@user710487501: တောင်းပန် မရသည့် ကံကြီး မထိုက်ပါစေနဲ့ ********************* ဖတ်ကြည့်နော်… လောကကြီးမှာ… လူတွေဟာ အလွန် ကြောက်စရာကောင်းလှတယ်။ မိဘကို မိဘမှန်း မသိ၊ ဆရာသမားကို ဆရာသမားမှန်း မသိ၊ ကျေးဇူးရှင်ကို ကျေးဇူးရှင်မှန်း မသိ၊ ဘေးပတ်ဝန်းကျင်က မြှောက်ပေးလိုက်တာနဲ့ စော်ကားမော်ကားတွေ ပြုပြီး အရိပ်ခိုပြီး အကိုင်းကို ဖျက်စီးကြပါတယ်။ အပါယ်ရွာသို့ ရောက်သွားမည့်အရေး သူတို့ မတွေးကြဘူး။ ဒါပေမဲ့… ဘယ်သူမပြု မိမိမှုပါပဲ။ တစ်နေ့ အမှန်တရားတွေကို သိလာတဲ့တစ်နေ့မှာ နောင်တပူပန်ပြီး စိုးရိမ်နေရပါလိမ့်မယ်။ ကျေးဇူးရှိသူကို ကျေးဇူးရှိမှန်းမသိတဲ့သူတွေဟာ ရဟန်းပဲဖြစ်ဖြစ် လူပဲဖြစ်ဖြစ် အသက်ရှည်လို့ ဘုန်းမကြီး ဘုန်းကြီးလို့ အသက်မရှည်ပါဘူး။ သူတို့တွေဟာ ဘေးပတ်ဝန်းကျင်တွေကိုလည်း အပါယ်ရောက်ကြောင်းတွေ ဖြစ်စေကြတယ်။ ဆရာတော်ကြီးတစ်ပါး မိန့်သလို ”ညောင်ရေအိုးက မီး"ထ"မတောက်စေနဲ့ ”တဲ့။ #ဒါကြောင့်မို့ … မိတ်ဆွေအနေနဲ့ မိမိကိုယ် ကျေးဇူးပြုဖူးတဲ့သူတွေအပေါ် ကျေးဇူးမဆပ်ပေမဲ့ ကျေးဇူးမကန်းမိအောင် ကြိုးစားပါ။ မိမိ သူတစ်ပါး အကုသိုလ် မများရအောင် အထူးအားဖြင့် အပြောအဆို အနေအထိုင် ဆင်ခြင်ပါ။ အပြောအဆို အနေအထိုင် ဆင်ခြင်တာဟာ သူတစ်ပါးအတွက် မဟုတ်ပါဘူး။ မိမိအတွက် သေရာ ပါမသွားဖို့ပါ။ တောင်းပန် မရသည့် ကံကြီး မထိုက်ပါစေနဲ့။ သူတော်ကောင်း ပြစ်မှား အပါယ်သို့ သွားတတ်တယ်။ မိမိထက် အသက်၊ သိက္ခာ ဂုဏ်ကြီးသော အမိ အဖ အဘိုး အဘွား အနန္တဂိုဏ်းဝင် ဆရာသမားတွေအပေါ် မပြစ်မှားမိကြပါစေနဲ့။ အထူး သတိပေး တိုက်တွန်းအပ်ပါတယ်။ ကုစားလို့ မရတဲ့ ကံကြီး မထိုက်အောင် နောင်တမရအောင် ကြိုတင် စောင့်ရှောက်ကြပါဟု အသိပေးပါတယ်။ တစ်ဘဝစာကို မကြည့်ပါနဲ့၊ တစ်သံသရာလုံးအတွက် ကြည့်ပေးပါ။ တချို့ အကုသိုလ်များပြီး တရားအသိတွေ မရလောက်အောင် အကုသိုလ်တွေ များနေကြပြီပေါ့။ အားလုံး… မြန်မာပြည်ကြီး တည်ငြိမ်အေးချမ်းပါစေ။ မြောက်ဦးဆရာတော် 🙏🙏🙏🙏🙏 #အောင်နိုင်ဝင်း crd စာရေးသူအားလေးစားလျက်ပါ
💦ma.cho💦
Region: MM
Saturday 03 October 2026 12:41:43 GMT
Music
Download
Comments
Aung Thu :
ကောင်းလိုက်တဲ့စာလေးဗျာ။ဖတ်ခွင့်ရလို့ကျေးဇူးပါ။နောက်နောင်လဲ များစွာ ၊ များစွာဖတ်နေပါရစေ။ကျေး ဇူးတွေလဲအကြိမ်ကြိမ် ၊အခါခါ ၊ထပ်ခါတင်နေပါရစေ ။
2026-10-03 15:17:15
1
@thint thint :
🥰🥰🥰🥰🥰🥰🥰🥰မချိုရေဒီညအိပ်ဦးမယ်😂😂😂😂😂😂😂😂ချစ်လို့ပါ🥰🥰🥰🥰🥰🥰🥰🥰🥰🥰နဂိုအလွမ်းတွေကြေင့်🥰🥰🥰🥰🥰🥰🥰ထင်ပါတယ်
😂😂😂😂😂😂😂🥰😂🥰😂စိတ်မခိုင်ဘူး🥰🥰🥰🥰🥰မချနုရေ🥰🥰🥰🥰🥰🥰🥰
2026-10-03 16:32:36
1
ဦးဦး :
ကာလကြီးမှာလူတွေက ပြောင်းပြန်အတင်ကြီးနေကြတော့ အမှားအမှန်မခွဲခြားတော့ဘူးထင်ရာပြောထင်ရာတွေလုပ်နေကြာတာ သဗ္ဗေသတ္တာကမ္မ သကာပေါ ့ ဒါပေမဲ့ ကိုမပါအောင် ကိုမမှားအောင်တော့နေတတ်ရမှာပေါ့👍 လေးစားပါတယ် 👍စာလေးတွေဖတ်ရတာ ဂုဏ်ယူပါတယ် 👍အများအတွက်ပေါ့
2026-10-03 12:59:10
1
Khin Htat :
2026-10-03 13:49:37
1
Nan khaung :
မှန်တယ်နော်
2026-10-03 12:45:41
1
U Kyaw Thein :
@😍😍😍
2026-10-03 14:50:23
1
Osakr Osakar Min Naing :
❤️❤️❤️
2026-10-03 14:29:33
1
sanoo086 :
🥰🥰🥰
2026-10-03 12:44:55
1
Maw San :
🥰
2026-10-03 16:12:01
0
To see more videos from user @user710487501, please go to the Tikwm
homepage.