@mayhsupyaelwin: သေချာတာကတော့ ကိုယ့်မှာ တစ်ယောက်ယောက် မက်မက်မောမော ဖြစ်စရာ ဘဝတစ်ခု မရှိပါဘူး။ လူတွေကြားထဲမှာ ပြောပြစရာ အောင်မြင်မှုကြီးတွေ၊ ဂုဏ်ယူစရာ မှတ်တိုင်ကြီးတွေ၊ သူများတွေ အားကျလောက်စရာ ဇာတ်လမ်းကောင်းတစ်ပုဒ်လို လှပနေတဲ့ဘဝမျိုးလည်း မဟုတ်ပါဘူး။ နေ့ရက်တွေဟာ ရိုးရိုးလေးပါပဲ။ ရှင်သန်ဖို့ ကြိုးစားရင်း အခက်အခဲတွေကို ရင်ဆိုင်ရတယ်။ တစ်ခါတလေ ကိုယ်မျှော်လင့်ထားသလို မဖြစ်လို့ စိတ်ပျက်ရတယ်။ တချို့နေ့တွေမှာ ဘာအကြောင်းမှ မရှိဘဲ စိတ်တွေ လေးလံနေတတ်တယ်။ ဝမ်းနည်းစရာရှိတဲ့နေ့မှာ ဝမ်းနည်းတယ်။ ပျော်စရာရှိတဲ့နေ့မှာ ပျော်တယ်။ တစ်ခါတလေ ရယ်မောရင်း တစ်နေ့ကုန်သွားတယ်။ တစ်ခါတလေတော့ ဘာမှမဖြစ်ခဲ့သလိုနဲ့ တိတ်တိတ်လေး တစ်နေ့ကုန်ပြန်တယ်။ ပြီးတော့ မနက်ဖြန်ရောက်ရင်လည်း အဲ့ဒီမနက်ဖြန်ကို ထပ်ပြီး ရှင်သန်ရတယ်။ ဒီလိုပဲဲကိုယ့်ဘဝဟာ ထူးထူးခြားခြား မဟုတ်ပဲ သာမန်နေ့ရက်တွေနဲ့ လည်ပတ်နေတဲ့ သာမန်ဘဝလေးတစ်ခု ဖြစ်တယ်။ ဒါပေမယ့် ကိုယ်ကတော့ အဲ့ဒီဘဝလေးကိုပဲ ကျေနပ်မိတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘဝရဲ့တန်ဖိုးဆိုတာ အပြင်ကလူတွေ ကြည့်ပြီး သတ်မှတ်ပေးရတဲ့အရာ မဟုတ်ဘူးလို့ ကိုယ်ယုံကြည်ထား လို့ပဲ။ ကိုယ့်ဘေးမှာ ချစ်ခင်ရတဲ့လူတွေ ရှိတယ်။ အဆင်မပြေတဲ့အချိန်မှာ ကိုယ့်အနားမှာ တိတ်တိတ်လေး ရှိပေးမယ့်သူတွေ၊ ကိုယ်ပျော်တဲ့အခါ အတူပျော်ပေးမယ့်သူတွေ၊ ကိုယ်နာကျင်တဲ့အခါ ကိုယ့်နာကျင်မှုကို ကိုယ်တိုင်ထက်တောင် နားလည်ပေးတတ်တဲ့သူတွေ ရှိတယ်။ ကိုယ်မြတ်နိုးရတဲ့ အကြောင်းအရာတွေ ရှိတယ်။ စာအုပ်တစ်အုပ် ဖြစ်နိုင်တယ်။ သီချင်းတစ်ပုဒ် ဖြစ်နိုင်တယ်။ တိတ်ဆိတ်တဲ့ ညနေခင်းတစ်ခု ဖြစ်နိုင်တယ်။ မိုးရွာတဲ့နေ့တစ်နေ့ ဖြစ်နိုင်တယ်။ ကိုယ်ကြိုက်တဲ့နေရာလေးတစ်နေရာ ဖြစ်နိုင်တယ်။ သူများအတွက် ဘာမှမဟုတ်တဲ့အရာတစ်ခုက ကိုယ့်အတွက်တော့ တစ်နေ့တာကို ဆက်ရှင်သန်ဖို့ အကြောင်းပြချက်တစ်ခု ဖြစ်နေတတ်တယ်။ ပြီးတော့ ဘယ်လောက်ပဲ အခက်အခဲတွေကြားထဲ ရောက်ရောက် မပျောက်ဆုံးချင်တဲ့ ကိုယ့်စိတ်ဓာတ်တွေ ရှိတယ်။ ကိုယ်ယုံကြည်တဲ့အရာတွေ ရှိတယ်။ ကိုယ်တန်ဖိုးထားတဲ့အရာတွေ ရှိတယ်။ ဘယ်သူမှ မမြင်ရင်တောင် ကိုယ်တိုင်မစွန့်လွှတ်ချင်တဲ့ ကိုယ့်အတွင်းက တန်ဖိုးတွေ ရှိတယ်။ အဲ့ဒီအရာတွေကြောင့်ပဲ ကိုယ့်ဘဝဟာ သာမန်ဖြစ်နေပေမယ့် ကိုယ့်အတွက်တော့ ရှင်သန်နေထိုင်ဖို့ လုံလောက်တယ် ။ လူဆိုတာ ကိုယ့်ဘဝကို ချစ်မြတ်နိုးဖို့ အရေးကြီးဆုံး မဟုတ်လား။ ဘဝက ဘယ်လောက်ပဲ သာမန်ဖြစ်နေပါစေ ကိုယ်ချစ်ရတဲ့လူတွေ ရှိနေတယ်ဆိုရင် အဲ့ဒီဘဝမှာ အဓိပ္ပါယ်ရှိတယ်။ အိပ်ရာက နိုးလာပြီး ဒီနေ့ကို ထပ်ပြီး ရှင်သန်ချင်သေးတယ်ဆိုရင် အဲ့ဒီဘဝမှာ တန်ဖိုးရှိတယ်။ မပြည့်စုံပေမယ့် ကိုယ့်မှာရှိတဲ့အရာလေးတွေကို တန်ဖိုးထားတတ်သေးတယ်ဆိုရင် အဲ့ဒီဘဝဟာ မဆိုးပါဘူး။ တစ်ခါတလေ

May Su Pyae Lwin🦂3131♏️
May Su Pyae Lwin🦂3131♏️
Open In TikTok:
Region: US
Monday 05 October 2026 05:10:22 GMT
649
58
10
1

Music

Download

Comments

htetnwebo
Htet Nwe Bo :
အမြဲပျော်ပျော်နေတတ်တဲ့ အမ ပျော်ပျော်လေး နေပါနော်💜
2026-10-05 16:41:17
1
billion.lands.co
Billion Lands Co.,Ltd :
ပျော်နေတာလေးပဲ မြင်ချင်တာလေ😍
2026-10-05 16:06:27
1
naynwelatt3
🐲 Nay Nwe Latt 🐲 (official) :
ရောက်နေလား ညီမလေး
2026-10-05 13:00:37
1
hninlai24
HninLai24 :
ဒီလောက်ပြီးပြည့်စုံတဲ့ဘဝလေး ပိုင်ဆိုင်ထားတာကို 💛
2026-10-05 05:20:12
1
hnin89997
hnin Lae :
မိန်းမသားချင်းမို့ ကိုယ်ချင်းစာပါတယ်Take Care
2026-10-05 08:02:29
1
To see more videos from user @mayhsupyaelwin, please go to the Tikwm homepage.

Other Videos


About