@myatthunews: ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ၄၂ ရပ်ကွက်၊ ဦးဝိစာလမ်းမပေါ်ရှိ အိမ်ဆောက်ပစ္စည်းဆိုင်မှာ အောက်တိုဘာလ ၅ ရက် နေ့လယ်၁၂နာရီခွဲက အနုကြမ်းစီးမှုဖြစ်ပွားခဲ့ပြီး ဆိုင်ရှင်အမျိုးသားသေဆုံးခဲ့တယ်လို့ ဝန်းရံမှူးလူမှုကူညီကယ်ဆယ်ရေးအသင်းကနေသိရပါတယ်။ ဖြစ်စဉ်ကတော့ အဲဒီအိမ်ဆောက်ပစ္စည်းဆိုင်ရဲ့ အနောက်ဘက်က အိမ်ကို အမည်မသိအမျိုးသားသုံးယောက်က ဝင်ရောက်ပြီး ဆိုင်ပိုင်ရှင်ကို အနုကြမ်းစီးကာ ဓ --နဲ့ခုတ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ ဝါးခုတ်ခံရတဲ့ ဆိုင်ရှင်အမျိုးသားကို ဝန်းရံမှူးလူမှုကူညီကယ်ဆယ်ရေးအသင်းက မြောက်ဥက္ကလာပ ဆေးရုံကို ပို့ဆောင်ပေးခဲ့ပေမယ့် ဆေးရုံရောက်ပြီး ၅မိနစ်အကြာမှာ သေဆုံးသွားတယ်လို့ ဝန်းရံမှူးလူမှုကူညီကယ်ဆယ်ရေးအသင်းက တာဝန်ရှိသူတစ်ယောက်ကပြောပါတယ်။ အနုကြမ်းဝင်စီးတဲ့ အမျိုးသားသုံးယောက်က အခင်းဖြစ်ပွားတဲ့နေရာကနေ ထွက်ပြေးလွတ်မြောက်သွားပြီး သူတို့ကိုဖမ်းဆီးရမိရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူတွေက ကြိုးပမ်းဆောင်ရွက်နေတယ်လို့ သိရပါတယ်။ #အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေး
TK Khaing
Region: MM
Monday 05 October 2026 14:38:43 GMT
Music
Download
Comments
Lilly :
သူများရှာဖွေစုဆောင်းထားတာကိုလုယက်thet ဖြတ်နေကြတာ ဥပဒေမဲ့နေကြတယ်
2026-10-05 15:43:03
26
Mar Mar Aye :
သမ္မတကြီးက သူစာတွေဖတ်ပါတယ် တိုင်းသူပြည်သားတွေကို ရင်ဝယ်သား ကဲ့သို့ အုပ်ချူပ်နေပါတယ် လို့ပြောသွားတာ ပြေးမြင် လိုက်တယ်
တိုင်းပြည်ကအတော်လေးတိုးတက်ဖွင့်ဖြိုးလာတယ် နော် အကုန်ပျက်စီးယိုယွင်းနေတာကို တောင် သူအပြုံးမပျက်ရှာဘူး
2026-10-05 16:20:09
22
MAYမေပန်းနှင်း :
တစ်နေ့တစ်မျိုးကြားနေရပါလား ပြည်သူတွေဘဝမလုံခြုံတော့ပါလား ဆိုင်ရှင်အတွက်မိသားစုနှင့်ထပ်တူဝမ်းနည်းရပါတယ်🙏🙏🙏
2026-10-05 16:10:22
11
brenda75997nawmuuyar :
ဘယ်နားလောက်လဲ့ရှင့်
2026-10-05 15:51:54
0
Aster :
တင်တဲ့သူကလည်းဘယ်ရပ်ကွတ်လည်းမပါဘူး
2026-10-05 16:40:44
2
tiara :
သေသွားျာလား 😳
2026-10-05 17:04:32
0
Phyowai :
သေသွားပါပြီဆေးရုံမရောင်ခင်လမ်းမှာဆုံးသွား
တာပါကိုယ်တွေအနားကပါ
2026-10-05 17:26:05
0
user800338158001 :
မတရားစနစ်ဖြစ်နေပြီပင်ပန်းရှာထားသမျှအသက်ကိုဆုံးရှုံးစေတယ်
2026-10-05 16:56:05
4
no :
ရန်ကုန်မှာခုိးဆုိးလုယက်သတ်ဖြတ်မှု့တွေခပ်စိပ်စိပ်ဖြစ်လာနေပါလား
2026-10-05 16:04:22
2
Kyi Phyu :
မိပါ စေ
2026-10-05 15:52:12
4
ye ye :
တနေ့တခြားသတ်တာဖြတ်တာတွေမမြင်ချင်မကြားချင်အဆုံးပါလား ရှေ့သာသွားနေရတယ်နောက်ကျောမလုံတဲ့ဘဝတွေ
2026-10-05 18:19:17
0
aye moe moe :
တရာခံ အမြန်မိပြီး ထိုက်သင့်တဲ့ပြစ်ဒါဏ်ကျခံရပါစေ....လွှတ်ငြိမ်းထဲ မပါပါစေနဲ့....🙏
2026-10-05 18:23:02
0
🦌 :
ရပ်ကွက်တိုင်းလုံခြုံရေးစနစ်ချထားရမှာပြည်သူတွေဘဝမလုံခြုံဘူး
2026-10-05 17:14:46
0
KHIN OO :
ဆိုင်နာမည် လေးပြောပေးပါ
2026-10-05 16:30:56
0
Koko aung :
တိုင်းပြည်အုပ်ချုပ်နေတဲ့သူကမလုပ်ရဲးတာဘားမှမရှိဘူးဆိုမှတော့သူကပြည်သူတွေမွဲးတေစုပ်ပြတ်သတ်ပီးမှသူကထွက်ခွာမှာ
2026-10-05 16:40:46
0
Phyowai :
ဆုံးသွားပါပြီဆေးရုံမရောက်ခင်
လမ်းမှာဆုံးတာပါ😔
ကိုယ်တွေအနားကပါ
2026-10-05 17:27:32
0
Akira :
ပြောလိုက်တဲ့တရားဥပဒေစိုးမိုးရေး ရဲတွေ စစ်တွေကတော့ရွှန်းရွှန်းဝေလို့ သူတို့အပြောကရွှေမန်းတင်မောင်ထက်သာတယ် စစ်လိုက်တဲ့ဧည့်စာရင်း ဖြစ်လိုက်တဲ့ အနုကြမ်းစီးမှု မြို့လည်ခေါင်ဓားပြမှု လုယက်မှုတွေပိုတိုးလား ပိုများလား မိတယ်လည်းမကြားမိ ဟိုရက်ပိုင်းလေးကထွက်ထားတဲ့ ရတဖ နေ့ဂုဏ်ပြုဇာတ်ကားမှအားမနာ မူးယစ်ဆေး သူခိုးဓားပြတွေပိုသောင်းကြမ်းလာတယ်
2026-10-05 15:28:58
45
さくらmay❤️❤️❤️ :
ဥာဏ်မိုးဆိုင်ကလား
2026-10-05 15:56:57
0
Nan💞 :
ဘယ်ဆိုင်လဲ🥰🥰
2026-10-05 15:17:53
1
A chit cho :
ငါတို့လမ်းထိပ်ဖြစ်တာငါမသိလိုက်ဘူး😳
2026-10-05 17:27:47
1
NNaung :
လူတွေငတ်လာတယ် မင်းမဲ့စရိုက်ဆန်လာတယ် အရေးယူတာမရှိ ဇိုးတွေလည်းလုပ်ချင်တာလုပ်ကြတယ် တိုင်းပြည်ဘာလဲ
2026-10-05 16:22:34
2
EGreen :
လူဆိုးတွေ ကြီးစိုး နေကြတာပါလား
2026-10-05 16:06:23
1
kolinn.orgyi :
ခိုးဆိုးလုနှိူက်တွေကို..စေတနာနဲ့လွတ်ပေးတဲ့..ကိုယ်တိုင် ကိုယ်ရွေး..သမ္မတ ကြီးကြောင့်ပါလို့😡😡😡😡😣😣😣😣😣
2026-10-05 17:45:21
0
Zaw Lay :
ရန်ကုန်မှာတည်ငြိမ်ပြီးလုယက်မှုတွေမရှိတော့ဘူးနော်😁😁😁😁😁
2026-10-05 15:08:12
4
ukyaw shein :
😳😳😳
2026-10-05 14:46:38
4
To see more videos from user @myatthunews, please go to the Tikwm
homepage.