@moyklin0: ➡ ရင့်ကျက်စွာချစ်ပါ 🍁🍁 လူတစ်ယောက်ကိုချစ်မိတာနဲ့ သူ့ရဲ့နေမှုထိုင်မှု၊ တွေးခေါ်မှုတွေကို မထိန်းချုပ်ချင်ပါနဲ့။ သင်နဲ့မတွေ့ခင်ထဲက သူ့မှာအသားကျနေပြီဖြစ်တဲ့ အမူအကျင့်တွေ ရှိပြီးသားဖြစ်ပါတယ်။ ဒါကိုချက်ချင်းပြင်ဖို့ဆိုတာ တော်ရုံမဖြစ်နိုင်တဲ့ကိစ္စပါ။ သင်ကရော သင့်အမူအကျင့်တွေ၊ သင့်တွေးခေါ်ပုံတွေကိုပြင်ပြီးပြီလား? ပြင်မှာလား? ငါကပြင်စရာမလိုဘူးဆိုရင်တော့ သင်ဟာအတ္တကြီးတဲ့လူတစ်ယောက်ဖြစ်ပါတယ်။ ➡ ကိုယ်ချင်းစာပြီးချစ်ပါ 🍁🍁 ကိုယ်ချင်းစာစိတ်ဟာ နေရာတိုင်းမှာအရေးကြီးပါတယ်။ "နင့်ကမ္ဘာမှာ ငါပဲရှိရမယ်"ဆိုတဲ့အတွေးနဲ့ တစ်ဖက်သားလူရဲ့ မိဘတွေ၊ ဆွေမျိုးတွေ၊ မိတ်ဆွေသူငယ်ချင်းတွေကို အကန့်တွေလိုက်လုပ်နေခြင်းဟာ သင့်ကိုပိုချစ်လာမှာမဟုတ်တဲ့အပြင် သူလည်းတဖြေးဖြေးစိတ်ညစ်လာမှာပါ။ "နင့်မိဘတွေထက်ငါသာတယ်" "နင့်သူငယ်ချင်းတွေထက်ငါသာတယ်" စတဲ့ ဥစ္စာရူးဆန်ဆန်၊ အာဏာရှင်ဆန်ဆန် အတွေးတွေဟာ သူနဲ့သူ့ပတ်ဝန်းကျင်ကြားမှာ တကယ်ကိုကျဉ်းထဲကြပ်ထဲရောက်လာစေမှာပါ။ ရေရှည်မှာ သင့်ကိုစိတ်ပျက်လာစေမှာပါ။ ➡ သူ့ကိုပျော်ရွှင်ပါစေ 🍁🍁 တကယ်ချစ်မိလာတဲ့အခါ သူပျော်ရွှင်ဖို့ကိုပဲ သင်ကဖန်တီးပေးတော့မှာပါ။ ဒါဟာ အပေးအယူတစ်ခုလည်းမဟုတ်သလို တစ်ပါးသူစေခိုင်းလို့လုပ်ရတာမျိုးလည်း မဟုတ်ပါဘူး။ "ငါကဒါလုပ်ပေးရတယ်" "နင်ကတော့ ဒါပြန်မလုပ်ပေးဘူး" စတဲ့ Give & Take ဆန်ဆန်အယူအဆတွေဟာ အချစ်မရှိတဲ့ အတ္တသမားမှာပဲ ရှိတတ်ကြတာမျိုးပါ။ တကယ်ချစ်မိသွားရင် ကိုယ့်ကိုကိုယ်ထက် သူပျော်ရွှင်စေဖို့ကိုပဲ ခေါင်းထဲရှိတော့တာပါ။ ဒါကြောင့် သူပျော်ရွှင်စေဖို့ တာဝန်တစ်ခုအနေနဲ့ လုပ်နေရတယ်ဆိုကတည်းက သင်တကယ်မချစ်သေးလို့ပါ။ ➡ သူတစ်ပါးနဲ့မနှိုင်းယှဉ်ပါနဲ့ 🍁🍁🍁 သင့်အနေနဲ့ မကြိုက်ခင်ထဲကသေချာစဉ်းစားပါ။ ကြိုက်ပြီးမှ သူ့ကိုတခြားသူများနဲ့ ဘယ်တော့မှမနှိုင်းယှဉ်ပါနဲ့။ သူများတွေက ခန္ဓာကိုယ်လှတယ် သူများတွေက ရာထူးမြင့်တယ် သူများတွေက ချမ်းသာတယ် သူများတွေက ရုပ်ရည်ချောမောတယ် သူများတွေက ပိုနားလည်မှုရှိကြတယ် စတဲ့ နှိုင်းယှဉ်မှုတွေနဲ့သူ့ကိုမနှိုင်းယှဉ်ပါနဲ့။ လူတိုင်းမှာသူ့တန်ဖိုးနဲ့သူရှိကြပါတယ်။ သင့်အနေနဲ့.... Gym မှာ body လှသူကိုသွားရှာနိုင်ပါတယ်။ ရာထူးကြီးသူကိုချဉ်းကပ်နိုင်တယ်။ ချမ်းသာတဲ့သူကို ပိုင်းလုံးဝင်လုပ်လို့ရပါတယ်။ ချောမောသူတွေကို FB ကနေရှာဖွေနိုင်ပါတယ်။ ဒါကသင့်အခွင့်အရေးပါ။ ဒါပေမယ့် သူ့ကိုရွေးချယ်ပြီးပြီဆိုရင်တော့ သူတစ်ပါးနဲ့မနှိုင်းယှဉ်ပါနဲ့။ သင်ကရော အရာရာပြည့်စုံပြီလား? ➡ တကယ်ချစ်မှသာချစ်ပါ 🍁🍁 ပုံလေးမြင်ရုံနဲ့ချစ်တာ စာကြောင်းတွေနဲ့ chat ဖူးရုံနဲ့ချစ်မိတာ အပြင်မှာခဏတာမြင်ဖူးရုံနဲ့ချစ်မိတာ သူများတွေရဲ့ မှတ်ချက်ကောင်းတွေကြောင့် ချစ်မိတာ သင်လိုချင်တာတစ်ခုခုပိုင်ဆိုင်ထားလို့ ချစ်နေတာ... စတာတွေဟာ တကယ့်အချစ်မဟုတ်ပါဘူး။ ဒါတွေကို "အချစ်" လို့ယူဆပြီး Relationship တစ်ခုကို ခပ်မြန်မြန်တည်ဆောက်ခြင်းဟာ နှစ်ဦးနှစ်ဖက်လုံးအတွက် ရေရှည်မှာ ပြဿနာတွေတက်လာနိုင်ပါတယ်။ ဒါကြောင့် မချစ်ခင်အရင်စဉ်းစားသင့်ပါတယ်။ ချစ်နေတုန်းမှာလည်း လေ့လာသင့်ပါတယ်။ ➡ ချစ်ရတာလွယ်ပါတယ် တည်ဆောက်ရတာခက်ခဲလွန်းတယ် 🍁🍁 မှန်ပါတယ်။ ဘယ်လိုပဲချစ်ချစ် ဘယ်သူ့ကိုပဲချစ်ချစ် ချစ်ရတာလွယ်ပါတယ်။ ဒါပေမယ့် အဲဒီအချစ် ၆ လသက်တမ်းရဖို့၊ တစ်နှစ်သက်တမ်းရဖို့၊ ၃ နှစ်သက်တမ်းရောက်ဖို့ကသာမလွယ်ကူတာပါ။ ပြဿနာပေါင်းမြောက်များစွာကို ကျော်ဖြတ်ပြီးမှ ရောက်ကြတာပါ။ ဒီလိုမှမဟုတ်ရင် သွေးပူတုန်းချစ်ကြပြီး သွေးအေးသွားတဲ့အခါ၊ နောက်တစ်ယောက်ပေါ်လာတဲ့အခါ တည်ဆောက်ထားတဲ့အချစ်တွေဟာ မိနစ်ပိုင်းအတွင်းပျက်စီးသွားနိုင်ပါတယ်။ ဒါ့ကြောင့် ခဲယဉ်းစွာတည်ဆောက်ကြပါ။ အမြဲတမ်းလည်းချစ်နေနိုင်ကြပါစေ... ➡ တကယ်တော့ လူအားလုံးမှာအချစ်စိတ်ရှိကြပါတယ်။ ချစ်ပုံချစ်နည်းလွဲမှားနေတာရယ်၊ အချစ်ကို ပုံမဖော်တတ်ကြတာရယ်၊ အချစ်အပေါ်မှာ အတ္တနဲ့မာနဖုံးနေကြတာရယ်၊ အချစ်ဟာ ရလဒ်တွေမတူညီကြတော့တာပါ။ အများကြီးပြင်ဆင်ပြီး အကြီးကြီးချစ်နိုင်ကြပါစေဗျာ။ 🖤 #အချစ် #အချစ်ရေး #ရင့်ကျက်စွာချစ်ပါ #ဘဝစာပေ #စာပေနှင့်ဗဟုသုတ

𝓛𝓪𝓽𝓽 𝓛𝓪𝓽𝓽
𝓛𝓪𝓽𝓽 𝓛𝓪𝓽𝓽
Open In TikTok:
Region: MM
Sunday 04 October 2026 06:31:53 GMT
99841
9521
81
939

Music

Download

Comments

wenhui701
Jingxuan🩵 :
ဘယ်စာမှ ဒီလောက် သဘောမကျဖူးဘူး ခုဟာက တော်တော်လေးကို လက်ခံနိုင်စရာ အချက်လေးတွေပါ အချစ်ဆိုတာတဲ့ အနက်အဓိပ္ပါယ်ကို တစ်နည်းအားဖြင့်တော့ တော်တော်များများ သဘောပေါက်လာရပြီ ဒီစာလေးကြောင့် စာရေးသူလေးရေ ကျေးဇူးပါနော်
2026-10-05 02:12:02
11
usernamekate62
ပူတင်း" :
၃နှစ်ကျော်ပိ နားလည်မူနဲ့ရှေ့ဆက်တယ်။ ယောက်ျားတွေကိုသေချာဂရုစိုက်ကြပါ သူတို့ကအားငယ်စရာတွေကိုကြိတ်ခံစားနေကြတာ တခါလေကိုယ်ကဘဲခလေးမဆန်ပါနဲ့ ကိုယ့်ကောင်လေးကိုလဲခလေးတယောက်လိုဆက်ဆံပေးပါ ဂရုစိုက်ပေးပါ🥰
2026-10-05 23:15:01
2
kiyoshi3402
Ren🌸 :
အကုန်တေခြာပြင်ဆင်ပြီချစ်တာတောင်နောက်တယောက်ပါသွားပါတယ်ဗျာ😅
2026-10-05 13:23:09
1
naylino933
N🤡🤏🤧 :
စားသားလေးကြိုက်တယ်ဗျာပို့ပေးလို့ရလာ🥰🙏
2026-10-04 17:57:51
1
bakemono2817
Bakemono :
ခက်တာကအဲ့လိုလူတေကိုမိန်းခလေးတေကသူတို့ကိုတကယ်ယောချစ်ရဲ့လားလို့အမြဲတွေးပီးမယုံသင်ကာဖစ်ကြပါတယ်🥺
2026-10-05 14:04:52
1
s1234s577
🦆 :
သူကဒီစာလေးပို့လာတယ် သူ့ကိုရည်ရွယ်ထားတာမလိုအဆုံးထိဖတ်လိုက်တယ် ငယ်ရွယ်တဲ့အချစ်ဆိုပေမဲ့စိတ်ကစားပီးချသ်တာမဟုတ်ပါဘူး
2026-10-05 13:22:33
1
hnin.wai21826
🇲🇲🌼หิมะ♑🌼🇹🇭 :
မဂ်လာပါရှင့်....စာသားလေး copy လေး ချပေးပါလားရှင့်💓💓💓💓💓
2026-10-04 14:10:54
1
sumarlin687
🌠Su☆Mar☆Lin🇲🇲🤍🇹🇭 :
ဟုတ်တယ် အသက်၁၅ ၁၆ ၂၀ ကျော် ပေါ့အဲ့တုန်းကဆို ဘယ်ရမလဲ ခု၂၇ ရောက်လာပြီး နောက်ပိုင် လူတစ် ယောက်ကိုမချုပ်ချယ်ချင် တော့ဘူး အော်သူမှာလဲသူလွတ်လပ်ပိုင်ခွင်ရှိတယ် သူစိတ်သူပိုင်တယ် ငါကဘာလိုလိုက်ချုပ်ချယ် နေမလဲ ပေါ့ဆိုတဲ့အ တွေးဝင်လာပြီး လူတစ် ယောက်ကို အေးချမ်းစွာဘဲချစ်ချင် တောတယ်
2026-10-05 12:27:04
1
tin.htun.naung8
Tin Htun Naung :
give&takeကိုကျွန်တော်ကတယောင်ပေါ်တယောက်လေးစားမှုလို့သတ်မှတ်ရင်ရောမရဘူးလား ထပ်တူကျကျချစ်နေတဲ့သူတွေဆိုgive&take theoryကအတ္တမဆန်ဘူးလို့တော့ထင်တာပဲ😳
2026-10-05 14:13:09
1
htunsanlin3
Dragon :
ဒါပေါ့ဗျာလက်ခံပေးထားတာနောက်ကွယ်မှာတစ်ခြားတစ်ရောက်နဲါတွဲနေတတတောင်ဒီကောင်ကြီးသိရဲ့နဲ့ချ်ခဲ့တာဟ
2026-10-05 14:19:57
1
zin.hnin112
Zin Hnin :
သူကမချစ်တော့ဘူး
2026-10-05 10:35:01
1
nyein95982
YuèFēng :
စာသားလေးယူသုံးပါရစေ
2026-10-04 16:12:11
1
thirizaw823
🍀𝓣𝓱𝓲𝓻𝓲🌿 :
စာသားလေးယူပါရစေနော်🥰🥰
2026-10-04 13:52:16
1
user447800653
Moe Moe သာစည်သူ :
👍👍👍👍👍
2026-10-04 14:28:22
1
unknownds137
Sai Yan Naing :
သိပ်မှန်တာပေါ့ဗျာ...ရင်ထဲကရှုပ်ထွေးနေတဲ့ခံစားချက်တွေအခုမှ အစီစဥ်တကျပြန်ဖြစ်သွားသလိုပဲ ကျေးဇူးတင်တယ်ဗျာ🥰
2026-10-05 23:04:06
1
x.mute07
『𝑴』『𝒖』『𝒕』『𝒆』 :
အဲဆိုသူအရင်လူနဲ့ပတ်သက်နေတာရောကျန်တာလက်ခံပေးနိုင်ပါတယ်အဲတစ်ခုရောဘလိုလုပ်ရမလဲ
2026-10-05 14:13:29
0
mimoe0234
Mi Moe :
ပြန်မရနိုင်တော့ပါဘူးအရင်အချိန်ကိုကိုယ်ဖက်ကညှိချင်ပေမယ်သူဖက်ကပျတ်ချင်နေပီမို့ဇာတ်သိမ်းလိုက်ရပါပီ😭💔
2026-10-05 08:11:36
2
maungayesoe501
Lin 🇹🇭 :
စာသားလေ ချပေးပါလားနော်
2026-10-05 07:18:34
1
nyeinnyein2525
nyein :
စာသားလေးပေးပါလားရှင့်🥰
2026-10-04 15:58:57
2
thantzawlin848
Thant Zaw Lin :
စာသားလေး ပေးပါ😊
2026-10-05 05:43:31
1
biguncletheinphay2
❌Never Came Back To Me💯 :
ပြန်တင်ပရစေ စာသားလေးကြိုက်လို့ပါ
2026-10-06 02:42:33
1
stymh489
Soe🦥💞 :
စာသားလေးချပေးပါလား🙏🙏ယူသုံးပါရစေ
2026-10-04 16:45:33
2
win.nwe.aye38
❤🍀🇲🇲Win Nwe Aye🇸🇬🍀❤ :
စာဖတ်ပြီးရူးချင်သွားတယ် ငါသူကိုချစ်မိနေတာ တကယ်လားလို့😬
2026-10-06 00:32:22
1
menan822
black pink :
ပြောထားတဲ့စကားကကောင်းပါတယ် တဖက်ကနေတွေးကြည့်ရင် နင်လည်းနင်ကြိုက်တာနင်လုပ် ငါလည်းငါကြိုက်တာငါလုပ်ဆိုတဲ့သဘောကိုသက်ရောက်ပြီး ရေရည်မှာပျက်သွားနိုင်တဲ့အနေအထားဘဲ😏
2026-10-05 10:47:26
1
thre.maw
美眉汉语学班,垒固,克耶邦 :
လက်ခံပါတယ်
2026-10-05 09:06:55
1
To see more videos from user @moyklin0, please go to the Tikwm homepage.

Other Videos


About