@nandar88th1: #ကိုယ့်ဘက်ကတော့ အချစ်စစ်နဲ့ ချစ်ခဲ့တယ်။ သူတို့ရဲ့ အမှားတွေကို အကြိမ်ကြိမ် ခွင့်လွှတ်ပေးခဲ့တယ်။ ဒါပေမဲ့ ကိုယ်ဖြစ်နေလို့သာ ဒီလို ဆက်ဆံခံနေရတာလားဆိုတဲ့ အတွေးက ခေါင်းထဲမှာ အမြဲတမ်း ခြောက်လှန့်နေတယ်။ကိုယ်က တောင်းဆိုရင် ဘယ်တော့မှ မပြင်ပေးတတ်တဲ့ အကျင့်စရိုက်တွေဟာ တကယ်တမ်း သူတို့ တန်ဖိုးထားရတဲ့၊ လက်လွှတ်ရမှာ ကြောက်ရတဲ့သူတွေရှေ့ကျတော့ အလိုလိုနေရင်း ပြောင်းလဲသွားတတ်ကြတယ်။ကိုယ့်အပေါ်မှာတော့ လွယ်လွယ်ကူကူနဲ့ လိမ်ညာရဲကြပြီး၊ အပြစ်မရှိသလို နေနိုင်ကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်က သူတို့ရဲ့ လိမ်ညာမှုတွေကို နောက်ဆုံးမှာ ခွင့်လွှတ်တတ်မှန်း ကြိုသိနေလို့ပါပဲ။ကိုယ့်မျက်ရည်တွေ၊ ရင်ကွဲမတတ် ငိုကြွေးနေသံတွေက သူတို့အတွက် ဘာအဓိပ္ပာယ်မှ မရှိတော့ဘူးလားလို့ မေးခွန်းထုတ်မိတိုင်း ရင်နာရပါတယ်။ကိုယ်က သူတို့ကြောင့် သေလောက်အောင် ခံစားနေရချိန်မှာတောင် သူတို့က လှည့်တောင် မကြည့်ကြဘူး။ကိုယ်က အများကြီး ချစ်မိနေတာကပဲ သူတို့အတွက် ကိုယ့်ကို ပေါ့ပေါ့တန်တန် ဆက်ဆံလို့ရတဲ့ အကြောင်းပြချက် ဖြစ်သွားခဲ့တယ်။"သူတို့ တကယ်ချစ်တဲ့သူနဲ့သာဆို..." ဒီစကားလေးတစ်ခွန်းထဲမှာတင် နာကျင်မှုတွေ အားလုံး စုပြုံနေပါတယ်။ တကယ်လို့များ သူတို့ရဲ့ တစ်ကယ့်ကို အသည်းစွဲ ချစ်ရတဲ့သူ၊ ရင်ဘတ်ထဲကနေ လေးစားမြတ်နိုးရတဲ့သူနဲ့သာဆိုရင် - မျက်နှာတစ်ချက် မသာမယာဖြစ်မှာကိုတောင် ရင်မဆိုင်ရဲကြဘူး။ စိတ်ဆိုးသွားမှာ, အညိုးထားသွားမှာကို စိုးရိမ်လို့ ခြေဖျားထောက်ပြီး ဂရုစိုက်ကြလိမ့်မယ်။ ကိုယ့်အပေါ် ပေးဆပ်ခဲ့သမျှ စေတနာတွေကို သူတို့ တခြားတစ်ယောက်အပေါ်မှာ အပြည့်အဝ ပုံအောပေးနေကြမှာ သေချာတယ်။ကိုယ့်ဘက်က အပြစ်မရှိဘဲနဲ့ အချစ်ခံရထိုက်သူ မဖြစ်လာလို့ ဒီလို ဆက်ဆံခံနေရတာ မဟုတ်ပါဘူး။ ကိုယ်က သစ္စာရှိရှိ ချစ်တတ်လို့၊ အပေးအယူမရှိ အနစ်နာခံတတ်လို့သာ အခွင့်ကောင်းယူခံနေရတာပါ။ တစ်နေ့ကျရင် ကိုယ့်ရဲ့ တန်ဖိုးကို သိလာမယ့်သူ၊ ကိုယ့်ရဲ့မျက်ရည်တစ်စက်ချင်းစီကို တန်ဖိုးထားပေးမယ့်သူနဲ့ ဆုံတွေ့ရမှာ သေချာပါတယ်။#
💟ဒါဒါ 💟
Region: MM
Monday 05 October 2026 12:10:12 GMT
Music
Download
Comments
phoneko :
💖💖💖
2026-10-05 14:12:53
0
💞mmk💞 🍒🍒🍒🍒🍒🍒🍒🍒 :
😘😘😘
2026-10-05 13:33:25
0
aung aung :
🥰🥰🥰
2026-10-05 13:32:44
0
Jalaype Malay :
🥰🥰🥰
2026-10-05 15:21:29
0
To see more videos from user @nandar88th1, please go to the Tikwm
homepage.