@erica135797: ​📍 မျှော်လင့်ချက် မထားခြင်း ​သူငါ့ကို သတိရနေမလား၊ ငါ့အပေါ်ချစ်စိတ်တွေ ကျန်သေးလားမသိဘူး၊ ငါ့ဆီ ပြန်လာမလား၊ သူငါ့ကိုပဲ ရွေးချယ်မှာလား၊ သူခဏတာ စိတ်ဆိုးနေလို့ နေမယ် စတဲ့မျှော်လင့်ချက် နည်းနည်းမှ မထားတာပါ။ နမ်းတစ်စေ့စာလောက်ရှိသေးရင်တောင် ဒီလူကို လွှတ်ချနိုင်ဖို့ မဖြစ်နိုင်ပါဘူး။ စိတ်ကူးယဉ်ပြီး မျှော်လင့်နေတာတွေ အကုန်ရပ်တန့်လိုက်ပါ။ ဒါပထမဆုံး အချက်ပါ။ ​📍 အာရုံမစိုက်ပါနဲ့ ​သူပျော်နေလား၊ ဝမ်းနည်းနေလား၊ အောင်မြင်နေလား၊ ကျရှုံးနေလား၊ ချစ်သူအသစ် ထပ်ရနေပြီလား၊ ဘာဆိုဘာမှ မသိချင်ပါနဲ့။ အာရုံမစိုက်ပါနဲ့။ မင်းနဲ့လမ်းခွဲတယ်ဆိုတဲ့နေ့ကတည်းက သူနဲ့မင်း ဘာမှ မဆိုင်တော့ဘူး။ ဒီတော့ သူဘယ်နေထိုင်မှုတွေ မင်းနဲ့ဘာမှ မဆိုင်ဘူး။ ပြတ်ပြီဆိုရက် ဘာမှ မတွေးပါနဲ့။ ကောလာဟလလည်း မသိချင်ပါနဲ့တော့။ သူ့ဘက်ကို အာရုံစိုက်နေတာ၊ စိတ်ပူနေတာတွေ လုပ်နေလည်း အပိုပဲ။ ဒီတော့ သူလည်း သူ့လမ်းသူ ဆက်လျှောက်ပါစေ။ မင်းလည်း မင်းလမ်းကို ဆက်လျှောက်ပါ။ ​📍 ကလဲ့စားမချေပါ ​ဘယ်လိုကလဲ့စားချေချင်တာလဲ။ နောက်လူသစ်ထားပြီး ချစ်ပြတာ ဘယ်လောက်အချစ်ခံရကြောင်း သိစေချင်တာမျိုး ပြတာတွေ ဒီလို ကလဲ့စားချေတာမျိုးဟာ လုံးဝ မဟုတ်ပါဘူး။ ဒီနည်းက ကလေးကလား ဆန်တယ်။ တိတ်ဆိတ်စွာ နေပါ။ တိတ်တိတ်နေပြီး ကြိုးစားပါ။ သူထက် ပိုပျော်ရွှင်စွာနေပါ။ သူရှိလည်း ဘဝကို အကောင်းဆုံး နေနိုင်တယ်ဆိုတာ ပြပါ။ အရင်သူနဲ့တုန်းက ရှိတာထက် ပိုသာ ပိုအောင်မြင်အောင် တုံ့ပြန်မှုမျိုးနဲ့ နေထိုင်လိုက်ပါ။ New Version အဖြစ်နေပါ။ တစ်ဖက်က ပြန်လိုချင်ရင်တောင် ဘယ်လိုမှ ပြန်မရနိုင်တော့တဲ့ အနေအထား တစ်ခုအထိ ရောက်အောင် ကြိုးစားပါ။ ဒီနည်းက အနည်းဆုံး ယောကျ်ားတစ်ယောက်ကို အပေးနိုင်ဆုံး ကလဲ့စားချေတာပါပဲ။ ​ယောကျ်ားတွေရဲ့စိတ်က ရိုးရှင်းတယ်။ သူတို့ မချစ်တော့ဘူးဆိုရင် အဲတာ တကယ်ကို မချစ်တော့တာပါ။ အမှန်တရားကို လက်ခံလိုက်ပါ။ သူတို့ ချစ်သေးရင် ချစ်ကြောင်း မင်းကို သက်သေပြလိမ့်မယ်။ အသည်းကွဲတယ်ဆိုတာ ဘဝမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အရာတစ်ခုပါပဲ။ အများကြီး မတွေးပါနဲ့။ ကိုယ့်ကိုယ်ကို ပိုချစ် ပိုဂရုစိုက်ပါနော်။ မင်းက ပိုကောင်းတဲ့အရာတွေနဲ့ ထိုက်တန်သူ ဖြစ်ပါတယ်။ ​#နူးနူးအောင် #everyone #foreveryoung #fyp #credit

တောင်ရိပ်မြူ 🌻🍒🌼🌺🌹🏞️
တောင်ရိပ်မြူ 🌻🍒🌼🌺🌹🏞️
Open In TikTok:
Region: MM
Sunday 04 October 2026 11:16:20 GMT
193967
7681
126
446

Music

Download

Comments

lonely.lion84
🐘 ♍ For ♈ 🐘 :
၃ ချက်လုံးအတိုင်းနေတယ် But လင်မယားဘဲအခုထိ 😊😊
2026-10-04 23:56:28
14
zin.lay.zinlay37
Zin Lay ZinLay :
တစ်ခါတစ်လေစဉ်းစားမိတယ်တစ်ယောက်ထဲနေတာအထီးကျန်ပေမဲ့အေးချမ်းတယ်တစ်စုံ တစ်ယောက်အတွက်မျည်ရည်မကျရဘူးမပူပန်ရဘူးဒေါသတွေမထွက်ရဘူးတစ်စုံတစ်ယောက်ကပေးမဲ့အပြုံးထက်ကိုယ့်ဘာသာကိုယ်ဖန်တီးလို့မရဘူးလားနော်
2026-10-04 20:26:40
13
shwe.zin.khaing08
Shwe Zin Khaing🇯🇵 :
တို့ရအကုန်blockတယ်ဆက်သွယ်နေမိမှာဆိုလို့🙂
2026-10-04 18:02:15
5
thae.ei.kyaw265
Thae Ei Kyaw :
တစ်ခါတစ်လေတောင်သတိမရချင်တော့ဘူး
2026-10-04 23:01:39
5
tagumay075
Tagu May ♎️ :
ကူးလို့ရမလားရှင့်
2026-10-04 16:06:51
2
may.nyein357
🍃Nyein 🍃 :
ဟိုကပြတ်မယ်လည်းမပြောဘူးရှေ့ဆက်မယ် ည်းမပြောဘူးအဲ့တာကျတော့ရောမြော်လင့်ရအုန်းမလားအကြံပေးပါအုန်း
2026-10-05 07:57:24
4
mywaymhway
Mhway :
Block တာလဲလုပ်သင့်တယ် သူတို့စာတွေဘာတွေပို့ရင်စိတ်ပြန်ယိုင်သွားနိုင်တယ်
2026-10-05 07:03:51
2
la.htaw0
La Htaw :
ကျေးကျေး
2026-10-04 15:32:56
2
user3814400984615
အဲဥ်အဲဥ် :
တို့ကတော့လွှတ်ချခဲ့တာကြာပြီလှှည့်ကိုမကြည့်တာ
2026-10-04 15:46:27
4
shout133
✦ 𝒩ℴ𝓈𝓉𝒶𝓁ℊ𝒾𝒶 ✦Zex ⚡︎ :
နေရာချင်းလဲခိုင်းရင် သိမာ🥺
2026-10-08 09:39:52
1
oberongtr
su su :
🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰ဟုတ်ကဲပါမှတ်သားထားပါတယ်ရှင်🥰🥰🥰🥰
2026-10-05 12:58:09
1
rose433118
Rose👑 :
မလုပ်နိုင်သေးတာ အခုဒီစာတွေ့တော့မေ့နိုင်အောင်ကြိုးစားတော့မယ် တင်ပေးသူကိုလည်းကျေးဇူးတင်ပါတယ်
2026-10-05 00:22:06
3
phyusinmay2000
ピュー・シン・メイ :
အဲ့စာထဲကအတိုင်းတခုမှမလုပ်နိုင်သေးတာ😁
2026-10-04 18:04:49
2
nyanyeyinthttet
Eaint :
တခါတလေသတိရတာကလွဲရင် ဘာစိတ်မှမရှိတော့ဘူး
2026-10-04 22:56:20
1
user593571863696
စန္နကူးဝေ🍓🍓🍓❤❤❤🍓🍓🍓🍓 :
ဘာမှ မျှော်လင့်မထားတော့ပါဘူး
2026-10-05 15:08:08
1
ayethet4272
ayethet :
ကျေးဇူးတင်ပါတယ်
2026-10-05 09:00:52
1
min.khant.naing2045
Min Khant Naing :
မှန်တယ်
2026-10-04 13:15:19
2
aiueao2
ネズミ🇲🇲 :
ဘာမှမလုပ်ဘူး သူ့အကြောင်းလဲမတွေးဘူး တိတ်ဆိတ်နေလိုက်တယ်
2026-10-04 16:54:58
1
ei.shwesin05
🐻Ei Shwesin🐻 :
တဂယ်နော် အရင်က မပြတ်နိုင်တော့ ဒီ3ချက်နဲ့ညှိသေးတာ ခုတော့ အေးဆေးပဲ မောက်ကောင်မလေးနဲ့ပုံတင်တာတောင် ပြုံးပြုံးလေးနဲ့ကြည့်နိုင်တယ် သူပျော်တာမပျော်တာလဲ ကိုယ့်ကိစ္စမဟုတ်သလို သူ့ကိုရွဲ့ပီးတွဲရမဲ့သူလဲမရှိသလို သားတစ်ယောက်ကို ပြည့်ပြည့်စုံစုံ ငါ့အင်အားနဲ့ထားမယ် ကိုယ့်ခြေထောက်ကိုယ် မားမားမပ်မပ် ရပ်နိုင်တဲ့ မိန်းမအဖြစ် ကြိုးစားဖို့ပဲ ဦးနှောက်ထဲရှိတော့တယ် ဒါဟာ ရေစက်ကုန်ခမ်းသွားတာထင်ပါတယ် နောင်သံသရာမှာ တစ်ကွေ့တော့ပြန်ဆုံအုံးမှာပဲလေ အပြုံးနဲ့ပဲ တွေ့ချင်ပါတယ် ချစ်ခြင်းမုန်းခြင်း အကင်းနဲ့
2026-10-05 09:01:22
4
kichitkimkim
Melody (မယ်လိုဒီ) :
မှန်တယ်
2026-10-04 17:08:19
1
thuthu115250
✨Thu™🍀♉️ :
ငါလုပ်နိင်ရမယ် 🙂‍↔️🙂‍↔️🙂‍↔️
2026-10-04 16:32:51
2
nadiphyo3423
Ruby🦋 (official) :
အချစ်စစ်တွေအလွန်ရှားပါးပီ လွယ်လွယ်ရလွယ်နိုတ်မြည်းနေတဲဒီခေတ်မှာ မေတ္တာစစ်နဲ့ချစ်တဲ့သူတွေအတွက်ဒီလိုစာတွေများများတင်ပေးကျပါ ☺️☺️
2026-10-05 13:25:38
2
ayethfdejei
T Z W သားမေမေ🥰🤎 :
တိတ်တိတ်လေးပဲနေလိုက်တယ်
2026-10-04 17:19:09
2
cecilia.moora
cecilia moora🇻🇦🇻🇦✝ :
သုံးခုလုံးဘဲ ကိုယ်တွေကလိပ်ပြာသန့်တယ်လေ အာ့ကြောင့် ဘယ်တော့မှမ block ဘူး
2026-10-05 15:53:42
2
kyikyibhone
KyiKyi Bhone :
အတော်ကြိုးစားရအုံးမှာပါ ခက်ခဲပေမယ့်နေတတ်သွားမှာပါ ကျေးကျေးပါနော်
2026-10-05 01:37:00
2
To see more videos from user @erica135797, please go to the Tikwm homepage.

Other Videos


About