@daw.than.than.swe354: အသက်၆၀ ကျော်တဲ့အချိန်မှာဒီရောဂါ၅မျိုးမရှိသေးဘူးဆိုရင်အသက်၁၀၀အထိနေနိုင်ဘို့အခွင့်အလမ်းကောင်းရှိပါတယ်။ လူအများစုဟာအချိန်ကြောင့်အသက်ကြီးလာတာထက်သူတို့ရဲ့ခန္ဓာကိုယ်အတွင်းတိတ်တဆိတ်တိုးတက်လာနေတဲ့ကျန်းမာရေးပြသနာတွေကြောင့်ပိုပြီးအိုမင်းလာကြတာဖြစ်ပါတယ်။ အကယ်၍သင်ဟာဒီအသက်အရွယ်ကိုရောက်လာတဲ့အထိဒီရောဂါတွေမရှိသေးဘူးဆိုရင်သင့်ခန္ဓာကိုယ်ကသင့်အတွက်အားသာချက်ကြီးတခုကိုပေးထားပြီးသားဖြစ်ပါတယ်။ 1.ဆီးချိုရောဂါ ဒီရောဂါဟာတညတည်းနဲ့ဖြစ်ပေါ်လာတာမဟုတ်ပါဘူး။သကြားအလွန်အကျွံစားခြင်း။ဂျုံဖြူနှင့်ပြုလုပ်ထားသောအစားအစာများများစွာစားခြင်း။ လှုပ်ရှားမှုနည်းသောနေထိုင်မှုပုံစံတို့ကြောင့်တဖြေးဖြေးဖြစ်ပေါ်လာတာဖြစ်ပါတယိ။ အသက်၆၀အရွယ်မှာသွေးချိုကိုကောင်းစွာထိန်းထားနိုင်တယ်၊ဒါမှမဟုတ်ဆီးချိုရောဂါမဖြစ်ဖူးဘူးဆိုရင်သင့်ရဲ့ခန္ဓာကိုယ်ဇီဝဖြစ်စဥ်ကကောင်းမွန်စွာအလုပ်လုပ်နေဆဲဖြစ်ပါတယ်။ ဒါဟာစွမ်းအင်ပြည့်ဝစွာနဲ့အသက်ရှည်ဘို့အရေးကြီးတဲ့သော့ချက်တခုဖြစ်ပါတယ်။ 2.သွေးတိုးရောဂါ။ သွေးတိုးရေ ာဂါဟာနှလုံးနဲ့ဦးနှောက်အတွက်အကြီးမားဆုံးရန်သူတွေထဲကတခုဖြစ်ပါတယ်။ လူအများစုမှာသွေးတိုးရှိကြပေမဲ့ကိုယ်တိုင်မသိကြပါဘူး။အကယ်၍သင့်သွေးဖိအားဟာတည်ငြိမ်နေပြီးဆေးအများကြီးမမှီခိုဘဲထိန်းထားနိုင်တယ်ဆိုရင်သင့်သွေးကြောတွေမှာလိုအပ်တဲ့ပျော့ပျောင်းမှုရှိနေဆဲဖြစ်ပါတယ်။ ဒါဟာအသက်ရှည်ဘို့အလွန်အရေးကြီးတဲ့အချက်တခုဖြစ်ပါတယ်။ 3.နှလုံးနှင့်သွေးကြောဆိုင်ရာပြသနာများ။ နှလုံးဖောက်ခြင်း၊ရင်ဘတ်အောင့်ခြင်း၊သွေးကြောပိတ်ဆို့ခြင်းစတဲ့ရောဂါတွေကိုဆိုလိုတာပါ။ ဒီလိုပြသနာတွေမကြုံဖူးဘူးဆိုရင်သင့်နှလုံးဟာဆယ်စုနှစ်များစွာအလုပ်လုပ်ခဲ့ပြီးမပျက်ကွက်သေးတာဖြစ်ပါတယ်။ ဒါဟာကံကောင်းလို့မဟုတ်ပါဘူး။ သိသိသာသာဖြစ်စေမသိမသာဖြစ်စေသင့်နှလုံးကိုကာကွယ်ပေးခဲ့တဲ့အလေ့အထကောင်းတွေကြောင့်ဖြစ်ပါတယ်။ 4.ပြင်းထန်သောအဆစ်အမြစ်ယိုယွင်းခြင်းသို့မဟုတ်အဆစ်ပြသနာကြီးများ။ ရံဖန်ရံခါကိုက်ခဲတာကိုမဆိုလိုပါဘူး။ လမ်းမလျှောက်နိုင်တော့တာ၊လှုပ်ရှားလို့မရတော့တာ၊ကိုယ့်ကိုကိုယ်မပြုစုနိုင်တော့တာမျိုးအခြေအနေကိုဆိုလိုတာပါ။ အသက်၆၀ ကျော်ပြီးနောက်မှာလှုပ်ရှားနိုင်စွမ်းကိုထိန်းထားနိုင်ခြင်းဟာအသက်ရှည်ရုံသာမကဘဝအရည်အသွေးကောင်းကောင်းနဲ့နေထိုင်နိုင်ဘို့အလွန်အရေးကြီးပါတယ်။ 5.ဦးနှောက်စွမ်းရည်ကျဆင်းခြင်း။ သင့်မှတ်ညာဥ်ကကောင်းနေဆဲ၊အာရုံစိုက်နိုင်ဆဲ၊လူတွေနဲ့စကားပြောဆက်ဆံနိုင်ဆဲ၊ဆိုရင်သင့်ဦးနှောက်ကအားကောင်းနေဆဲဖြစ်ပါတယ်။ ဦးနှောက်ကိုတက်ကြွစွာအသုံးပြုနိုင်ခြင်းဟာအသက်ရှည်သူတွေရဲ့အကြီးမားဆုံးလှို့ဝှက်ချက်တွေထဲကတခုဖြစ်ပါတယ်။ အခုဒီအချက်ကိုသတိထားပါ။ ဒီရောဂါ၅မျိုးမရှိတာတင်မဟုတ်ပါဘူး အဲ့ဒီရောဂါတွေမဖြစ်လာအောင်နေ့စဥ်ဘာတွေလုပ်နေသလဲဆိုတာကပိုအရေးကြီးပါတယ်။ ရိုးရိုးရှင်းရှင်းစားပါ။ ခန္ဓာကိုယ်ကိုလှုပ်ရှားပေးပါ။နည်းနည်းဘဲဖြစ်ဖြစ်လှုပ်ရှားပါ။ အိပ်စက်မှုကိုကောင်းမွန်အောင်ပြုလုပ်ပါ။ စိတ်ဖိစီးမှုကိုစီမံခန့်ခွဲပါ။ ကိုယ်ခန္ဓာကိုလှစ်လျူမရှုပါနဲ့။ အလွန်ပြင်းထန်တဲ့လေ့ကျင့်ခန်းအစီအစဥ်တွေစျေးကြီးတဲ့ထုတ်ကုန်တွေမလိုအပ်ပါဘူး။ သင်တကယ်လိုအပ်တာကတသမတ်တည်းဆက်လက်လုပ်ဆောင်နိုင်ခြင်းဘဲဖြစ်ပါတယ်။ မေတ္တာဖြင့်ပြန်လည်မျှဝေပါသည်🥰 #ကျန်းမာရေးဗဟုသုတ
Daw Than Than Swe
Region: MM
Sunday 04 October 2026 05:44:45 GMT
Music
Download
Comments
khinkhinwin :
@ဘာရောဂါတွေလဲသိချင်တယ်
2026-10-04 09:48:22
1
Aye Win :
👏👏👏👏👏ကျေးဇူးပါ။ မရှိပါ
2026-10-04 08:00:22
1
Win Myint :
မဂ်လာပါ👍👍👍👍👍👍👍
2026-10-04 06:07:41
1
Htwe Htwe :
2026-10-04 13:41:37
1
Ma Mawmaw :
မပြောဘဲ
2026-10-04 07:31:07
1
ko gyi :
ok
2026-10-04 10:05:31
1
AWin :
ကျေးဇူးအရမ်းတင်ပါတယ်ခင်ဗျ
2026-10-05 07:58:19
1
Lwin :
😳
2026-10-04 13:32:12
0
ဦးဝင်းကို :
❤️❤️❤️
2026-10-04 18:33:03
1
cooooony :
🥰🥰🥰🥰🥰
2026-10-18 02:16:12
1
To see more videos from user @daw.than.than.swe354, please go to the Tikwm
homepage.