@ei.ei.myat660: (အိုးနဲ့တူတဲ့လူသုံးမျိုး) (၁")(မပြည့်တဲ့အိုး) "မပြည့်တဲ့အိုး ဘောင်ဘင်ခတ်" ဆိုသလို နည်းနည်းသိပြီး စကားကို ဟောင်ဖွာ ဟောင်ဖွာနဲ့ အများကြီးပြောချင်တဲ့သူမျိုးပါ။ အခြေအနေမှန်ကိုလည်း ကောင်းစွာမသုံးသပ်၊ အရိပ်အကဲကိုလည်း နားမလည်၊ ကိုယ်ပြောချင်တာကိုပဲ ဇွတ်အတင်း ပြောတတ်ပါသေးတယ်။ ဒီအိုးလို သူမျိုးဟာ-ပတ်ဝန်းကျင်နဲ့ဖီလာ ကန့်လန့် အမြဲဖြစ်နေ တတ်ပြီး အရူး ၊အပေါ ၊စိတ်မမှန်သူလို့ ကဲ့ရဲ့ ရှုတ်ချ အပြစ်တင်ခြင်း ခံရတတ်ပါတယ်။ (၂)#ပြည့်နေပြီလို့ ထင်နေတဲ့အိုး။ အရာရာ ငါသိ၊ ငါတတ်၊ ငါသာလျှင် အမြတ်ဆုံးလို့ သွေးနားထင်ရောက်ကာ မိမိကိုယ်ကို အထင်ကြီး ဘဝင် လေဟပ် နေသူမျိုးပါ။ ဘာမဆို သိပြီးသား၊ တတ်ပြီးသား အချိုး မျိုးနဲ့ အခြားတစ်ပါးသူကို နှိမ့်ချ ဆက်ဆံ တတ်ပါသေးတယ်။ စကားပြော မောက်မာ ခက်ထန်တတ်ပြီး အမြဲလိုလို ဆရာကြီး ဂိုက်ဖမ်းနေတတ်ကာ ကိုယ့်ကိုယ်ကို ဖြည့်စရာ မလိုလောက်အောင် ပြည့်နေပြီ ထင်နေတတ်တဲ့ အိုးမျိုးလိုပါ။ ဒီအိုးလို သူမျိုးဟာ- ပတ်ဝန်းကျင်ရဲ့ ရှောင်ကွင်းမှုကို ခံရတတ်ပြီး တဖြေးဖြေး အရေးမပါ အရာမရောက်တော့တဲ့ ဘဝအခြေအနေမျိုး ကြုံရတတ်ပါတယ်။ (၃) #ဘာဆို_ဘာမှမရှိသေးတဲ့အိုး။ အရာရာကို နားလည်ခွင့်လွှတ်နိုင်စွမ်း အပြည့်ရှိနေပြီး ငါသိစရာ၊ ငါတတ်စရာတွေ အများကြီး ရှိနေပါသေးလားဆိုတာ သိနေ တဲ့ လူမျိုးပါ။ သူများကို အထင်မသေးတတ်သလို ကိုယ့်ကိုယ်လည်း အထင်ကြီး ဘဝင်မြင့် မနေတတ်ပါဘူး။ ဒီအိုးလို သူမျိုးကသာ. ပညာပြည့်၀ နှလုံးလှပြီး လောကအလယ် ဂုဏ်မငယ်ရဘဲ လူချစ် လူခင် များသထက် များနေကာ ပတ်ဝန်းကျင်ရဲ့ အထင်ကြီး လေးစားမြတ်နိုးမှုကို အထူး ခံစားရပါလိမ့်မယ်။ သင်ကော ဘယ်လို အိုးမျိုးဖြစ်နေပါလဲ ?

Ei Ei Myat
Ei Ei Myat
Open In TikTok:
Region: TH
Monday 05 October 2026 07:29:49 GMT
487
89
3
0

Music

Download

Comments

susu77563
💃🫶🌸Chit Su Paing🌸🫶💃🎵 :
ဘာမှမရှိတဲ့အိုး🥺🥺🥺
2026-10-05 07:32:57
0
zin35026
zin :
2026-10-05 09:03:57
0
nannan1872
ရွှေဘိုသားလေး :
❤️❤️❤️
2026-10-05 13:36:27
0
To see more videos from user @ei.ei.myat660, please go to the Tikwm homepage.

Other Videos


About