@eihtun23: ဆရာမ ဂျူးပြောသလိုပဲ အချစ်ဆိုတာ အချစ်အတိုင်းသီးသန့်လေးထားတာကောင်းပါတယ်။ ​တကယ်တော့ အချစ်စစ်ဆိုတာ တစ်ယောက်ကို တစ်ယောက် လွတ်လပ်ခွင့် ပေးထားခြင်းပါပဲ။ သူ စားချင်တာ စားခွင့်ရှိမယ်၊ သူ သွားချင်တာ သွားခွင့်ရှိမယ်၊ ကိုယ်သွားချင်တဲ့ လမ်းမှာ ကိုယ် ရှိနေသလို သူသွားချင်တဲ့ လမ်းမှာလည်း သူ ရှိနေခွင့် ရှိရမယ်။ အတင်းအကျပ် ဆွဲကိုင်ချုပ်ကိုင်ထားစရာ မလိုဘဲ တစ်ယောက်နဲ့ တစ်ယောက် ဝေးနေတဲ့အခါတောင်မှ ရင်ထဲမှာတော့ လုံခြုံနွေးထွေးနေစေတာဟာ အချစ်ရဲ့ အလှတရားပါပဲ။ ​အဲ့ဒီလို အချစ်မျိုးကို ပိုင်ဆိုင်နိုင်ဖို့ဆိုရင် ကိုယ်တိုင်လည်း တစ်ဖက်သားအပေါ် အလွန်အမင်း မှီခိုအားထားနေတာမျိုး မရှိဘဲ ကိုယ့်ခြေထောက်ပေါ် ကိုယ်ခိုင်မာစွာ ရပ်တည်နိုင်ဖို့ လိုပါတယ်။ ကိုယ့်ရဲ့ ပျော်ရွှင်မှုအတွက် တခြားသူတစ်ယောက်ကို လုံးဝကြီး ပုံအပ်မထားဘဲ၊ ကိုယ့်ဘဝကို ကိုယ်တိုင် လှပအောင် ဖန်တီးနိုင်စွမ်း ရှိရပါမယ်။ ​အချစ်ကို အချစ်အတိုင်း၊ သံယောဇဉ်ကို သံယောဇဉ်အတိုင်း သီးသန့်လေး ထားလိုက်နိုင်တဲ့အခါမှသာ... အဲ့ဒီအချစ်က ပူလောင်ခြင်း မရှိဘဲ လွတ်လပ်ခြင်းနဲ့ အေးချမ်းခြင်းကိုပါ တစ်ပါတည်း ယူဆောင်လာပေးနိုင်မှာပါ။ -ဖားစည်ရည်ကျော် #စာသားcrd #fyp #viralvideo #view #tiktok

𝗘
𝗘
Open In TikTok:
Region: MM
Monday 05 October 2026 04:05:42 GMT
28231
2068
4
87

Music

Download

Comments

thandar.htun2273
💦𝒜𝒽 𝒳𝓉𝓊𝓃💦 :
စာသားလေးချပေးပါလား🥺
2026-10-05 12:57:23
0
tun56152
🌻ဂီဂီ🌻 :
စာသားလေးပြန်ယူမယ်နော်🥰🥰🥰
2026-10-05 08:13:00
0
nyanlvrn1q1
Nyan Lin Tun :
[Tears of joy][Tears of joy][Tears of joy]
2026-10-05 12:46:29
0
To see more videos from user @eihtun23, please go to the Tikwm homepage.

Other Videos


About