@amoun645: လူတွေဆီကနေ အထာကျကျ ထွက်ခွါပါ ။ ဘာကို ဆိုလိုသလဲဆိုရင် လူတွေ ကိုယ့်အပေါ်ထားတဲ့ မေတ္တာ စေတနာ အတိုင်းတာကို စောကဒတက်ပြီး ငါ့ကို ဘယ်လိုဆက်ဆံလို့ ဘယ်လို လုပ်ရက်လို့ … ငါက ဒီလို ခံစားရတာပါ ငါက ဘယ်လို ပြောဆို ပြုမူစေချင်တာပါဆိုပြီး စိတ်အလိုမကျမှုတွေကို ဝမ်းနည်းစိတ် ၊ ဒေါသစိတ်တွေနဲ့ သိလာဖို့ ပြောဆိုမနေပဲ ၊ ကိုယ့်စိတ် ၊ ကိုယ့်အသိနဲ့သာ လုံလောက်ဖို့ ဖြစ်တယ် ။ ဘယ်စကားပြောရင် ဘယ်လို နာကျင်မယ်ဆိုတာ သိပါတယ် ။ ဘယ်လုပ်ရပ်ကတော့ ဘယ်သူ့ကို ထိခိုက်မယ်ဆိုတာ နားလည်ပါတယ် ။ ဘယ်စကားမျိုး ၊ ဘယ်အပြုမူမျိုးနဲ့ ပြန်ဖာထေးရင် အဆင်ပြေမလဲ သိပါတယ် ။ လူတိုင်း သိတဲ့အရာတွေကို … မေ့နေမလား ၊ မသိသလားအထင်နဲ့ သတိပေးစရာမလိုပါဘူး ။ အိပ်ချင်ယောင်ဆောင်သူကို နိုးဖို့ ကြိုးစားတဲ့အခါ … ကိုယ်ကပဲ toxic လို ၊ အကဲပိုနေသလို ပုံစံနဲ့ gaslight သာ ပြန်လုပ်လိမ့်မယ် ။ အဲဒီအခါမျိုးတွေမှာ … ကိုယ်မို့လို့ မေတ္တာမထားတာ ။ ကိုယ့်အပေါ် စေတနာ မရှိတာလို့ပဲ မှတ်ယူပြီး ကိုယ့်ကိုယ်ကို အနေထိုင်တတ်ဖို့ ကြိုးစားရမှာပါ ။ သူ့စိတ်ကို သွားထိန်းချုပ်ချင်မိတဲ့ ကိုယ်တိုင်ကိုသာ ပြန်ဆုံးမရမှာပါ ။ စေတနာ ၊ မေတ္တာကြောင့်ပဲ ချစ်ခင်ကြတာ ၊ ကာကွယ်တာ ၊ လုံခြုံစေတာ .. ဒီအရာတွေ ကိုယ့်အပေါ်မရှိတဲ့သူက ဆန့်ကျင့်ဘက်တွေ လုပ်နေမှာပဲ ။ ဒီလိုလူဆီက ဘယ်အရာကိုမှ ကြီးကြီးမားမား မျှော်လင့်လို့ မရနိုင်ဘူး ။ ဒါကို သိနားလည်ပြီး .. ဆင်ခြေတွေ ဖြေရှင်းချက်တွေ ကြားရဖို့ ရန်ဖြစ် စကားများ စိတ်ပင်ပန်းခံပြီး ပြဿနာ မရှာပါနဲ့ ။ စကားတွေထက် လုပ်ရပ်တွေကိုသာ ကြည့်ပြီး … သူ့အတွက်အကျိုးမရှိ … ကိုယ့်အတွက်လည်း ပူလောင်စေမဲ့ နာလုံးပေါက်စရာစကားတွေကို မြိုသိပ်ပြီး … ကိုယ်တိုင်သာ တဖြည်းဖြည်း ကွယ်ပျောက်တတ်ဖို့ ကြိုးစားပါ ။ အဲလိုလူတွေက အထာကျဆုံးပဲ ။ ထစ်ခနဲရှိ စကားများရန်ဖြစ်ပြီး … ဖြေရှင်းစရာမလိုအပ်ဘူး ။ လုပ်ရပ်တွေက ပြောပြထားပြီးသားပဲ ။ ကိုယ့်နှလုံးသား နှင့် ဦးနှောက်ကိုသာ သဘောတူနိုင်ဖို့ သတိကပ်ရင်း … စိတ်ဒဏ်ရာပေးတဲ့ အရပ်ဒေသ ၊ ပတ်ဝန်းကျင် ၊ လူတွေဆီကနေ တိတ်တဆိတ် ထွက်ခဲ့ပါ ။ ဒီအရာဟာ သိက္ခာအရှိဆုံး နှင့် အကောင်းဆုံး လက်တုန့်ပြန်နည်းသာ ဖြစ်တယ် ။ တိတ်ဆိတ်တဲ့ ထွက်ခွါခြင်းဟာ … တစ်ဖက်လူရဲ့ မာန နှင့် အတ္တကို ကျိုးကြေစေတယ် ။ #fyp #crd

L
L
Open In TikTok:
Region: MM
Saturday 03 October 2026 16:59:39 GMT
102776
5227
33
250

Music

Download

Comments

lwin.lwin284
Lwin Lwin :
ခုချိန်ကြုံတွေ့နေရတဲ့အချိန်နဲ့တိုက်ဆိုင်နေလို့စာသားလေးပြန်သုံးခွင့်ပြုပါနော်
2026-10-05 04:40:56
2
nadinadi27
YunWaddy :
စာသားလေးပြန်တင်အုံးမယ်နော်
2026-10-05 03:59:41
1
crystal.love681
🐉☺️1500 Nway Nway😊🐉 :
Copyလေးယူမယ်နော်🥰
2026-10-05 04:01:53
1
aye.aye.myo2827
Aye Aye Myo :
right
2026-10-04 12:23:11
1
haymarwin226
Hay Mar Win :
copy ယူပါစေနော်🥰🥰🥰
2026-10-05 12:23:36
2
nant.yati6
Mi Mi 💜🍀 မီးမီး :
ကျေးဇူးပါရှင့် မုအွန်နေတာ ဒိနေဆို ၃ရက် ရှိပြီး မရသေးလို့ စာလေး မြင်လို့ အားရှ်သွား
2026-10-05 13:03:42
2
tweetylay
ThuzarMa ♏ :
ဝမ်းနည်းလိုက်ရတာ 🥺
2026-10-04 14:24:18
1
daw.ohnn.yi4
Daw Ohnnmar yi :
ရှဲယ်ချင်မိရှင့်
2026-10-05 06:17:30
1
daw.zin.moh.hlain
Moh(OFFICAL✅) :
စာသားလေးပြန်တင်မယ်နော်
2026-10-05 01:43:50
1
princesslay777
Myo Sandar Lwin :
စာသားလေးယူသုံးခွင့်ပြုပါရှင့်
2026-10-05 01:50:33
1
kzw41004
K🖤 :
စာသားလေးယူသုံးခွင့်ပြုပါ[Heartwarming]
2026-10-05 10:25:22
1
khin.soe.yee23
🧠キンちゃん👁️ :
စာသားလေးယူပါရစေရှင့်🥰
2026-10-06 15:41:34
1
userop6s3tdhqk
MayLa💞💞 :
မှန်တာပေါ့ စာသားလေးသဘောကျ🥰
2026-10-04 08:59:57
1
theingi.nyunt5
Saw theingi :
right
2026-10-04 08:50:51
1
tiktok.comsounghninsi
𝕊𝕠𝕦𝕟𝕘 ℍ𝕟𝕚𝕟 𝕊𝕚 :
copy ယူပါစေနော်🥰
2026-10-07 00:54:41
0
saintjulytunzuzu28
Saintjulytun Zuzu :
စာလေးယူသုံးမယ်နော်
2026-10-04 13:10:17
1
nauku.nauku
nauku nauku :
စာသားလေးcopyပါရစေ
2026-10-05 06:39:16
1
leeminho811
🇲🇲Lee Min Ho”🇲🇾(PYAY) :
2026-10-05 10:51:52
0
dawzuly7
🍀Shein Yadanar Shwe Ou🍀 :
Copyယူပါရစေ🥰
2026-10-05 12:44:22
1
myatmon2504
Aye Myat Mon :
စာသား လေး ပေးပါလားရှင်ွ
2026-10-04 07:37:21
1
user492557154
☘️𝓚𝓲𝓽𝓴𝓲𝓽 🍀🌻 :
[Teary eyed]
2026-10-07 15:15:37
0
thuzar.aung879
Thuzar Aung :
👍👍👍
2026-10-05 07:15:40
1
09402682mg1
🥺hpa li ve eh😌 :
🥰🥰🥰
2026-10-05 14:54:48
0
cheese87902876
Jupiter :
😊😊😊
2026-10-05 06:18:47
1
mon660403
@Jue Jue Myat Mon🩵🍀🤍 :
😁😁😁
2026-10-04 11:56:06
0
To see more videos from user @amoun645, please go to the Tikwm homepage.

Other Videos


About