@bhonetayza522: #သီလသည်သာ အားကိုးရာ လောကမှာ လူတစ်ယောက်နဲ့တစ်ယောက် ဘဝအခြေအနေ မတူကြပါဘူး။ တချို့က ငယ်စဉ်ကတည်းက ကောင်းမွန်တဲ့အကျင့်နဲ့ နေထိုင်လာကြသလို၊ တချို့ကတော့ အမှားအယွင်းတွေ၊ မကောင်းမှုတွေနဲ့ ဘဝကို ဖြတ်သန်းခဲ့ကြတာလည်း ရှိပါတယ်။ ဒါပေမယ့် မြတ်စွာဘုရားရှင်ရဲ့ အဆုံးအမတော်မှာ “အတိတ်က ဘယ်လိုပဲဖြစ်ခဲ့ပါစေ၊ အခုလက်ရှိမှာ ကောင်းအောင်နေထိုင်ဖို့ အခွင့်အရေးရှိတယ်” ဆိုတဲ့ သဘောကို အလေးထားပြီး လမ်းညွှန်တော်မူပါတယ်။ မနေ့က ကိုယ်ဘာလုပ်ခဲ့သလဲ၊ အရင်က ကိုယ်ဘာတွေမှားခဲ့သလဲဆိုတာထက်— “ဒီနေ့ကစပြီး ကိုယ်ဘယ်လိုနေမလဲ” ဆိုတာက ပိုအရေးကြီးပါတယ်။ အဲဒီလို ဘဝကို ပြန်လည်ပြုပြင်နိုင်ဖို့ အခြေခံအကျဆုံးအရာကတော့ သီလ ဖြစ်ပါတယ်။ သီလဆိုတာ ရဟန်းသံဃာတော်တွေအတွက်ပဲ မဟုတ်ပါဘူး။ လူသားတိုင်းအတွက် မိမိဘဝကို မိမိကိုယ်တိုင် ကာကွယ်ပေးနိုင်တဲ့ အကာအကွယ်တစ်ခု ဖြစ်ပါတယ်။ အိမ်တစ်အိမ်မှာ အပြင်က အန္တရာယ်တွေကို ကာကွယ်ဖို့ တံခါးရှိသလို၊ လူတစ်ယောက်ရဲ့ ကိုယ်၊ နှုတ်၊ စိတ်ကို မကောင်းမှုတွေကနေ ကာကွယ်ဖို့ သီလ ဆိုတဲ့ တံခါးတစ်ချပ် လိုအပ်ပါတယ်။ သီလရှိတဲ့သူဟာ သူတစ်ပါးကို မထိခိုက်စေသလို မိမိကိုယ်တိုင်လည်း မကောင်းမှုအကျိုးကို ခံစားရခြင်းကနေ ရှောင်နိုင်ပါတယ်။ ဒါကြောင့် ဒီနေ့ သီလဆောက်တည်ကြမယ့်အခါ “ဘုန်းကြီးက သီလပေးလို့ ယူရတာ” လို့ မယူဆဘဲ— “ငါ့ဘဝကို ငါကိုယ်တိုင် ကောင်းအောင်ထိန်းသိမ်းဖို့၊ ငါ့ကိုယ်၊ ငါ့နှုတ်၊ ငါ့စိတ်ကို မကောင်းမှုကနေ ကာကွယ်ဖို့ သီလကို ဆောက်တည်တာ” လို့ နားလည်ပြီး ယူကြစေချင်ပါတယ်။ ဒီအကြောင်းကို ပိုပြီး ထင်ရှားစွာ နားလည်နိုင်ဖို့ အတိတ်က မကောင်းမှုတွေနဲ့ အသက်မွေးခဲ့ကြပေမယ့် နောက်ဆုံးမှာ သီလကို ဆောက်တည်ပြီး သီလရဲ့ အကျိုးကို ခံစားခဲ့ကြရတဲ့ ခိုးသားငါးရာတို့ရဲ့ အကြောင်း ကို အခြေခံပြီးဟော ကြားပါမယ်။ တစ်ခါတုန်းက ခိုးသားငါးရာဟာ ရွာတွေကို ဖျက်ဆီးတာ၊ လုယက်တာ၊ ခိုးယူတာ စတဲ့ မကောင်းမှုတွေနဲ့ အသက်မွေးကြပါတယ်။ သူတို့ကြောင့် ဇနပုဒ်မှာနေကြတဲ့ လူတွေဟာ အမြဲတမ်း ကြောက်ရွံ့နေရပါတယ်။ နောက်ဆုံးမှာ လူတွေက စုပေါင်းပြီဝိုင်းဖမ်းကြတဲ့အတွက် တောထဲကို ဝင်ရောက်သွားကြရပါတယ်။ အဲဒီခိုးသားငါးရာလည်း တောထဲရောက်သွားတဲ့အခါ ကိုးကွယ်စရာမရှိကြဘဲ တောထဲမှာနေတဲ့ ရဟန်းတစ်ပါးကို တွေ့တော့ မထေရ်ကို ရှိခိုးပြီး— “အရှင်ဘုရား၊ တပည့်တော်တို့ရဲ့ ကိုးကွယ်ရာ ဖြစ်တော်မူပါဘုရား” လို့ လျှောက်ထားကြပါတယ်။ မထေရ်က— “သင်တို့အား သီလနှင့်တူသော ကိုးကွယ်ရာ မည်သည်မရှိ။ အလုံးစုံသော သင်တို့သည်လည်း ငါးပါးသောသီလတို့ကို ဆောက်တည်ကြကုန်လော့” လို့ ဆုံးမတော်မူပါတယ်။ အဲဒီအခါ ခိုးသားငါးရာဟာ— “ကောင်းပါပြီဘုရား” လို့ ဝန်ခံပြီး ငါးပါးသီလကို ဆောက်တည်ကြပါတယ်။ #သီလဆိုတာဘာလဲ သီလဆိုတာ သူတစ်ပါးကို ချုပ်ချယ်ဖို့ထားတဲ့ စည်းကမ်းမဟုတ်ပါဘူး။ မိမိကိုယ်မိမိ မကောင်းမှုတွေကနေ ကာကွယ်ဖို့ ဆောက်တည်ထားတဲ့ စည်းကမ်း ဖြစ်ပါတယ်။ သူတစ်ပါးအသက်ကို မသတ်ဘူးဆိုတာ သူတစ်ပါးကို ကာကွယ်ပေးတာဖြစ်သလို မိမိစိတ်ထဲက ရက်စက်မှုကိုလည်း ထိန်းပေးပါတယ်။ သူတစ်ပါးပစ္စည်းကို မခိုးဘူးဆိုတာ သူတစ်ပါးဥစ္စာကို လေးစားတာဖြစ်သလို မိမိစိတ်ထဲက လောဘကိုလည်း ထိန်းပေးပါတယ်။ မုသားမပြောဘူးဆိုတာ သူတစ်ပါးကို မလှည့်စားတာဖြစ်သလို မိမိရဲ့ ယုံကြည်ထိုက်မှုကိုလည်း ထိန်းသိမ်းပေးပါတယ်။ ဒါကြောင့် သီလဟာ သူတစ်ပါးအတွက်လည်း အကျိုးရှိသလို မိမိအတွက်လည်း အကျိုးရှိပါတယ်။ မထေရ်က သီလဆောက်တည်ပြီးတဲ့ ခိုးသားငါးရာကို နောက်ထပ်ဆုံးမပါတယ်— “ယခုအခါ သင်တို့ကား သီလရှိကြကုန်ပြီ၊ အသက်ဟူသောအကြောင်းကြောင့်လည်း သင်တို့သည် သီလကို မလွန်ကျူးအပ်၊ နှလုံး၏ ပြစ်မှားခြင်း ဒေါသကို မပြုအပ်” လို့ ဆုံးမပါတယ်။ ဒီစကားဟာ အလွန်အရေးကြီးပါတယ်။ သီလဆောက်တည်တာက လွယ်ပါတယ်။ သီလကို စောင့်ထိန်းတာက ပိုအရေးကြီးပါတယ်။ သီလယူပြီးနောက်— သူများက ကိုယ့်ကို မကောင်းပြောတဲ့အခါ၊ သူများက ကိုယ့်ကို စော်ကားတဲ့အခါ၊ ကိုယ့်အပေါ် မတရားပြုတဲ့အခါ— “သူက ငါ့ကို ဒီလိုလုပ်လို့ ငါလည်း ပြန်လုပ်မယ်” ဆိုပြီး ဒေါသကို အနိုင်မပေးဖို့ လိုပါတယ်။ #ခိုးသားငါးရာ၏နောက်ဆုံးအချိန် ဒီခိုးသားငါးရာဟာ သီလဆောက်တည်ပြီးနောက် မကြာခင် ဇနပုဒ်သားလူတွေက သူတို့ကို ရှာဖွေတွေ့ရှိပြီးအသက်ဆုံးရှုံးခဲ့ရပါတယ်။ ဒါပေမယ့် အသက်ဆုံးသွားတဲ့အချိန်မှာ သူတို့ဟာ သီလကို ဆောက်တည်ပြီးသား ဖြစ်နေပါပြီ။ အဲဒီနောက်မှာတော့ ဒီဇာတ်တော်အရ နတ်ပြည်၌ ဖြစ်ကြတယ် လို့ ဖော်ပြထားပါတယ်။ #ဒါဟာအလွန်တန်ဖိုးရှိတဲ့သင်ခန်းစာပါ။ အတိတ်ကို ပြန်ပြင်လို့မရပေမယ့် လက်ရှိအကျင့်ကိုတော့ ပြင်လို့ရပါတယ်။ မနေ့က ဘယ်လိုလူဖြစ်ခဲ့တယ်ဆိုတာထက် ဒီနေ့ ဘယ်လိုလူဖြစ်အောင် နေမလဲဆိုတာ ပိုအရေးကြီးပါတယ််။ ဒ့ါကြောင့် ဒီနေ့ ဆောက်တည်ကြမယ့် သူတော်ကောင်းတို့. သီလကို ခိုင်မြဲစွာ စောင့်ထိန်းနိုင်ကြပြီး ကိုယ်၊ နှုတ်၊ စိတ် သုံးပါးလုံး သန့်ရှင်းအေးချမ်းကြပါစေ။ မိမိကိုယ်တိုင်လည်း အေးချမ်းပြီး မိမိပတ်ဝန်းကျင်ကိုလည်း အေးချမ်းစေတဲ့သူများ ဖြစ်ကြပါစေ။ #crd- မေတ္တာဖြင့်-အရှင်တေဇနိယ ၃-၁၀-၂၀၂၆(စနေနေ့)

🌻ဘုန်းတေဇ🌻
🌻ဘုန်းတေဇ🌻
Open In TikTok:
Region: MM
Saturday 03 October 2026 16:37:22 GMT
37686
3580
72
238

Music

Download

Comments

ko.lwin.oo.ko.gyi
Ko Lwin Oo Ko Gyi :
ဆောက်တည်ကြပါဗျို့. မြတ်သီလကို.. လူ နတ် ဗြပ္မါ သူတော်အပေါင်းတို့..
2026-10-04 13:12:54
1
u.thein.naing57
Unclelay :
2026-10-04 01:18:50
2
oo.tin546
Oo tin546 :
မှန်လှပါဘုရား သာဓုသာဓုသာဓုပါ 🙏🙏🙏🙏🙏
2026-10-04 11:50:57
1
kozaw60545
နေမင်းသူ :
သာယာပါစေ
2026-10-04 04:03:47
1
user2406884714617
ကံသာဦး :
မှနိပ
2026-10-04 02:27:27
1
nandamala123hkgma
nandamala123hk@gmailcom :
သာဓုသာဓုသာဓု
2026-10-04 03:07:13
1
dawhla.yin285
ဒေါ်လှရင် :
🙏🙏🙏🙏🙏 မှန်လှပါ ဘုရား
2026-10-04 13:33:24
1
user7567410279956
ဦးကြည် :
သာဓုသာဓုသာဓုပါဘုရား
2026-10-04 00:25:27
1
ko.htay7445
Ko Htay :
2026-10-03 21:55:11
1
user9542735209570
အညတရ မနုဿ :
သာဓု သာဓု သာဓု ပါဘုရား🙏🙏🙏
2026-10-04 02:35:35
1
kiss39402
kiss :
2026-10-04 02:42:34
1
mya_18_9
M :
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏
2026-10-04 12:12:47
0
san.san18506
San San :
၊🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏
2026-10-03 23:33:49
1
blackpinkfan2584
😍😍Chit7521 :
2026-10-04 07:51:25
0
thantun63721
ထွန်းဆိုထွန်း :
သမာဒါနပါဘုရား
2026-10-04 02:42:39
0
shwe.moe7697
Shwe Moe :
သာဓု သာဓု သာဓုပါဘုရား
2026-10-04 05:30:55
1
mt.popa5
Mt.Popa :
သာဓု သာဓု သာဓုပါဘုရား
2026-10-04 05:41:09
1
mgmgaye874
မြင့်မိုရ်ရိပ် :
သာဓု သာဓု သာဓုပါဘုရား🙏🙏🙏
2026-10-04 12:54:01
0
user9672503504785
မင်းထက်သာ :
သာဓုသာဓုသာဓုပါဘုရား
2026-10-04 03:22:50
1
anyarthar345
အညာသားလေး :
🙏🙏🙏
2026-10-04 01:37:18
1
u.tin.mg12
U Tin mg :
2026-10-04 07:14:51
0
nwe6666666
Nwe :
🙏🙏🙏🙏🙏
2026-10-04 12:41:39
0
dawkyukyuwin974
Dawkyukyuwin :
သာဓု သာဓု သာဓု ပါအရှင်ဘုရား 🙏🙏🙏
2026-10-04 14:30:26
0
user2800836188790
အောင်🥰 :
🙏🙏🙏🙏🙏သာဓုသာဓုသာဓုပါဘုရား
2026-10-04 12:32:23
0
dawwinyi19
Daw Win Yi :
🙏🙏🙏
2026-10-04 04:18:55
0
To see more videos from user @bhonetayza522, please go to the Tikwm homepage.

Other Videos


About