@ye.baw.nay.lin2: နိုင်ကျဉ်းသူ CDM ဆရာမ ဒေါ်ခင်သီတာ ကျဆုံး ပြည်တွင်းသတင်း တွန်နယူးစ်နက်ခ်ဝက် အောင်တိုဘာ ၄၊ ၂၀၂၆ နိုင်ငံရေးအကျဉ်းသူ CDM ဆရာမ ဒေါ်ခင်သီတာ ကျဆုံးသွားကြောင်း အာဏာရှင်စနစ်ဆန့်ကျင်ရေး ပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်းရေးကော်မတီ(မန္တလေး) – AJFCCM က ယနေ့ညပိုင်း ထုတ်ပြန်အသိ ပေးသည်။ ဆေးတက္ကသိုလ်(မန္တလေး)၊ ရောဂါဗေဒဌာန၊ ဓါတ်ခွဲခန်းမှူး CDM ဆရာမ ဒေါ်ခင်သီတာသည် နိုင်ငံရေးယုံကြည်ချက်ကြောင့် မတရားဖမ်းဆီးခံရပြီး မန္တလေး အိုးဘိုထောင်အတွင်း အကျဉ်းကျနေစဉ် စက်တင်ဘာ ၂၈ ရက်က ကျဆုံးသွားကြောင်း သိရှိရသည့်အတွက် ကျန်ရစ်သူမိသားစုနှင့် ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရကြောင်းဟု AJFCCM က ဆိုသည်။ ဒေါ်ခင်သီတာသည် ၂၀၂၁ ဖေဖော်ဝါရီကစ၍ စစ်အာဏာရှင်စနစ်ကို ရဲရဲဝံ့ဝံ့ ဆန့်ကျင်လျက် CDM ပြုလုပ်ခြင်း၊ နွေဦးတော်လှန်ရေး ၅ နှစ်ကျော်ကာလအတွင်း CDM ဝန်ထမ်းများအား ထောက်ပံ့ကူညီခြင်း၊ ဖေးမစောင့်ရှောက်ခြင်းစသည့် အာဏာရှင်ဆန့်ကျင်ရေး လုပ်ငန်းစဉ်များတွင် ကျရာအခန်းကဏ္ဍများတွင် တာဝန်ကျေပွန်စွာ ထမ်းရွက်ခဲ့သည့် လေးစားထိုက်သော CDM ဝန်ထမ်းကောင်း တဦးဖြစ်ကြောင်းလည်း AJFCCM က အသိပေးထားသည်။ ဒေါ်ခင်သီတာ ကျဆုံးရခြင်းသည် မြန်မာ့နွေဦးတော်လှန်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီအရေး တိုက်ပွဲအတွက် ဆုံးရှုံးမှု တရပ်အဖြစ် မှတ်တမ်းတင် ဂုဏ်ပြုကြောင်းနှင့် ဒေါ်ခင်သီတာမှာ နိုင်ငံရေးယုံကြည်ချက်ကြောင့် အကျဉ်းကျနေစဉ် လုံလောက်စွာ ဆေးကုသမှု မရခဲ့သဖြင့် ကျဆုံးခဲ့ရခြင်းဖြစ်ကြောင်းလည်း AJFCCM က ထောက်ပြထားသည်။ အာဏာသိမ်းချိန်ကနေ လက်ရှိအချိန်အထိ မြန်မာနိုင်ငံ တဝန်းလုံးရှိ အကျဉ်းထောင်များအတွင်း ကျဆုံးခဲ့ကြသည့် နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူ ဦးရေစုစုပေါင်း ၂၇၄ ဦး ရှိသွားပြီဟု မြန်မာ့အကျဉ်းထောင်သက်သေ(MPW) က ယခုနှစ် ဖေဖော်ဝါရီ ၁ ရက်က ထုတ်ပြန်ခဲ့သည်။ ဓာတ်ပုံ - AJFCCM ပုံစာ - ကျဆုံးသွားသော နိုင်ငံရေးအကျဉ်းသူ CDM ဆရာမ ဒေါ်ခင်သီတာ။

YE BAW
YE BAW" NAY" LIN" 10.5M
Open In TikTok:
Region: MM
Monday 05 October 2026 00:40:57 GMT
32480
1755
141
52

Music

Download

Comments

hein.min.soe4687
blue :
အခုလိုလူတော်လူကောင်းတွေ ပေးဆပ်ရတာများပီ အကျဉ်းထောင်ထဲလူမသိသူမသိနဲ့အသက်ပေးဆပ်သွားတာဘယ်လောက်တောင်များရှိပီလဲ အလေးပြုလိုက်ပါတယ်🥺🥺🥺
2026-10-05 01:26:33
17
khin.thandar649
Khin Thandar :
CDM ဆရာ။ဆရမ များအားလုံးကိုလေးစားလျက်ပါ။
2026-10-05 01:50:11
8
ericmaowxhu
Eric :
ပညာတက်တွေဆုံးရှုံးရတာရင်နာရပါတယ်
2026-10-05 02:01:31
6
yyiei53
မင်းဧကရာဇ် :
အလေးပြုပါသည်ဆရာမ
2026-10-05 01:55:54
3
buddhiven
buddhiven :
ယုံကြည်ချက်ကြောင့် ပညာရှင်တွေကျဆုံရတာ မဖြစ်သင့်ပါဘူး တိုင်းပြည်အတွက်လည်းနစ်နာ သလို ကျန်ရစ်သူမိသားစုတွေ ပြန်မရနိုင်တဲ့ဆုံးရှုံးမှု တွေပါ။
2026-10-05 02:26:52
5
sandarlamin1233
Luna :
🥺🥺🥺🥺ဆရာမကောင်းရာမွန်ရာရောက်ပါစေ
2026-10-05 01:41:38
14
kay.thwe.myint48
Kay Thwe Myint - Offical :
မြင့်မြတ်တဲ့ဘဝမှာအေးချမ်းပြည့်စုံပါစေဆရာမ😢
2026-10-05 02:21:49
5
chanchan5062
🐬Chan Chan🐬 :
ဈေးကြီးလိုက်တာ ဒီမိုကရေစီ😭
2026-10-05 02:53:30
1
thakinma7386
WHO AM l :
[Heartwarming][Heartwarming][Heartwarming]ဘယ်တော့မှမမေ့ဘူး RIPပါ[Innocent][Innocent][Innocent]
2026-10-05 00:51:36
5
nay.ma.kha71
Nay Ma Kha :
အေးချမ်းတဲ့ဘုံဘ၀မှာအေးချမ်းစွာအနားယူနိုင်ပါစေ🙏🙏🙏🙏🙏
2026-10-05 03:10:55
1
daw.thi895
Daw Thi :
R I P ပါအမရေ🥰🥰🥰
2026-10-05 01:35:51
3
ukoaye42
Uko Aye :
စိတ်မကေါင်းလိုက်တာ ပေးဆပ်လိုက်ရတဲ့ တန်ဖိုးရှိတဲ့ရတနာတွေများလိုက်တာ
2026-10-05 02:51:58
1
thantzinphyo3541
မာမာအေး :
ပညာတပ်တေကျရှုံးရတာနှစ်မျှေားပါတယ်ပြည်သူရဲဒေါ်ခင်သီတာကောင်းရာရောက်ပါစေ
2026-10-05 02:12:02
2
dawwinmarhtay2
Mar Mar :
စိတ်မကောင်းလိုက်တာ၊ဆရာမကောင်းရာဘုံဘဝရောက်ပါစေ😭😭😭😭😭😭😭😭😭😭
2026-10-05 02:04:41
1
user348945571
အန်တီစန္ဒာ :
ကောင်းရာသုဂတိလားပါစေ။
2026-10-05 02:09:04
1
yuyux515
yuyux515 :
ရင်ထဲမှာမခံစားနိုင်မွန်းကြပ်နေပြီမခံစားနိုင်လိုပါ
2026-10-05 01:54:33
2
ko.py.thu0
ကိုပိုင်သူ :
အလေးဝါ ပြုလိုက်ပါတယ်~ နဲ့
2026-10-05 02:15:47
1
ashindemoeoo
ashin Demoeoo :
2026-10-05 01:27:27
1
oppo.a77s227
U Hla Win :
2026-10-05 01:39:46
1
ashindemoeoo
ashin Demoeoo :
2026-10-05 01:27:45
1
san.dar.myint007
San Dar Myint :
စိတ်မကောင်းဘူး ဆရာမ ကောင်းရာမွန်ရာ ရောက်ပါစေ
2026-10-05 02:08:13
1
rose.may766
rose may :
ဝမ်းနဲပါတယ် စိတ်မကောင်းဖြစ်ရပါတယ် ဆရာမရေလို့မပြောချင်ဘူး ကိုယ်ကသူ့လောက်မှမစွန့်လွှတ်နိုင်တာ ဒီလိုတွေခံစားနေရတာတွေအမြန်ဆုံးပြီးဆုံးပါစေလို့ဆုတောင်းရင်း....
2026-10-05 01:54:47
1
user8812129205063
U Naing :
fighting
2026-10-05 01:59:30
0
To see more videos from user @ye.baw.nay.lin2, please go to the Tikwm homepage.

Other Videos


About