@not.found0454: 🙇လူတွေကို ကြည့်မိတိုင်း... သံဝေဂတစ်ခုတော့ ရမိတယ်။ တချို့က မာနတွေနဲ့ အမြင့်တက်နေကြတယ်။ တချို့က အတ္တတွေနဲ့ မျက်စိပိတ်နေကြတယ်။ ကိုယ့်ထက် နိမ့်တယ်ထင်တဲ့သူကို အထင်သေးတယ်။ ကိုယ့်ထက် အားနည်းတယ်ထင်တဲ့သူကို နှိမ့်ချဆက်ဆံတယ်။ ကိုယ့်မှာ အာဏာရှိလို့... ကိုယ့်မှာ ငွေရှိလို့... ကိုယ့်မှာ ဂုဏ်ရှိလို့... အဲဒီအရာတွေက ထာဝရပိုင်ဆိုင်ခွင့် ရထားသလိုနဲ့ ငါမှငါဆိုတဲ့ စိတ်နဲ့ လူလူချင်း နာကျင်အောင် ပြောဆိုကြတယ်။ 🧘ဒါပေမယ့်... အချိန်တန်ရင် ဘယ်သူမှ မကျန်ရစ်နိုင်ပါဘူး။ နောက်ဆုံးမှာတော့ အားလုံးဟာ မြေတစ်ဆုပ်နဲ့ ပြာတစ်ဆုပ်ပါပဲ။ တစ်နေ့မှာ အားလုံးဟာ ထွက်ခွာသွားကြရမယ့် ခရီးသည်တွေပါ။ ဒါပေမဲ့ ငါမှငါဆိုတဲ့အတွေးနဲ့ မာနတွေ ထူပြောနေကြတယ်၊ မနာလိုမှုတွေနဲ့ အချင်းချင်း လောင်ကျွမ်းနေကြတယ်။ သူများအပြစ်ကို ရှာရတာနဲ့ပဲ ဘဝကို ကုန်ဆုံးစေတဲ့အခါ မိမိကိုယ်တိုင်ရဲ့ အမှားနဲ့ အချိန်တွေ ကုန်သွားတာကို မသိလိုက်ကြဘူး။ 🧘အခိုက်အတန့်လေး ရထားတဲ့ ဘဝမှာ မုန်းတီးခြင်းတွေနဲ့ အချိန်မဖြုန်းသင့်ပါဘူး။ အားလုံးဟာ သေခြင်းတရားရဲ့ လက်ခုပ်ထဲက ရေစက်လေးတွေပါပဲ။ ကိုယ့်ကိုအပြစ်ပြောနေသူကို သွားပြီးမုန်း‌စရာ မလိုပါဘူး၊ သူတစ်ပါးကို မနာလိုမယ့်အစား ဝမ်းမြောက်တတ်ပါ။ အမုန်းတွေ သိမ်းထားမယ့်အစား ခွင့်လွှတ်တတ်ပါ။ မာနကို ဖက်တွယ်မယ့်အစား နှိမ့်ချတတ်ပါ။ 🙏နောက်ဆုံး... ဒီလောကကြီးကနေ ပြန်ထွက်သွားတဲ့အချိန်မှာ... ယူသွားလို့ရတာ ငွေကြေးမဟုတ်ဘူး... ဂုဏ်ပုဒ်မဟုတ်ဘူး... ကိုယ်ပြုခဲ့တဲ့ ကံနဲ့ ကုသိုလ်ပဲ ကိုယ့်နောက်ကို လိုက်လာမှာပါ။ ကောင်းခြင်း ဆိုးခြင်းတွေဒွန်တွဲနေတဲ့ လောကထဲမှာ အကောင်းမြင်စိတ်ရှိမှ လူဖြစ်ကျိုးလည်းနပ်စေမှာပါ။ #crd #fyp

@𝑴𝒓. 𝑺𝒎𝒊𝒍𝒆 😊
@𝑴𝒓. 𝑺𝒎𝒊𝒍𝒆 😊
Open In TikTok:
Region: TH
Sunday 04 October 2026 04:00:22 GMT
486664
42996
202
1634

Music

Download

Comments

ant21734
Aung Nay Thant :
ကောင်းတဲ့မာနတော့ရှိရမယ်ဗျ မြစ်တစ်ခုကိုဖြတ်တုန်း လက်ပစ်ကူးမလား လှေနဲ့ကူးမလား ဇိမ်ခံသင်္ဘောကြီးနဲ့ကူးမလား ကိုယ့်ရွှေးချယ်မှု ကိုယ့်အားထုတ်မှုနဲ့ ကိုယ့်ယုံကြည်ရာ ကိုယ့်မာနရှိသင့်တာပေါ့ သူတပါးမထိခိုက်ရင်okပါတယ် အချိန်တန်မစင်ဖြစ်မယ်ဆိုပီး အစားကောင်းတွေမစားလို့ဘယ်ဖြစ်မလဲလေနော ဟိုဘက်ကမ်းရောက်ရင်အကုန်ထားခဲ့ရမယ်ဆိုပေမယ့် မြစ်ကိုဖြတ်တုန်းတော့ လက်ပစ်မကူးပဲ ဇိမ်ခံသဘောနဲ့ဖြတ်ဖို့ကြိုးစားတာ ပိုကောင်းတာပေါ့ ကမ်းရောက်ရင်ထားခဲ့ဖို့အသိရှိဖို့ စွဲလမ်းမနေဖို့ပဲ
2026-10-05 05:36:41
46
.wai.gyi744
ဇာတ်လိုက်123 :
thanks
2026-10-07 04:36:04
0
sumonkyaw.sumonky2
Sumonkyaw Sumonkyaw :
ပြန်တင်ခွင့်ပြုပါ
2026-10-08 03:00:21
2
hein.htet8156
.🇲🇲 𝓐𝓻 𝓚𝓪𝓻 🇹🇭  :
ပြန်တင်ခွင့်ပြုပေးပါဗျ🥺
2026-10-07 13:16:35
1
.55883333
RO Se :
ကောင်းလိုက်တဲ့စာသာလေးပါ
2026-10-05 10:59:39
2
lamineain95
Thae su :
Copy ယူချင်းလ်ု့ပါ
2026-10-04 10:35:08
6
zin41969
zin :
စာသားယူသံုးမယ်နော်🥰
2026-10-05 10:23:15
1
minnoung342
Min Naung :
စာသားလေးကြိုက်လို့ copyချပေးပါလား တယောက်လောက်
2026-10-04 13:45:07
2
user100aung1
KHIN MAR LAR TUN 🪄✅ :
Copyယူမယ်နော်
2026-10-04 13:22:45
3
laeyi.win0
Laeyi Win :
မာနဆိုတာရှိသင့်သ ေလာက်တော့ရှိဖို့လိုတယ်ကိုတွေရူးသင့်သ ေလာက် ေဝာ့ာရူးပါတယ်🙂
2026-10-05 12:00:30
5
user4337652832267
မောင်စိုး :
အရာအားလုံးကမှန်မ နေဘူး ထားသင့် နေရာ. ရှိသလို မထားသင့်တာ တွေလည်း ပေါ တစ်ချိုစကား တွေကလှသ လောက် လောကဓံကြုံလာတိုင်း သုံတတ်ရတယ်🥰🥰🥰🥰🥰
2026-10-05 13:27:31
1
su1612230
♐️ SU WAI HTET  :
သေရာမပါပေမဲ့ တချို့သူတွေအတွက် အသက်ရှိနေစဉ်မှာ ထားကိုထားတတ်ရမဲ့အရာတစ်ခုပါ
2026-10-06 02:31:20
3
zakawar.tun
Zakawar tun :
ပြန်တင်ခွင့်ပြုပါ
2026-10-04 13:15:26
1
rosecutelover
Nway Oo 🌹❤ :
ဟုတ်ပလူတွေရေ အတ္တတွေကြီးလိုက်ကြတာ
2026-10-07 13:02:32
1
khunteelar7
khunteelar :
သီချင်းခေါင်းစဉ်လေးမျှဝေပေးပါဦး
2026-10-05 11:04:25
2
moesatoo
🌀DRAKE🌀 :
copy ယူသုံးခွင့်ပြုပုဗျ🥰
2026-10-05 15:09:19
1
myatminzawofficalacc
ကျေးကို.. :
သဘောကျရတဲ့စာသားလေ
2026-10-05 15:32:41
2
anawjuly4
💙 :
စာသားယူသုံးခွင့်ပြုပါနော်🥺
2026-10-05 07:52:20
1
iris8180
Ah Htun 😘 :
ဟုတ်သားပဲ
2026-10-04 22:08:56
1
umyo9949
Sai Lon :
သီချင်းခေါင်းစဉ် ပြောပြပေးပါဗျာ သိချင်လို့ပါ အရမ်းကောင်းတယ်
2026-10-04 14:24:16
2
tlayzimi
🇸🇬Ah Latt 🇲🇲 :
save ပီနော် bro[Embarrassed][Heartwarming]
2026-10-04 12:03:41
2
juenge8799
🌷🌷🌷 :
ပြန်တင်ခွင့်ပြုပါ
2026-10-04 09:47:05
2
w9108
Dʀᴀᴋᴇ✔︎ :
စာသားလေးယူသုံခွင့်ပြုပါဗျ❤
2026-10-05 12:40:21
1
eitinzar07
🅔🅘🅣🅘🅝🅩🅐🅡 :
ပြန်လည်မျှဝေခွငိ့ပြုပါ
2026-10-04 08:40:35
3
thandar.aung03811
Thandar Aung :
တကယ်ပါသူတို့ဘဲမသေတော့မဲ့အတိုင်း😳
2026-10-04 13:28:18
3
To see more videos from user @not.found0454, please go to the Tikwm homepage.

Other Videos


About