@aung.lay.atu: “သိန်း ၅,၀၀၀ ယူမလား၊ သိန်း ၁,၀၀၀ ယူမလား” လို့ အိပ်မက်ထဲမှာ မေးခံခဲ့ရပြီး “သိန်း ၁,၀၀၀ ပဲ ယူပါမယ်” လို့ ပြန်ဖြေခဲ့တဲ့ အသက် ၆၈ နှစ်အရွယ် ဦးကျော်စွာဟာ တကယ်ပဲ ကျပ်သိန်း ၁,၀၀၀ ဆုကြီး ကံထူးသွားခဲ့ပါတယ်။ ရန်ကုန်တိုင်း၊ ဒလမြို့နယ်၊ ရခိုင်ချောင်ကျေးရွာမှာ နေထိုင်တဲ့ ဦးကျော်စွာဟာ ၉၁ ကြိမ်မြောက် အောင်ဘာလေထီမှာ သိန်း ၁,၀၀၀ ဆုကို မမျှော်လင့်ဘဲ ဆွတ်ခူးခဲ့တာဖြစ်ပါတယ်။ စိတ်ဝင်စားစရာကောင်းတာက ထီဖွင့်မယ့်ရက် မတိုင်ခင် ရက်ပိုင်းအလိုမှာ အိပ်မက်တစ်ခု မက်ခဲ့တာပါ။ အဲဒီအိပ်မက်ထဲမှာ ပုဂ္ဂိုလ်တစ်ဦးက “သိန်း ၅,၀၀၀ ယူမလား၊ သိန်း ၁,၀၀၀ ယူမလား” လို့ မေးခဲ့ပြီး ဦးကျော်စွာကလည်း “၅,၀၀၀ ကတော့ များတယ်၊ ၁,၀၀၀ ပဲယူပါမယ် အဘရယ်။ နောက်များ ထိုက်တန်ရင်တော့ ၅,၀၀၀ ထပ်ရရင်ရပေါ့” လို့ ပြန်ဖြေခဲ့တယ်လို့ ဆိုပါတယ်။ အိပ်မက်ကတော့ ဝိုးတိုးဝါးတားနဲ့ သေချာမမှတ်မိပေမယ့် ထီဖွင့်ပြီးနောက်မှာတော့ အိပ်မက်ထဲက ပြောခဲ့တဲ့ “သိန်း ၁,၀၀၀” နဲ့ တကယ်ပဲ တိုက်ဆိုင်သွားခဲ့တာပါ။ အသက် ၆၈ နှစ်အရွယ်မှာ မမျှော်လင့်ထားတဲ့ လာဘ်လာဘကြီး ရရှိခဲ့တာကြောင့် အတိုင်းမသိ ဝမ်းသာမိတယ်လို့ ဦးကျော်စွာက ပြောပါတယ်။ အိပ်မက်ထဲမှာ ကြားခဲ့တဲ့ ဂဏန်းက တကယ့်လက်တွေ့မှာ ဆုကြီးအဖြစ် ပြန်ရောက်လာခဲ့တဲ့ ဦးကျော်စွာရဲ့ ကံထူးမှုကတော့ ထူးထူးခြားခြား ဖြစ်ရပ်တစ်ခုအဖြစ် စိတ်ဝင်စားစရာကောင်းနေပါတယ်။ #popular #viral #tiktokviral #creatorsearchinsights #understandtrendswithtako
Aung Lay Recap (အောင်လေးအတု)
Region: MM
Monday 05 October 2026 08:23:45 GMT
Music
Download
Comments
Thu Zar Hlaing :
လောဘရှိမရှိစမ်းသပ်ပီး ၅၀၀၀ယူမယ်ဆို ပေးချင်မှပေးမယ်ထင်တယ် အလကားရတယ်ဆိုပီးလောဘမရှိဘဲတင်းတိမ်တက်တဲ့စိတ်လေးကြောင့် နတ်ကောင်းနတ်မြတ်တွေ မ စ လေသလားအဘရယ် ဝမ်းသာလိုက်တာ
2026-10-07 03:00:32
71
Myatthandaraung :
ကိုယ်မပေါက်ရင်တောင်အခုလိုလိုအပ်တဲ့သူပေါက်တော့ပိုပျော်ရတယ်
2026-10-06 05:44:32
54
My first love❤xiaozhang❤ :
မရှိတဲ့သူပေါက်တာဝမ်းသာမိပါတယ်
2026-10-05 11:23:41
14
YinYin :
ကောင်းလိုက်တဲ့စိတ်ထားလေ လိုသလောက်ပဲတောင်းတာ
2026-10-05 10:31:52
22
Cho Cho Khine :
ဦးလေးကလောဘမကြီးဘူး၅ထောင်နဲ့၁ထောင်ကို၁ထောင်ပဲယူခဲ့တယ်
2026-10-07 03:16:28
9
Daw Thu Zar :
ရေကုသိုလ်တွေကြောင့်ကံကောင်လာတာထင်တယ်
2026-10-07 05:56:39
9
Chocho :
မက်ချင်လိုက်။ အဲဒီအိမ်မက်လေး
2026-10-06 09:08:14
0
ခေတ်လေးမေမေ လင်းလက်(ပဲခူးသူ ) :
အရမ်း.ဝမ်းသာတယ်🥰🥰🥰🥰🥰
2026-10-05 12:26:00
3
@SuLabhEin :
ငါ့တော့အိမ်မက်ထဲအဘကရွှေတုံးတွေပေးတာ ရတနာသုံးပါး ယုံကြည်လို့ဆိုပီး ခုထိတော့မရသေးဘူး
2026-10-07 08:22:31
3
တောင်ငူသူလေး :
မသိပေမယ်ဦးလေးအစားဝမ်းသာမိပါတယ်ရှင်
2026-10-07 05:17:35
2
mamahnin530 :
ရေအကျိုးဆယ်ပါးမတောင်းပဲပြည့်၏
စိတ်ထားဖြူစင်တဲ့သူမို့💞💞💞💞🙏🙏🙏
2026-10-07 09:40:03
3
thin6496zn9 :
ဝမ်းသာလိုက်တာကွယ်ဦးလေရေ
2026-10-07 11:36:36
2
Sue Sue :
ပျော်လိုက်တာအဲ့လိုလိုအပ်တဲ့သူတွေအတွက်ပဲကံဆိုတာဖြစ်ရမှာပါ🙏
2026-10-07 09:50:11
2
ukyawsoe :
ပင်ပန်းဆင်းရဲကြီးစွာအသက်ကိုရှာကြံမွေးနေရသောသက်ကြီးရွယ်အိုများအခုလိုဘဲကံတရားကပေးစေချင်တယ်သက်ကြီးနွမ်းပါးသူတွေရဲ့မျက်စိနှစ်လုံးမမှိတ်ခင်လေးဘုရားတရားအလုပ်တွေကိုအေးအေးချမ်းချမ်းလေးလုပ်နိုင်ရင်သိပ်ကောင်းမှာဘဲလို့တွေးနေမိတယ်အခုလိုထီဆုကြီးပေါက်သောအဘလဲသက်ရှည်ကျန်းမာစိတ်ချမ်းသာစွာရှိပါစေခင်ဗျာ။
2026-10-07 14:53:31
2
Ni Ni :
အဘမျက်နှာလေးကအေးချမ်းလိုက်တာ
2026-10-06 16:00:58
1
Kyaw Zaya :
ဝမ်းသားပီတိဖြစ်ရပါတယ်🥰
2026-10-07 11:01:39
1
Daw Than Daw Than :
သု့ကံနဲ့သူထပ်တူပျော်ရွှင်ဝမ်းသာမိပါတယ်
2026-10-05 12:51:00
1
Tinmaylwin 😉 :
၀မ်းသာပါတယ်အဘရယ်စိတ်ထားလေးကောင်းလိုက်တာ🙏🙏🙏
2026-10-06 03:53:48
1
Soe Moe Aung :
ဝမ်းသာပါတယ်အဘရယ်
2026-10-05 12:36:41
1
Zun Khaing 🥰🥰🥰🥰 :
အိုဇာတာ လေး ကောင်းသွားပီထပ်တူ ပျော်မိပါတယ်အဘရယ်🙏🙏
2026-10-06 19:21:47
1
🏡Ko Pyae🏡 :
ကိုယ်တွေလည်းပေါက်တယ် ၁သိန်းဆုရယ်၁ ေသာင်းဆုရယ်နှစ်ခု ၉၁မြှောက်မှာ[Conmovedor][Conmovedor][Conmovedor]
2026-10-06 08:14:43
1
ၼမ်ႉၶူင်းသႂ် :
ဝမ်းသာလိုက်တာ🥰
2026-10-07 14:01:53
0
Aye 🍀Thi 🍀 Dar 🍀 :
ဝမ်းသာပီတိဖြစ်ရပါတယ်
2026-10-07 14:26:47
0
AWin :
ထပ်တူရရှိနေပါပြီ
2026-10-08 13:05:49
0
သနပ် ခါးခစြ် သူ😘😘😋Chan :
ထက် တူပြော်ပါတယ်နော်
2026-10-05 10:23:32
0
To see more videos from user @aung.lay.atu, please go to the Tikwm
homepage.