ဘဲ ပင်လယ်ထဲကို ထွက်လာခဲ့ပါတယ်။ ခရီးစဉ်အတွင်းမှာ လက်ဖီဟာ ကမ္ဘာ့အတော်ဆုံးဓားသမား ဖြစ်ချင်တဲ့ ဇိုရို၊ ဂရန်းလိုင်းမြေပုံကို ရှာဖွေနေတဲ့ နာမီ၊ သတ္တိရှိတဲ့ စစ်သည်တော် ဖြစ်ချင်တဲ့ အက်ဆော့ပ်နဲ့ အောလ်ဘလူးကို ရှာဖွေချင်တဲ့ စားဖိုမှူး စန်ဂျီတို့ကို အဖွဲ့သားတွေအဖြစ် စုစည်းခဲ့ပါတယ်။ သူတို့ဟာ လူပြက်ဘက်ဂီနဲ့ ရင်ဆိုင်ခဲ့ရသလို ဇိုရိုကလည်း ကမ္ဘာ့အတော်ဆုံး ဓားသမား မီဟော့ခ်ကို စိန်ခေါ်ခဲ့ပါတယ်။ အဲဒီနောက် နာမီရဲ့ အတိတ်နဲ့ လျှို့ဝှက်ချက်တွေကို သိလာကြရပါတယ်။ နာမီဟာ သူ့မွေးရပ်ရွာကို ကယ်တင်ဖို့အတွက် အာလောင်ဆိုတဲ့ ငါးလူသားပင်လယ်ဓားပြရဲ့ လက်အောက်မှာ အလုပ်လုပ်နေရသူ ဖြစ်ပါတယ်။ အာလောင်က သူ့ကတိကို ဖျက်လိုက်တဲ့အခါ နာမီဟာ လက်ဖီ့ဆီကို အကူအညီတောင်းခဲ့ပါတယ်။ ဒါကြောင့် လက်ဖီနဲ့ သူ့အဖွဲ့သားတွေဟာ အာလောင်ပတ်ခ်ကို ဝင်ရောက်တိုက်ခိုက်ပြီး နာမီ့ရွာကို ကယ်တင်ဖို့ ကြိုးစားကြပါတော့တယ်။ ဒါဆို လက်ဖီတို့အဖွဲ့က အာလောင်ကို အနိုင်ယူပြီး နာမီ့မွေးရပ်ရွာကို ကယ်တင်နိုင်မလား။ သူတို့တစ်ယောက်ချင်းစီရဲ့ အိပ်မက်တွေကိုရော အကောင်အထည်ဖော်နိုင်မလားဆိုတာကိုတော့ One Piece ဇာတ်လမ်းတွဲလေးမှာ ဆက်လက်ကြည့်ရှုလိုက်ရအောင်။

M-Sub Movie
M-Sub Movie
Open In TikTok:
Region: MM
Friday 02 October 2026 18:48:17 GMT
422
3
0
0

Music

Download

Comments

There are no more comments for this video.
To see more videos from user @msub.movie, please go to the Tikwm homepage.

Other Videos


About