@tranhoangden: Máy khoan pin ba chức năng #hoangden62 #maxtool #khoanpin #suhuongtiktok #fyp

Hoàng Dẹn 62
Hoàng Dẹn 62
Open In TikTok:
Region: VN
Saturday 03 October 2026 01:41:33 GMT
2713
14
1
1

Music

Download

Comments

hoangchanle
hoangchanle :
Long An ở đâu ra mua cho lẹ
2026-10-17 13:15:29
1
To see more videos from user @tranhoangden, please go to the Tikwm homepage.

Other Videos

တစ်ဖက်လူက လိမ်နေတာကို သိလျက်နဲ့ မသိချင်ယောင်ဆောင် ဖူးလားဗျ... ကျွန်တော်ကတော့ အလိမ်ခံနေရမှန်း သိနေတာတောင် မသိသလိုနေနေရတာပါ... တကယ်တော့ မသိတာမဟုတ်ဘူး သိတယ် အကုန်သိပါတယ်... ဒါပေမဲ့  သူ့ကို မဆုံးရှုံးချင်လို့ မသိချင်ယောင်ဆောင်ခဲ့တယ်... သူပြောတဲ့စကားတွေ အရင်နဲ့  မတူတော့တာကို သိတယ်... အရင်လို မချစ်တော့တာကိုလည်း  ခံစားမိတယ်... ဖုန်းကို ကိုင်တဲ့ပုံစံ အချိန် ပြောင်းလာတာ... အကြောင်းပြချက်တွေ မေးလို့မရအောင် ရှုပ်ထွေးလာတာ... အရင်က ကိုယ့်ကို အချိန်ပေးခဲ့တဲ့သူက အခုတော့ အလုပ်များလို့ ပင်ပန်းလို့ ဆိုတဲ့စကားတွေပဲ ပြောလာတာ… အကုန်သိတယ် ဒါပေမဲ့ ဘာမှ  မမေးခဲ့ဘူး... ဘာလို့လဲဆိုတော့ မေးလိုက်ရင် ကိုယ်ကြောက်နေတဲ့အဖြေကို သူ့ဆီက ကြားရမှာသိလို့လေ... ပေးထားတဲ့ ကတိတွေ... ပေးခဲ့တဲ့ မျှော်လင့်ချက်တွေ... ပြန်ရုတ်သိမ်းချင်လားဆိုတဲ့ မေးခွန်းကို ကိုယ်တိုင်မမေးရဲခဲ့ပါဘူး... သူက မဟုတ်ပါဘူး လို့ ပြောလာရင်လည်း ကိုယ်က ယုံချင်နေသေးတယ်... သူက မင်းထင်တာပါလို့  ပြောလာရင်လည်း ကိုယ်က  အဲ့ဒီစကားကိုပဲ ဆုပ်ကိုင်ထားချင်တယ်... တစ်ခါတလေ လူတစ်ယောက်က ကိုယ့်ကိုလိမ်နေတာကို  မသိတာမဟုတ်ပါဘူး... သိပေမယ့် အမှန်တရားကို လက်မခံနိုင်သေးတာပါ... သူ့ရဲ့အချစ်တွေ ပြောင်းသွားတာကို  သိတယ်... ဒါပေမဲ့ သူပင်ပန်းနေလို့ပါလို့ ကိုယ့်ကိုယ်ကို  ဖြေသိမ့်တယ်... သူ့ရဲ့စိတ်ဝင်စားမှု လျော့သွားတာကို  သိတယ်... ဒါပေမဲ့ လူတိုင်းက အချိန်တိုင်း မတူနိုင်ပါဘူး လို့ ကိုယ့်စိတ်ကို ပြန်နှစ်သိမ့်တယ်... သူ့ရဲ့စကားတွေမှာ အမှားတွေများလာတာကို သိတယ်... ဒါပေမဲ့ ငါပဲ အတွေးများနေတာဖြစ်မှာပါလို့  ကိုယ့်ကိုယ်ကို အပြစ်တင်တယ်... နောက်ဆုံးတော့… သူ့ရဲ့လိမ်ညာမှုကို ဖုံးကွယ်ပေးနေတာ  သူမဟုတ်ပါဘူး... ကိုယ်ကိုယ်တိုင် ဖြစ်နေခဲ့တယ်... သူ့ကို ကာကွယ်ပေးချင်လို့မဟုတ်ဘူး... ကိုယ့်သံယောစဥ် မပျက်သွားအောင်  ကာကွယ်နေခဲ့တာပါ... အဲ့ဒီလိုနဲ့ ကိုယ်ဟာ မသိချင်ယောင်ဆောင်ရင်း တစ်ရက်ပြီးတစ်ရက် ဖြတ်သန်းခဲ့တယ်... သူ့ဆီက စာဝင်လာရင် ပျော်တယ်... ဖုန်းခေါ်လာရင် အားလုံးမေ့တယ်... အချစ်စကားလေးတစ်ခွန်း  ပြောလိုက်ရင် ကိုယ်သိထားတဲ့ အမှန်တရားတွေကိုတောင်  မေ့ချင်သွားတယ်... ဒါပေမဲ့ ညဘက်ရောက်ရင်… ကိုယ်သိတယ်... သူ့အချစ်က အရင်လိုမဟုတ်တော့ဘူး ဆိုတာသိတယ်... ကိုယ့်အတွက် သူ့မှာ  အချိန်မရှိတော့တာကိုလည်း သိတယ်... သူ့ရဲ့စိတ်ထဲမှာ ကိုယ်တစ်ယောက်တည်း မဟုတ်တော့ဘူးဆိုတာကိုလည်း သိနေတယ်... ဒါပေမဲ့ မပြောဘူး... မမေးဘူး... မစစ်ဘူး... မသိချင်ယောင်ပဲ ဆောင်နေခဲ့တယ်... ဘာလို့လဲဆိုတော့ အချစ်တစ်ခုကို ဆုံးရှုံးရတာထက် ကိုယ်သံယောစဥ်ထားတဲ့လူက  ကိုယ့်ကို မချစ်တော့ဘူးဆိုတဲ့ အမှန်တရားကို လက်ခံရတာက  ပိုနာကျင်ရလို့ပါ... ဒါပေမဲ့ အချိန်ကြာလာတဲ့အခါ သူ့ရဲ့လိမ်ညာမှုတွေထက်  ကိုယ့်ကိုယ်ကို အကြိမ်ကြိမ်လိမ်ခဲ့မိတာက ပိုနာလာတယ်... သူက ငါ့ကိုချစ်ပါတယ် ငါ့ကို  မထားခဲ့ပါဘူး လို့ကိုယ့်ကိုယ်ကို ပြောခဲ့တယ်... သူ့မှာ အကြောင်းပြချက်ရှိမှာပါ လို့ ကိုယ့်ကိုယ်ကို အကြိမ်ကြိမ် ဖြေခဲ့တယ်... နောက်ဆုံးမှာတော့ သိလာတယ် တချို့အချစ်တွေကို ဆက်ထိန်းထားဖို့အတွက် ကိုယ့်ကိုယ်ကို အရင်ဆုံး ဆုံးရှုံးရတတ်တယ်... အဲ့ဒီလိုအချစ်မျိုးဆိုရင် ဘယ်လောက်ချစ်ချစ် မထိုက်တန်တော့ဘူး... တစ်ယောက်ယောက်က ကိုယ့်ကို တကယ်ချစ်ရင် ကိုယ့်ကို အမြဲတမ်း သံသယ မဖြစ် စေပါဘူး... ကိုယ့်ကို အမြဲတမ်း စောင့်ကြည့်စေမှာမဟုတ်ဘူး... သူ့စကားမှန်မမှန် စစ်ဆေးနေရအောင်  မလုပ်ဘူး... တကယ်ချစ်တဲ့သူက ကိုယ့်ကို စိတ်လုံခြုံမှု ပေးတယ်... မသေချာမှုတွေ မပေးဘူး... ဒါကြောင့် လိမ်နေတာသိလျက်နဲ့ မသိချင်ယောင်ဆောင်နေမိရင် တစ်နေ့တော့ ကိုယ့်ကိုယ်ကို ပြန်မေးကြည့်ပါ... သူ့ကို မဆုံးရှုံးချင်လို့ ငါ့ကိုယ်ငါ ဘယ်လောက်ထိ ဆုံးရှုံးပေးနေပြီလဲ… အဲ့ဒီမေးခွန်းရဲ့အဖြေက ကိုယ့်အတွက် အရမ်းနာကျင်နေရင် အဲ့ဒီအချစ်ကို ပြန်စဉ်းစားဖို့ အချိန်ရောက်ပါပြီ... သူ့ကိုချစ်တာ မမှားဘူး... သူ့ကို ခွင့်လွှတ်ပေးခဲ့တာလည်း မမှားဘူး... သူ့အပေါ် နားလည်ပေးခဲ့တာလည်း  မမှားဘူး... ဒါပေမဲ့  ကိုယ့်ကိုယ်ကို မတန်တဆ နာကျင်အောင်ထားပြီး ဆက်ချစ်နေမိတာတော့ ကိုယ့်အပေါ် မမျှတတော့ဘူး... တစ်နေ့မှာ သူ့အမှန်တရားကို လက်ခံရလိမ့်မယ်... ယောကျ်ားတန်မဲ့ အဲ့ဒီနေ့မှာ မျက်ရည်ကျနိုင်တယ်... ရင်ကွဲနိုင်တယ်... အရမ်းနာကျင်နိုင်တယ်... ဒါပေမဲ့ နောက်ဆုံးမှာတော့ ကိုယ့် ကိုယ်ကို နားလည်လာမယ်… ငါသူ့ကို ဆုံးရှုံးခဲ့တာမဟုတ်ဘူး... ငါ့ကို မတန်ဖိုးထားတဲ့သူတစ်ယောက်ကို လွှတ်ပေးခဲ့တာပါ… အဲ့ဒီအချိန်ကျရင် မသိချင်ယောင်ဆောင်စရာ မလိုတော့ဘူး... ကိုယ့်ကိုယ်ကို မလိမ်ရတော့ဘူး... မစောင့်ရတော့ဘူး... မသံသယဝင်ရတော့ဘူး... ပြီးတော့… ကိုယ့်ရဲ့နှလုံးသားကို ကိုယ်တိုင် ပြန်ကောက်ယူပြီး သိက္ခာရှိရှိနဲ့ ရှေ့ဆက်လို့ ရပါပြီးလေ... နှစ်သက်ရင် Comment.ရေးခဲ့ပါဦးနော စိတ်ကြိုက် Copy.ယူနိုင်ပါတယ်... Like❤share 👉follow ➕ လုပ်သွားဖို့မမေ့ပါနဲ့နော 🙏🙏🙏 စာစီသူ Nanda Kyaw.နှင့် မူရင်းပိုင်ရှင်အား Crd.ပေးပါတယ် #ဘဝအမောများပြေပါစေ... #ဘဝစာပေ ဗဟုသုတအဖြစ်ပါ #foryoupage... #nanda kyaw...#fypシ゚viral... 🗓 1..11..2026 🗓

About