@ubh449: "ဆားရည်နဲ့ ပလုတ်ကျင်းရုံနဲ့ မထင်မှတ်ထားတဲ့ အကျိုးကျေးဇူး (၅) မျိုး" ​ဆားရည်နဲ့ ပလုတ်ကျင်းတာဟာ ရှေးယခင်တည်းက သုံးစွဲလာကြတဲ့ ရိုးရှင်းပြီး ထိရောက်မှုရှိတဲ့ ကျန်းမာရေး ဆေးမြီးတို နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ နေ့စဉ် ဆားနွေးရည်နဲ့ ပလုတ်ကျင်းပေးခြင်းဖြင့် ရရှိနိုင်တဲ့ အံ့မခန်း အကျိုးကျေးဇူး (၅) မျိုးကတော့ - ​၁။ လည်ချောင်းနာခြင်းနှင့် အအေးမိခြင်းကို သက်သာစေခြင်း ဆားရည်ဟာ လည်ချောင်းထဲမှာရှိတဲ့ ဗိုင်းရပ်စ်နဲ့ ဘက်တီးရီးယားတွေကို လျှော့ချပေးပြီး ရောင်ရမ်းမှုကို လျင်မြန်စွာ သက်သာစေပါတယ်။ ​၂။ သွားဖုံးရောင်ခြင်းနှင့် ပါးစပ်အနာများကို ပျောက်ကင်းစေခြင်း ပါးစပ်တွင်း အနာများ၊ သွားဖုံးသွေးယိုခြင်းနှင့် သွားဖုံးရောင်ခြင်းတို့ကို သဘာဝအတိုင်း ပိုးသ-တ်ပေးပြီး အနာကျက် မြန်စေပါတယ်။ ​၃။ ပါးစပ်အနံ့ဆိုးထွက်ခြင်းကို သက်သာစေခြင်း ပါးစပ်အတွင်း အနံ့ဆိုးဖြစ်စေတဲ့ ဘက်တီးရီးယားများကို ဖယ်ရှားပေးပြီး ခံတွင်းကို သန့်ရှင်းလန်းဆန်းသွားစေပါတယ်။ ​၄။ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါများကို ကာကွယ်ပေးခြင်း အအေးမိ၊ တုပ်ကွေးနှင့် နှာစေးခြင်းတို့ကို ဖြစ်ပွားစေသည့် ပိုးမွှားများကို လည်ချောင်းအတွင်းမှ ဆေးကြောစွန့်ထုတ်ပေးပါတယ်။ ​၅။ ခံတွင်း PH ပမာဏကို ညီမျှစေခြင်း ပါးစပ်အတွင်းရှိ အက်ဆစ်ဓာတ်ကို လျှော့ချပေးပြီး သွားကြောပေါ.က်ခြင်းနှင့် သွားကို မပျက်စီးအောင် ကာကွယ်ပေးပါတယ်။ ​ဆားရည်ပြုလုပ်နည်း 🥛 ​ရေနွေးနွေးတစ်ဖန်ခွက် (၂၅၀ မီလီလီတာ) ထဲသို့ အိမ်သုံးဆား လက်ဖက်ရည်ဇွန်း တစ်ဝက် (သို့) တစ်ဇွန်း ထည့်၍ ပျော်ဝင်အောင် မွှေပါ။ ​တစ်ခါ ပလုတ်ကျင်းလျှင် စက္ကန့် ၃၀ ခန့် ငုံထားပြီးမှ ထွေးထုတ်ပါ။ (တစ်နေ့လျှင် ၂ ကြိမ်မှ ၃ ကြိမ်အထိ ပြုလုပ်နိုင်ပါတယ်) #healthtalk #ကျန်းမာရေး

UBH
UBH
Open In TikTok:
Region: MM
Saturday 03 October 2026 11:32:16 GMT
6335
81
0
16

Music

Download

Comments

There are no more comments for this video.
To see more videos from user @ubh449, please go to the Tikwm homepage.

Other Videos


About