@nyoe586: UFC က နောက်ဆုံး ၁ နှစ်အတွင်းတင်ခဲ့သမျှ video တွေထဲမှာ ဗန် နဲ့ တိုင်ရာပွဲက ကြည့်ရှုသူ ၄.၇ သန်းကျော်နဲ့ အများဆုံး ဖြစ်နေပါတယ် ဗန် နဲ့ တိုင်ရာ တို့ရဲ့ ပွဲဗီဒီယိုက တင်ပြီး ၄ ပတ်အတွင်းမှာပဲ ကြည့်ရှုသူ ၄.၇ သန်းကျော် ရှိခဲ့တာပါ အချိန်တိုတိုအတွင်း ဒီလောက်ထိ ကြည့်ရှုသူများလာတာက ပွဲက ဘယ်လောက်ထိ ပရိသတ်ကို ဆွဲဆောင်နိုင်ခဲ့လဲဆိုတာ ပြနေပါတယ် ပြီးတော့ ဒီပွဲက ရိုးရိုး ချန်ပီယံခါးပတ် ကာကွယ်ပွဲ မဟုတ်ပါဘူး UFC သမိုင်းမှာ အသက်အငယ်ဆုံး Championship Fight ဖြစ်ခဲ့ပါတယ် ဗန် အသက် 24 နှစ်၊ တိုင်ရာက အသက် 26 နှစ်သာ ရှိခဲ့တာဖြစ်ပြီး 2000 ပြည့်နှစ်နောက်ပိုင်း မွေးဖွားသူနှစ်ဦးစလုံး ပါဝင်တဲ့ ပထမဆုံး UFC Championship Fight ဖြစ်ခဲ့ပါတယ် ဗန်က တိုင်ရာကို နောက်ဆုံး အချီ ၁ မိနစ် ၃၂ စက္ကန့်မှာ TKO နဲ့ ပွဲသိမ်းပြီး ပထမဆုံး ချန်ပီယံခါးပတ်ကာကွယ်ခဲ့ကာ ချန်ပီယံအစစ်ဖြစ်ကြောင်း ပြသခဲ့တဲ့ ပွဲလည်းဖြစ်ပါတယ် ထူးခြားတာက ဒီပွဲမှာ နှစ်ယောက်ပေါင်း ထိချက် ၂၉၀ ချက် အထိ ရှိခဲ့ပြီး ဗန်က ၁၉၀ ချက်၊ တိုင်ရာက ၁၀၀ ချက် ထိအောင် ထိုးနိုင်ခဲ့ကြပါတယ် UFC ကိုယ်တိုင်လည်း ဒီပွဲကို 2026 ပထမနှစ်ဝက်ရဲ့ Fight of the Year အဆင့် ၁ အဖြစ် ရွေးချယ်ထားပါတယ် တိုင်ရာနဲ့ ပွဲအပြီးမှာ ဖော်ပြခဲ့တဲ့ အချက်အလက်အရ ဗန် ဟာ flyweight သမိုင်းမှာ significant strikes per minute 8.84 နဲ့ နံပါတ် ၁ နေရာမှာ ရှိခဲ့ရုံသာမက striking differential +2.45 နဲ့လည်း အဆင့် ၁ မှာ ရပ်တည်ခဲ့ပါတယ် ဒါကြောင့်လည်း အဲ့ပွဲ video က ၁ လ မပြည့်ခင်မှာပဲ UFC က နောက်ဆုံး ၁ နှစ်အတွင်းတင်ခဲ့သမျှ ဗီဒီယိုတွေထဲမှာ ကြည့်ရှုသူ ၄.၇ သန်းကျော်နဲ့ အများဆုံး ဖြစ်နေတာပေါ့ ကြည့်ရှုနှုန်းကလည်း အခုထိ မြင့်နေဆဲပါ မကြာခင် သေချာပေါက် ၅ သန်း ကျော်သွားမှာပါ

Zin Zin Htet❤️🧠👊
Zin Zin Htet❤️🧠👊
Open In TikTok:
Region: TH
Monday 05 October 2026 14:45:34 GMT
13948
723
3
3

Music

Download

Comments

san.tint95
$@! :
4.8
2026-10-07 01:38:55
0
aungsi57
aung si :
UFC က အခုမှ ပွဲစည်သွားတာ
2026-10-06 19:15:09
0
aung.thet086
?????? :
4.8သန်းကျော်ပါဟ
2026-10-06 08:20:54
0
To see more videos from user @nyoe586, please go to the Tikwm homepage.

Other Videos


About