@htetaung4018: ထမင်းစားရင်းနဲ့ တွေးမိပါရဲ့… မိသားစုတွေ ထမင်းလက်စုံမစားရတာ ဘယ်လောက်တောင် ကြာနေပြီလဲဆိုတာကိုပေါ့။ တွေးရင်းနဲ့ အတိတ်က မိသားစုတွေ ထမင်းလက်စုံစားခဲ့တဲ့ အချိန်တွေကို အရမ်းလွမ်းမိတယ်။ အရင်တုန်းကတော့ ထမင်းဝိုင်းလေးမှာ မိသားစုတွေ စုံစုံလင်လင်နဲ့ တစ်ယောက်တစ်ခွန်း စကားတွေပြောရင်း ရယ်မောစားသောက်ခဲ့ကြတာလေ။ အဲဒီအချိန်တုန်းက သာမန်နေ့ရက်လေးတွေလို့ပဲ ထင်ခဲ့မိပေမယ့် အခုလို အဝေးရောက်နေချိန်မှာတော့ ဘယ်လောက်တောင် တန်ဖိုးရှိခဲ့မှန်း ပိုပြီး နားလည်လာရတယ်။ အခုတော့ ကိုယ်စားချင်တဲ့အချိန်မှာ ကိုယ်တစ်ယောက်တည်း စားရတယ်။ စားပွဲပေါ်မှာ ဟင်းတွေ ဘယ်လောက်စုံစုံ ဘေးမှာ မိသားစုမရှိရင် စားရတဲ့ထမင်းကလည်း အရသာတစ်မျိုးပဲ။ တစ်ခါတလေ ထမင်းစားရင်းနဲ့ အမေ့အသံလေးတွေ၊ အဖေ့စကားသံတွေ၊ မောင်နှမတွေရဲ့ စနောက်သံလေးတွေကို နားထဲမှာ ပြန်ကြားယောင်မိတယ်။ အဲဒီအချိန်တွေကို ပြန်ရချင်ပေမယ့် အချိန်ဆိုတာ နောက်ပြန်လှည့်လို့မရတော့ဘူးလေ။ #စာတို #fpyシ #foryoupage #မူရင်းကိုcrdပေးပါတယ်နော် #htetaung4018

🅗︎🅣︎🅔︎🅣︎ 🅐︎🅤︎🅝︎🅖︎
🅗︎🅣︎🅔︎🅣︎ 🅐︎🅤︎🅝︎🅖︎
Open In TikTok:
Region: MY
Saturday 03 October 2026 02:03:14 GMT
196593
15955
291
1161

Music

Download

Comments

htetaung4018
🅗︎🅣︎🅔︎🅣︎ 🅐︎🅤︎🅝︎🅖︎ :
ထမင်းစားရင်းနဲ့ တွေးမိပါရဲ့… မိသားစုတွေ ထမင်းလက်စုံမစားရတာ ဘယ်လောက်တောင် ကြာနေပြီလဲဆိုတာကိုပေါ့။ တွေးရင်းနဲ့ အတိတ်က မိသားစုတွေ ထမင်းလက်စုံစားခဲ့တဲ့ အချိန်တွေကို အရမ်းလွမ်းမိတယ်။ အရင်တုန်းကတော့ ထမင်းဝိုင်းလေးမှာ မိသားစုတွေ စုံစုံလင်လင်နဲ့ တစ်ယောက်တစ်ခွန်း စကားတွေပြောရင်း ရယ်မောစားသောက်ခဲ့ကြတာလေ။ အဲဒီအချိန်တုန်းက သာမန်နေ့ရက်လေးတွေလို့ပဲ ထင်ခဲ့မိပေမယ့် အခုလို အဝေးရောက်နေချိန်မှာတော့ ဘယ်လောက်တောင် တန်ဖိုးရှိခဲ့မှန်း ပိုပြီး နားလည်လာရတယ်။ အခုတော့ ကိုယ်စားချင်တဲ့အချိန်မှာ ကိုယ်တစ်ယောက်တည်း စားရတယ်။ စားပွဲပေါ်မှာ ဟင်းတွေ ဘယ်လောက်စုံစုံ ဘေးမှာ မိသားစုမရှိရင် စားရတဲ့ထမင်းကလည်း အရသာတစ်မျိုးပဲ။ တစ်ခါတလေ ထမင်းစားရင်းနဲ့ အမေ့အသံလေးတွေ၊ အဖေ့စကားသံတွေ၊ မောင်နှမတွေရဲ့ စနောက်သံလေးတွေကို နားထဲမှာ ပြန်ကြားယောင်မိတယ်။ အဲဒီအချိန်တွေကို ပြန်ရချင်ပေမယ့် အချိန်ဆိုတာ နောက်ပြန်လှည့်လို့မရတော့ဘူးလေ။
2026-10-03 02:03:44
22
mu.mu.ko1
Mu Mu Ko :
ပြန်မရနိုင်တော့ပါဘူး လူမစုံတော့ဘူးလေ😭😭
2026-10-04 04:25:24
3
call_me_may73
May :
မသေးခင်လေးမိသားစုစုံစုံလေးနဲ့တခါလောက်ထမင်းလက်ဆုံစားခွင့်ရပါစေရှင်😭😭😭😭😭😭
2026-10-05 12:43:38
1
meelay18562
meelay :
😢😢အရင်တုန်းကတော့အဖေရယ်အမတွေရယ်အလုပ်ကအပြန်အမေနဲ့စောင့်ပီးထမင်းလက်စုံစားရတယ်အခုတော့အလုပ်ကအပြန်စောင့်ရတယ့်အဖေရယ်အဖေပြန်အလာစောင့်ပီးထမင်းစားမဲ့အမေရယ်မရှိတော့ဘူး😢😢😢
2026-10-04 11:16:09
1
user603977536
Su Lay :
ပြန်တင်လိုက်ပြိနော်အကို[စိတ်ကြည်နူးမိ][စိတ်ကြည်နူးမိ][စိတ်ကြည်နူးမိ]
2026-10-05 02:27:13
2
khin.hnaung227
Khin Hnaung :
ကော်ပီယူခွင့်ပြုပါ နော်😘
2026-10-07 09:26:07
1
la.win.lay028
ဒေါ်သဲငယ်💔💔 :
ဘယ်တော့မှပြန်မဆုံနိုင်တဲ့ထမင်းဝိုင်းလေးကိုလွမ်းမိတယ်အဖေနဲ့အမေ🥺🥺🥺
2026-10-03 06:18:55
3
ko.phyu651
Khin Htay win :
အရင်လိုမိသားစုစုံစုံညီညီနဲ့ထမင်းလက်စုံစားရပါအုံးမလား😔
2026-11-04 07:26:36
1
ma.phyu5519
ma phyu :
ငယ်ဘဝကိုပြန်ရရင်လိုချင်တယ်အဖေအမေကိုလဲပြန်ရရင်လိုချင်တယ်အရင်တချိန်ကမိသားစုဘဝလေးပြန်လိုချင်တယ်တွေးမိတိုင်းငိုရတယ်ဒါပေမဲ့မဖြစ်နိူင်တော့ဘူးလေ😭😭😭
2026-10-03 05:49:07
2
thin.thin.myat057
Thin Thin Myat :
တနေ့နေ့ပေါ့စိတ်မလျှော့နဲ့အားတင်းထား
2026-10-03 06:21:13
2
nantmaythinzaroo1
Nant May Thin Zar Oo :
ဟုတ်တယ်သတိရမိတယ်
2026-10-26 09:19:22
1
nyi.kha05
ဝန်းရံခ (Loikaw) :
ဟုပ်တယ်ဗျာ။ 😭😭😭😭😭
2026-10-03 03:02:33
2
user9175615071090
ချယ်ရီ :
မီသားစုထမင်းဝိုင်းလေးကိုသွားပီမြင်ရောင်မီတယ်ဗျာခုတော့အဖေမရှီတော့???????????????
2026-10-08 13:37:11
1
twel...tar...noe339
l...belong..to..myowner💓⚡ :
အရင်ချိန်ကမိသာစုထမင်ဝိုင်လေကိုပြန်လိုချင်မိတယ်ဗျာ😌😌😌🥺🥺🥺
2026-10-08 03:46:31
1
niniwin45678
🌅🌅🌅 :
ပြန်တင်မယ်နော်အကိုကေ☺️
2026-10-03 08:41:12
1
lunlunm3
Lun lun :
ပြန်တင်မယ်နော်
2026-10-03 06:54:05
1
phyu2900
PhyuPhyu :
လွမ်းတယ်
2026-10-03 09:51:45
1
htetaung4018
🅗︎🅣︎🅔︎🅣︎ 🅐︎🅤︎🅝︎🅖︎ :
2026-10-03 02:03:32
4
nandaroo690
Rad Gal 🤪🤪 :
အရင်အချိန်တွေ အရမ်းသတိရတယ် အဖေ.. နောင်ဘဝတွေသာရှိခဲ့ရင် ဒီမိသားစုလေးနဲ့ ပြန်ဆုံချင်တယ်အဖေ.. အဲ့အခါကြရင် အဖေနဲ့ အမေ ရယ် မောင်လေးတွေရယ် သမီးတို့ မိသားစု ဥမကွဲသိုက်မပျက်နဲ့ အတူနေချင်တယ် အဖေလည်း ဒီဘဝမှာလို လောကကြီးက နေအစောကြီး မထွက်ခွာသွားပါနော်...အဖေသမီးကြီးလို့လည်း ခေါ်တဲ့အသံတွေ အရမ်းလွမ်းလို့ပါ အဖေ🥺🥺
2026-10-05 03:24:50
1
warwarhlaing341
w&w :
😢😢အခုတော့သွားနေပီ ကားပေါ်မှာ နေ့လည်လောက်ဆို မိသားစုဆုံညီစွာ စားရတော့မှာမို့ ပျော်မိပါတယ် ၄/၅ရက်လောက်တော့နေလို့ရအုံးမယ်မိသားစုအားလုံးနဲ့🥰🥰🥰🥰
2026-10-04 03:45:19
1
shwe.poe551
🌻Ah Win🌻🇲🇲$🇸🇬🌻🍀👻👻🍀 :
လွန်ခဲ့သော၁၂နှစ်ထဲကအခုထိဘဲ😔😔
2026-10-07 08:07:24
1
sai.sai.sai9190
သုခမာလာ :
ထပ်တူပါကွယ်
2026-10-03 05:49:39
1
sumyatpaing94
Thae Thae :
[Teary eyed][Teary eyed][Teary eyed][Teary eyed][Teary eyed]
2026-10-03 06:46:56
1
user7413108828522
🌹နှင်းဆီ🌹 :
ဟုပ်တယ်အရမ်းလွမ်းပါတယ်အတိတ်ကမိသားစုလေးပြန်ရချင်တယ်🥺🥺🥺
2026-10-03 12:22:55
1
soe.lay6580
soe lay :
ကိုယ်တွေဆိုအဲလိုဘဝမျ်ုးမရရှိခဲ့တော့တာဆယ်စုနှစ်ကျော်နေပါပီ😭😭😭
2026-10-03 08:38:57
1
To see more videos from user @htetaung4018, please go to the Tikwm homepage.

Other Videos


About