@sandartun499: မာနတွေကြီးနေလိုက်ကြတာ မသေတော့မဲ့လူတွေလိုပါဘဲ...လူတွေကို ကြည့်မိတိုင်း... သံဝေဂတစ်ခုတော့ ရမိတယ်။ တချို့က မာနတွေနဲ့ အမြင့်တက်နေကြတယ်။ တချို့က အတ္တတွေနဲ့ မျက်စိပိတ်နေကြတယ်။ ကိုယ့်ထက် နိမ့်တယ်ထင်တဲ့သူကို အထင်သေးတယ်။ ကိုယ့်ထက် အားနည်းတယ်ထင်တဲ့သူကို နှိမ့်ချဆက်ဆံတယ်။ ကိုယ့်မှာ အာဏာရှိလို့... ကိုယ့်မှာ ငွေရှိလို့... ကိုယ့်မှာ ဂုဏ်ရှိလို့... အဲဒီအရာတွေက ထာဝရပိုင်ဆိုင်ခွင့် ရထားသလိုနဲ့... ငါမှငါဆိုတဲ့ စိတ်နဲ့ လူလူချင်း နာကျင်အောင် ပြောဆိုကြတယ်။ ဒါပေမယ့်... အချိန်တန်ရင် ဘယ်သူမှ မကျန်ရစ်နိုင်ပါဘူး။ နောက်ဆုံးမှာတော့ အားလုံးဟာ မြေတစ်ဆုပ်နဲ့ ပြာတစ်ဆုပ်ပါပဲ။ တစ်နေ့မှာ အားလုံးဟာ ထွက်ခွာသွားကြရမယ့် ခရီးသည်တွေပါ။ ဒါပေမဲ့ ငါမှငါဆိုတဲ့အတွေးနဲ့ မာနတွေ ထူပြောနေကြတယ်၊ မနာလိုမှုတွေနဲ့ အချင်းချင်း လောင်ကျွမ်းနေကြတယ်။ သူများအပြစ်ကို ရှာရတာနဲ့ပဲ ဘဝကို ကုန်ဆုံးစေတဲ့အခါ မိမိကိုယ်တိုင်ရဲ့ အမှားနဲ့ အချိန်တွေ ကုန်သွားတာကို မသိလိုက်ကြဘူး။ အခိုက်အတန့်လေး ရထားတဲ့ ဘဝမှာ မုန်းတီးခြင်းတွေနဲ့ အချိန်မဖြုန်းသင့်ပါဘူး။ အားလုံးဟာ သေခြင်းတရားရဲ့ လက်ခုပ်ထဲက ရေစက်လေးတွေပါပဲ။ ကိုယ့်ကိုအပြစ်ပြောနေသူကို သွားပြီးမုန်း‌စရာ မလိုပါဘူး၊ သူတစ်ပါးကို မနာလိုမယ့်အစား ဝမ်းမြောက်တတ်ပါ။ အမုန်းတွေ သိမ်းထားမယ့်အစား ခွင့်လွှတ်တတ်ပါ။ မာနကို ဖက်တွယ်မယ့်အစား နှိမ့်ချတတ်ပါ။ နောက်ဆုံး.. ဒီလောကကြီးကနေ ပြန်ထွက်သွားတဲ့အချိန်မှာ... ယူသွားလို့ရတာ ငွေကြေးမဟုတ်ဘူး... ဂုဏ်ပုဒ်မဟုတ်ဘူး... ကိုယ်ပြုခဲ့တဲ့ ကံနဲ့ ကုသိုလ်ပဲ ကိုယ့်နောက်ကို လိုက်လာမှာပါ။ ကောင်းခြင်း ဆိုးခြင်းတွေဒွန်တွဲနေတဲ့ လောကထဲမှာ အကောင်းမြင်စိတ်ရှိမှ လူဖြစ်ကျိုးလည်းနပ်စေမှာပါ။#မူရင်းစာရေးသူအားcrdပေးပါတယ်

💗Sandar tun💗
💗Sandar tun💗
Open In TikTok:
Region: MM
Monday 05 October 2026 08:03:21 GMT
411
76
8
0

Music

Download

Comments

onestar6862
💗🌱teea🌱💗 :
ဟုပ်ပ
2026-10-05 08:15:38
0
user403572521651
ဒဏ္ဍာ ရီ :
ဟုတ်လား
2026-10-06 03:33:23
0
kothanzinoo01
🌻Zin🌻 :
2026-10-05 13:20:40
0
zoe.lay2994
🌧🌧ထာဝရချစ်နေမယ်❤❤❤ :
❤️❤️❤️
2026-10-05 10:12:28
0
patheintharmin.kh
patheinthar@min khat29581 :
🥰🥰🥰
2026-10-05 09:48:56
0
oo.oo.chit7
Oo Oo chit :
🥰🥰🥰
2026-10-05 08:21:33
0
kungma.lay13
kungma lay :
👍👍👍
2026-10-05 14:56:13
0
To see more videos from user @sandartun499, please go to the Tikwm homepage.

Other Videos


About