@dawwinwinthant4: ဝေဒနာ ပြင်းထန်သောအခါ တရား ရှုမှတ်နည်း "ကံ၊ စိတ်၊ ဥတု၊ အာဟာရ"- အကြောင်းများကြောင့် "မဟာဘုတ်များ"ဖောက်ပြန်ကာ "ပြင်းထန်သော ဝေဒနာ"များ ပေါ်ပေါက်လာရခြင်းဖြစ်သည်။ "ဝေဒနာ"သည်- -ပုဂ္ဂိုလ်၊ သတ္တဝါ၊ ယောကျာ်း၊ မိန်းမ၊ အသား၊ အရေ၊ အကြော၊ အရိုး၊ သွေးလေ၊ သလိပ်၊ သည်းခြေ"- စသည် မဟုတ်။ "ဓာတ်လေးပါး တို့၏ အထူးဖောက်ပြန်မှုပင်တည်း"-ဟု ယုံယုံကြည်ကြည် သဘောထားပြီးလျှင်, "စိတ်"ကို"တစ်နေရာရာ"၌ထား၍ (ရင်၀ မှာထားနိုင်လျှင်သာ၍ကောင်းသည်) ရှုရမည်။ တစ်ကိုယ်လုံး ၌ရှိသော "ဝေဒနာ"တွေကို အလိုလိုသိလာလိမ့်မည်။ "ဝေဒနာ"တစ်ခုထဲကို ကြည့်လျှင် "ပို၍မခံနိုင်အောင်"ဖြစ်လာတတ်သည်။ "ဝေဒနာ"သည်, -"ခြေ"က နာသည်၊ -"ခေါင်း"က နာသည်-စသည်တို့ ဖြင့် - "ပညတ်"တို့ဖြင့်တွဲ၍ ကြည့်နေလျှင်-သာ၍ဆိုးသည်။ "ပညတ်အာရုံ"ကို ဂရုမစိုက်နှင့်။ "တစ်ကိုယ်လုံး၌ရှိသော ဝေဒနာ"တို့ကိုသာ ခြုံ၍ "သိအောင်"ကြည့်ရမည်။ နာကျင်ခံခက်သော "ဒုက္ခဒဏ်ချက်"ကို ဂရုမစိုက်ပဲ- "ဒုက္ခ"ထဲမှ "သေးငယ်မှုန်မွှားသော ဝေဒနာသဘောလေး"တွေ, -ဖြစ်ပေါ်လိုက် -ပျောက်ပျက်လိုက်နှင့်နေသည့် "ဝေဒနာ၏ အနိစ္စအချက်"တို့ကိုသာ ထင်ရှားအောင် ဂရုစိုက်၍ ရှုပါ။ ဤသို့ "ဝေဒနာဖြစ်/ပျက်"တွေကို "အထပ်ထပ် အခါခါ ရှုမြင်ပွားများ"နေတာကို "ဝေဒနာနုပဿနာ"ဟူ၍ခေါ်သည်။ "ရှုဖန်များ"လျှင်- "ဝေဒနာ-တွေဖြစ်သင့်သလို ဖြစ်ပျက်နေတာ"-ကို သေသေချာချာ သိလာလိမ့်မည်။ ကြာလျှင်"သမာဓိ"အား ကောင်းလာပြီး "ကိုယ်ကာယကြီး"ကိုတောင် -မသိတစ်ချက် -သိတစ်ချက်နှင့် "ဝေဒနာ"တို့ ကိုသာလျှင် သိလျှက်, "စိတ်"သည်တည်၍နေလိမ့်မည်။ -"စိတ်"တည်၍ "သမာဓိ"ကောင်းလေ, -"ဝေဒနာ"တွေကို သာပို၍ထင်ရှားစွာ သိမြင်ရလေ, ဖြစ်လာလိမ့်မည်။ ထိုအခါ- "ပညတ်အာရုံ"တည်းဟူသော- "ကိုယ် လက် အင်္ဂါကြီးငယ်"တို့ကို ရှိမှန်းတောင် မသိတော့ပဲ- -"အနိမိတ္တ"၊ -"အပ္ပဏိဟိတ"၊ -"သုညတ သမာဓိ"နှင့်"ဝိဟာရ"မျိုးဖြစ်လျှက်- "ပရမတ်အာရုံ"ဖြစ်သော "ဝေဒနာ"တို့ ကိုသာလျှင် သိလျက် နေတော့သည်။ "ဝေဒနာနုပဿနာ,ဘာ၀နာမယဥာဏ် "- ဟုခေါ်သည်။ ( "အနိမိတ္တ"= ပုံသဏ္ဍာန်နိမိတ်၊ နိစ္စနိမိတ် ကင်းစင်၊ "အပ္ပဏိဟိတ"=သာယာတောင့်တသော တဏှာပဏီဓိ ကင်းစင်၊ "သုညတ"=ဘာမှမရှိ သုညချည်းသာ ဟု "အတ္တဒိဋ္ဌိ" ကင်းစင်) ဤကဲ့သို့"ဘာ၀နာမယဥာဏ်"ဖြင့် ရှုမြင်နေရင်း "သမာဓိ"အရှိန်ပြေလာလျှင် "ကိုယ်အင်္ဂါ"-စသည်တို့ကို တွေ့မြင်သိရှိ၍ လာပြန်၏။ သို့ပေမယ့်- "ဝေဒနာ"ကိုမူ နှလုံးသွင်းမပျက်စေနှင့်။ "ဆေးဝါးဓာတ်စာ"တို့ကိုလည်း စားသင့်သမျှစားပြီးလျှင် "ဝေဒနာ"ကိုသာ ဆက်၍ရှု ။ မကြာမီ- -"ဘာ၀နာမယဥာဏ်", -"အပ္ပဏိဟိတ သမာဓိ"-တို့သို့ ရောက်သွားပြန်သည်။ အကြောင်းပြည့်စုံလျှင်, "မဂ်,ဖိုလ်"ကိုတောင် ရသွားတတ်သည်။ "မဂ်,ဖိုလ်"တစ်ကြိမ်ရပြီးသူ ဖြစ်လျှင်မူကား အချိန် ကို ကြာချင်သလောက် အဓိဋ္ဌာန် ၍ "ဝေဒနာ"ကိုရှု။ ရှုရင်း, ရှုရင်း "ဖိုလ်စိတ်,ဖိုလ်ဇော"တွေကျလျှက် "နိဗ္ဗာန်"ကို မျက်မှောက်ပြုမိလျက်သား ဖြစ်သွားတတ်သည်။ ၎င်းနောက် ထိုက်သည့်အားလျော်စွာ ကြာပြန်သောအခါ "သတိ"ပြန်၍ရလာတတ်သည်။ "သတိ"ရလျှင် "အဓိဋ္ဌာန်"ပြီး "ဝေဒနာ"ကို ထပ်၍ရှု ။ မကြာမီ"ဒုက္ခ"ငြိမ်းသွားတတ်သည်။ "ဝေဒနာ"ကိုရှုတတ်သော "လူမမာ"သည် "ပြင်းထန်စွာခံစား"နေရသော်လည်း "သာမည-လောက်သာ"ဟုထင်တတ်သည်။ "လူနာစောင့်များ"ကသာ "ဝေဒနာပြင်း"မှန်းသိကြသည်။ "ဘူတရုပ်-ကိုအားထုတ်သော"လူနာ"- ငြိမ်ငြိမ်ဆိမ်ဆိမ် နေလျှင်- "တစ်စုံတစ်ရာ မေးမြန်းပြောဆိုခြင်းမပြုအပ်"ကြပေ။ "သေမည်"ဆိုလျှင်လည်း- -လားရာ "သုဂတိ"(နတ်ပြည်၊ဘုံဗိမာန် )စသည် ကို မြင်ရ၍ မျက်နှာ၌ ကြည်လင်ရွှင်ပြလျှက်ဖြစ်နေတတ်သည်။ အချို့မှာ- သူမြင်သလို အချိန်ရက- ပြောပြပြီးမှ သေတတ်သည်။ ကျေးဇူးတော်ရှင် လယ်တီ ဆရာတော်ဘုရားကြီး 🙏🙏🙏 #fouryou #♥️fpyツtiktok♥ #အားပေးမှုကိုအထူးကျေးဇူးတင်ပါတယ်♥
🐘🌺မြောက်ပိုင်းသူ🌺🐘
Region: MM
Saturday 03 October 2026 06:25:42 GMT
Music
Download
Comments
T T L :
သာဓု သာဓု သာဓု ပါအရှင်မြတ်ဘုရား။
ယခုလိုတင်ပေးသည့်အကောင့်ပိုင်ရှင်ကျန်းမာချမ်းသာ၍သံသရာတွင်ဘဝတိုတိုဖြင့်နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင် ပါစေခင်ဗျာ။
2026-10-04 16:41:46
1
ShwePhone :
သာဓု သာဓု သာဓု ကောင်းမြတ်လှပါ၏ဘုရား
2026-10-03 11:20:40
1
Htike Htike Tun :
[Sticker] [Pray]
2026-10-03 23:36:30
1
Min aun Min aug :
သာဓု သာဓု သာဓု
2026-10-04 04:38:34
1
ကိုပြေ :
မဂ်လာပါ
2026-10-03 15:17:52
1
San po po :
သာဓုသာဓုသာဓုပါ
2026-10-04 10:39:30
1
maung maung :
🙏🙏🙏
2026-10-03 18:30:00
1
HSu Htoo Pan :
သိမ်းထားပါဦးမယ်နော
2026-10-03 11:01:48
1
khintun :
🙏
2026-10-04 06:56:44
1
ဒေါ် သန်း :
🙏🙏🙏
2026-10-03 14:50:18
1
izzrty4 :
🙏🙏
2026-10-03 07:07:23
1
🔁🗯🔻💬𝑲𝒐𝑳𝒊𝒏💬🔺🗯🔄💬 :
2026-10-07 12:54:52
0
Win Mg :
2026-10-03 07:53:18
2
U Kyaw :
❤❤❤
2026-10-13 08:50:13
1
Daw Nang San Oo :
🙏🙏🙏
2026-10-04 16:39:04
1
Daw Khin Thein Yee :
🙏🙏🙏🙏🙏🙏🙏🙏🙏🙏
2026-10-04 12:38:47
1
su. su :
🙏🙏🙏
2026-10-04 11:36:42
1
ငယ်လေးကိုကို :
🙏🙏🙏
2026-10-03 11:15:32
1
ko Aung :
🙏🙏🙏
2026-10-04 03:29:09
1
မောင်တော်💚 :
🙏🙏🙏
2026-10-03 14:54:03
1
🌼maharpuritha✍️ :
🙏🙏🙏🙏🙏
2026-10-03 15:09:38
1
ဦးဝင်းကို :
❤️❤️❤️
2026-10-03 17:02:02
1
U Aung Tike Soe :
🙏🙏🙏
2026-10-03 16:33:20
1
Zann. :
🥰🥰🥰
2026-10-03 14:26:51
1
@#$%! :
[Pray][Pray][Pray]
2026-10-03 07:40:16
1
To see more videos from user @dawwinwinthant4, please go to the Tikwm
homepage.