@winwilftgyr: တာမခံကျောက်ရဲ့ ထူးခြားတဲ့ အားသာချက်တွေ ကတော့ အနာနဲတယ်၊မှတ်ကောင်းပါတယ်။ အားနည်းချက်ကတော့ ယမ်းဆော့တတ်ပါတယ်။ ယမ်းဆော့တာ အသာထား ယမ်းကိုအရင် မြင်အောင်ကြည့်တတ်ဖို့ လိုမယ်ပေါ့။ရေခွံမို့ ယမ်းက ဖြူဖွေးထင်ရှားစွာ မြင်တွေ့ရမှာမဟုတ်ပါဘူး။ ခုံ့ယမ်းဆိုရင် ညိုညစ်ညစ်၊ခွမ့်ယမ်းဆိုရင် ဝါညစ်ညစ်၊အခွံရောင်နဲ့ဆက်စပ်လေ့လာရမှာဖြစ်ပါတယ်။ တာမခံ အထိုင်မကြည့်နဲ့ ယမ်းကြည့်၊ယမ်းဆော့တတ်တယ် ပြောတော့ .... တာမခံ ကျောက်မှာ ယမ်းပါလို့လားတဲ့ တချို့သောကိုယ့်လူတွေကပါတယ်ဗျ၊မနမှော်စီဆာလိုတော့ အရမ်းကြီးဖွေးပြီး ထင်ထင်ရှားရှား ဖြစ်မနေပါဘူး။ ခုံ့ဆိုရင် နီကျင့်ကျင့်၊ခွမ့်ဆိုရင် ဝါညစ်ညစ်လေးတွေအဖြစ် တွေ့ရမှာဖြစ်ပါတယ်။ လုးဝယမ်းမရှိတော့လောက်အောင် အခွံက ပါးလွှာနေပြီဆိုရင်လည်း မီးပေါက်နေမှာ သေချာပါတယ်။မီးရောင်ကိုကြည့်ပါ။ကြည်ပြီးဖျော့ရင် ခုံ့ရစ်ပါးမယ်၊အရောင်ရင့်ပြီး ပျစ်ထေးထေးနေရင် ခုံ့ရစ်ထူပါတယ်။တာမခံကိုင်နေကျလူဆိုတန်းသိပါတယ်ဗျာ၊မခက်ပါဘူး။ သင်ဆရာ၊မြင်ဆရာ၊ကြားဆရာ များအားလုံးရိုသေလေးစားစွာဂါဝရပြုလျှက် သဘာဝ Jade ချစ်သူများအတွက် 🙏🙏🙏🙏🙏
ဝင်းစတား
Region: MM
Monday 05 October 2026 14:27:31 GMT
Music
Download
Comments
Ko KoAung :
thanks
2026-10-27 06:41:26
0
OK :
hm
2026-10-07 14:46:26
1
Aung moeAung Lwin Moe :
🥰🥰🥰
2026-10-06 10:37:03
1
user9655961940360 :
❤️❤️❤️
2026-10-06 03:54:30
1
ko.ko.hein609 :
[Heartwarming][Heartwarming][Heartwarming]
2026-10-08 11:24:53
1
Chit Oo :
🥰🥰🥰
2026-10-17 08:24:16
0
OoShweToe789 :
🥰🥰🥰
2026-11-02 14:05:12
0
To see more videos from user @winwilftgyr, please go to the Tikwm
homepage.