@mandalayfreepress: ကျွန်းလှ သဖန်းဆိပ်ဆည် ရွှေမျှောတွေကို စစ်အုပ်စု တိုက်လေယာဉ်တွေနဲ့ ဗုံးပတ်ကြဲ၊ သေဆုံးသူ နှစ်ဦးနဲ့ ဒဏ်ရာရသူ ၃၀ ကျော် ရှိပြီး ရွှေဖောင် ဆယ်နဲ့ချီ ပျက်စီးမီးလောင်၊ ဒေါ်လာ/MFP၊ အောက်တိုဘာ - ၅ စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် သဖန်းဆိပ်ဆည်အနီး ရွှေတူးဖော်လုပ်ကိုင်နေတဲ့ ပြည်သူတွေကို အဓိက ပစ်မှတ်ထားပြီး ရွှေမျှော၊ ရွှေဖောင်တွေကို အာဏာသိမ်း စစ်အုပ်စုက ဒီကနေ့ တိုက်လေယာဉ်တွေနဲ့ အကြိမ်ကြိမ် ဗုံးပတ်ကြဲ သတ်ဖြတ်ရာ ရွှေတူးဖော်နေသူတွေထဲက အနည်းဆုံး နှစ်ဦး သေဆုံးပြီး ဒဏ်ရာရသူလည်း ၃၀ ကျော် ရှိတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။ အောက်တိုဘာ ၅ရက် ဒီကနေ့ နေ့လည် ၁နာရီကျော်အချိန် သဖန်းဆိပ်ဆည်အနီးရှိ ရွှေတူးဖော်တဲ့ ဖောင်တွေကို ဟုမ္မလင်းမြို့ကနေ ပျံတက်လာတဲ့ တိုက်လေယာဉ် တစ်စီးနဲ့ ပထမအကြိမ် ဗုံးကြဲပြီးနောက် ထိမှန်သူတွေကို ကူညီကယ်ဆယ်ရေး လုပ်နေချိန် ညနေ ၄နာရီခွဲအချိန်မှာ နောက်ထပ် တိုက်လေယာဉ် နှစ်စီးနဲ့ ထပ်မံကာ တရစပ် ဗုံးကြဲသလို ရော့ကတ် (Rocket) တွေနဲ့ပါ ပဟ်ခတ်သတ်ဖြတ်တာလို့ ဆိုပါတယ်။ “ဟုမ္မလင်းတက် ဂျက်ဖိုက်တာ၊ ရော့ကတ်လို့ ပြောရမလား၊ အဲ့ဒါတွေနဲ့ အတွဲလိုက်ပစ်တာ။ လူက ၃၀ လောက် ဒဏ်ရာရတယ်။ နစ်ဦးသေတယ်၊ ညနေကတော့။ ရေထဲမှာ အလောင်းရှာမတွေတာလည်း ရှိတယ်။ မီးလောင်တာတွေဆိုတော့ စိုးရိမ်ဒဏ်ရာတွေနဲ့ပဲ၊ ခြေထောက်ပြတ်တဲ့သူတွေလည်း များတယ်” လို့ ဒေသခံတစ်ဦးက MFP ကို ပြောပါတယ်။ ရွှေဖောင် ၁၀ ဖောင်ထက်မနည်း မီးလောင်ပြီး ဝရုန်းသုန်းကား ဖြစ်နေဆဲလို့လည်း ဆိုပါတယ်။ အဲ့ဒီ သဖန်းဆိပ်ဆည်အနီး ရွှေတူးဖော် လုပ်ကိုင်သူတွေဟာ စစ်ကိုင်းတိုင်း ဒေသအနှံ့က စစ်ဘေးရှောင်ပြည်သူတွေ ဖြစ်ပြီး ကြီးပွားချမ်းသာဖို့အတွက် မဟုတ်ဘဲ နေ့စဉ် စားဝတ်နေရေး ဖြေရှင်းနိုင်ဖို့အတွက် လာရောက် ရွှေတူးဖော်လုပ်ကိုင်နေကြရသူတွေ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ “ချမ်းသာဖို့အတွက် မဟုတ်ဘဲ ဝမ်းရေးအတွက် အလုပ်လာလုပ်ကြတဲ့ ရွှေဖောင်မျောအလုပ်သမားတွေ၊ ဒီ အလယ်ပိုင်းကသူတွေက အရမ်း ရေမကူးတတ်ကြဘူး၊ အလုပ်အကိုင် ရှားပါးတော့လည်း ရွှေဖောင် အလုပ်သမား လာလုပ်ကြတာ။ အခုနောက်ပိုင်း စကစ တွေကဖောင်တွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်လာတော့ ဖောင်ကို ကြဲခံရရင် အလုပ်သမားတွေ အသက်ဆုံးရှူံးရတယ်။ ကမ်းမနီး လမ်းမနီး ဝပ်စရာ မရှိတဲ့ ဆည်ရေပြင်ကြီးထဲမှာ ကံကို ယုံပြီး အလုပ်လုပ်ရတယ်။ အရင်လတွေ ကြဲတုန်းကလည်း အသက်ဆုံးရှုံးသူ များတယ်။ ကိုယ်မသေသေးသမျှ ဝမ်းရေးအတွက် ဆက်လုပ်နေရတာ သဘာဝမို့ ကံကိုသာ ယုံကြည်မိကြရတယ်” လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။ သဖန်းဆိပ်ဆည်အနီးရှိ တရားမဝင် ရွှေတူးလုပ်ငန်းတွေကို ဗုံးကြဲရှင်းလင်းခဲ့တယ်လို့ ကန့်ဘလူနယ် ပျူစောထီးခေါင်းဆောင် သင်္ကန်းဝတ် ဝါသဝ က လူမှုကွန်ယက်မှာ အောင်ပွဲခံ သတင်းဖြန့်ပါတယ်။ အဲ့ဒီ သဖန်းဆိပ်ဆည်အနီး စစ်အုပ်စုက နယ်မြေမစိုးမိုးနိုင်လို့ ရွှေတူးဖော်ရေး လုပ်ငန်းတွေကနေ ဆက်ကြေးငွေ မကောက်ခံဘဲ တော်လှန်ရေး အင်အားစုတွေက နယ်မြေစိုးမိုးထားတာကြောင့် အခုလို နိုင်ငံတဲ့ပြည်သူကို ပစ်မှတ်ထားကာ ရွှေမျှောတွေ ဆက်လက် မလုပ်ကိုင်ရဲအောင် ဗုံးပတ်ကြဲနေတာ ဖြစ်မယ်လို့ ဒေသခံတွေက သုံးသပ်ပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၁၅ရက်ကလည်း ကျွန်းလှမြို့နယ်၊ သဖန်းဆိပ်ဆည်အတွင်းရှိ ရွှေတူးဖော်တဲ့ ရွှေမျောဖောင်တွေကို အာဏာသိမ်း စစ်အုပ်စုက တိုက်လေယာဉ်တွေနဲ့ ဗုံးပတ်ကြဲ သတ်ဖြတ်ရာ သေဆုံးသူ ၁၃ဦးနဲ့ အလောင်ရှာမရဘဲ ပျောက်ဆုံးသူတွေလည်း အများအပြား ရှိခဲ့ပါတယ်။ မတ်လနောက်ပိုင်း စစ်အုပ်စုက သဖန်းဆိပ်ဆည်ရှိ ရွှေတူးဖော်ရေး လုပ်ငန်းတွေကို မကြာခဏ ဗုံးပတ်ကြဲနေတာလည်း ဖြစ်ပါတယ်။ MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။ #Mandalay_Free_Press_MFP #အညာ #စစ်ကိုင်း #သဖန်းဆိပ်ဆည် #ရွှေမျှောရွှေဖောင်

mandalayfreepress
mandalayfreepress
Open In TikTok:
Region: TH
Monday 05 October 2026 13:18:49 GMT
136349
3768
96
539

Music

Download

Comments

soehtetaung9485
Soe Htet Aung :
ဆည်ရေက ရွှေဘိုနယ်ရောက်တဲ့အထိ ဝါနေတာ အဲ့ရေသောက်ပြီးနေတဲ့သူတွေ အားနာကြပါဦး သေတာတော့ ဝမ်းနည်းပါတယ် ဆည်ကြီးထဲ မလုပ်သင့်တာပါ
2026-10-05 14:56:41
104
user7421780414839
သာမောင် :
အာ့ဆည်ထဲတော့မလုပ်သင့်ပါဘူး။ ရှင်းရမှာ။
2026-10-05 15:20:39
38
nyeinthaw3632
nyeinthaw3632 :
အသိပေး သတိပေးခဲ့ကြတာပဲ စားဝတ်နေရေးတဲ့ ချမ်းသားကြတာမှတကယ်ကို ရန်ကုန်မြို့မှာအလုပ်လုပ်ရင် တစ်လ 7,8သိန်းပေါ့ အဲ့မှာဆို 10 ပဲ ငါတို့နယ်
2026-10-06 00:07:38
11
chan.myae.aung715
Chan Myae Aung :
မလုပ်သင့်တော့ပါဘူး စစ်တပ်ဘက်လည်းမပါဘူး လက်နက်ကိုင်တွေဘက်လည်းမပါဘူး တိုင်းပြည် မြစ်ချောင်းတွေ ပျက်စီးကုန်လို့ အမုန်းခံရေးတာပါ
2026-10-06 01:22:38
12
aunggyi7324
AungGyi :
လုပ်သင့်တာ ကြာပြီ။ ၂၀၂၁ကတည်းက အကြီးအကျယ် ရွှေတူးနေကြတာ။ ဆည်ပတ်ဝန်းကျင် မြေထိန်းနံရံနေရာတွေပါ လုပ်နေကြတာ ။ ဘယ်အချိန် ဆည်ကျိုးပေါက်မလဲ စိုးရိမ်ရတဲ့အထိ အလွန်အကျွံ ရွှေတူးကြတာ။ ဆညိသာကျိုးလို့ကတော့ လူထောင် သောင်းချီ သေကုန်မှာ။
2026-10-06 00:35:43
15
user7405570306722
user7405570306722 :
အတ္တကိုယ်ကျိုးအတွက်ပဲကြည့်ပီး မဆင်မခြင်..လုပ်ကြတာ ဆည် ကြံ့ခိုင်မှုပျက်စီးရင်..တည်ဆောက်ခဲ့တဲ့သူတွေကို..အပစ်ပုံချ..ကြ မှာ
2026-10-05 18:15:09
21
aung.khaing.htun2
Aung Khaing htun :
ဆည်ထဲရွှေမျောမောင်းတာကတော့အားမပေးပါဘူး
2026-10-05 16:03:39
12
kyawsoelin668990239
🪐 :
ခိုးတာကိုတရားမဝင်
2026-10-05 14:22:11
18
htike.sein
KYAW :
သေတဲ့သူ လည်း တင်ထား တဲ့ စရင်းထက်မကသလို ဒဏ်ရာ ရသူလည်း တင်ထားတဲ့ စရင်းထက်မကပါဘူး
2026-10-05 16:07:51
6
ko.than.zaw.min75
Ko Than Zaw Min :
ရွှေမျောလုပ်တဲ့သူ ကားမောင်းတဲ့ သူဈေးသွားဝယ်တဲ့သူဈေးရောင်းတဲ့သူ တွေကိုပဲ ပစ်ရဲတာ လောက်ကိုင်တို့ လိုင်ဇာတို့ ဌာနချုပ်တွေကြတော့မပစ်ရဲရှာဘူး.. ပစ်ရင်လဲ နေပြည်တော် ပြာကျသွားမှာ ပေါ့
2026-10-05 14:47:04
7
redminote73481
Mar Mar :
သူဌေးမှရွှေမျှောထောင်ရတာပါ
2026-10-05 19:06:40
5
burmese.buddha4
🇲🇲myo ter ki 🇲🇲💙💙💙 :
ဆည်ထဲမှာတော့ ရွှေမတူးသင့်ပါဘူး
2026-10-05 14:33:48
36
chitmin0133
🅛🅤🅨🅞🅚🅔🅜🅐🅡 :
နှစ်ဦးမကပါဘူးဗျာသေတာသေချာစုံစမ်းပီးမှတင်ပါလား
2026-10-05 14:40:17
5
mgkyawmoe2222
🎶 𝘴ꫝ𝓲ꪀꫀ𝓽ꪖꪗɀꪖ𝘳ꪶ𝓲ꪀ🎶 :
ဆည်ကြီးထဲရွှေမျောတွေမလုပ်သင့်ပါဘူး
2026-10-05 15:53:20
11
zaw.zaw.aung5195
Zaw Zaw Aung :
ဆည်ထဲတော့မမောင်းသင့်ပါဘူး
2026-10-05 14:39:52
12
ksyua.w
@byagga :
လုပ်မယ်ဆိုလည်းထိထိရောက်ရောက်လုပ်ကြာရင်ဆည်တွေလည်းကောကုန်တော့မယ်
2026-10-05 15:10:41
5
aung.kyaw.myo4366
Aung Kyaw Myo :
မင်းကင်းမြိုယ်မျောက်ချွန်းရွာ မှာလဲရွေမျောတွေအများကြီး ရှိပါသေးတယ်
2026-10-05 14:08:10
11
ko.kaung2739
ko kaung :
အဲ့တော့ အလှကြည့်နေရမယ်ပေါ့ အဲ့လိုလား
2026-10-05 14:10:02
9
user4908224269834
zayar oo :
စည်းမဲ့ကမ်းမဲ့လုပ်နေကြတာတော့မပြောဘူးသဘာဝပတ်ဝန်းတွေပျက်စီနေပီ
2026-10-06 00:42:17
8
shwe.ngue.war
ရွှေငုဝါ🌹 :
ဆည်ထဲတော့ မလုပ်သင့်ပါ
2026-10-06 01:40:41
4
aungzinphyo683
aungzinphyo683 :
လောဘ လောဘ။ ဘာမှ မမြင်ကြတော့ဘူး ငါ့တစ်ဘို့ထဲကြည့်ပြီး ထင်တိုင်းကြဲနေကြရော😳
2026-10-06 02:04:27
3
x.9.d.n.s.9.x
နေလင်း(၁၃မိုင်ရွာသား) :
စည်းမဲ့ကမ်းမဲ့လုပ်နေကြလိုက်တာဗျာ
2026-10-06 02:22:35
1
u.mg.mg.htun
Mg Mg :
ရွှေသမားတွေလည်း အဲ့လို မလုပ်သင့်သလို တာဝန်ရှိသူတွေကလည်း နောက်ဆုံး ဝမ်နင် ပေးပြီးမှ ရှင်းရင်ကောင်းမယ်။
2026-10-05 15:44:12
4
user190338249
Khin Khin :
ရွာသူရွာသားတွများအားလုံးဘေးကင်းကြပါစေဘုရား🙏🙏🙏🥹🥹🥹
2026-10-05 17:50:59
1
ju.mong607
Oggy🫟 :
နှစ်ဦးမကပါဘူးသေတာ
2026-10-06 00:47:20
1
To see more videos from user @mandalayfreepress, please go to the Tikwm homepage.

Other Videos


About