@lisber_rodriguez12: #fyp #foryou #tiktokviral #Love #fypシ

 L I S B E R🪫
 L I S B E R🪫
Open In TikTok:
Region: PE
Monday 05 October 2026 19:09:59 GMT
12200
264
0
53

Music

Download

Comments

There are no more comments for this video.
To see more videos from user @lisber_rodriguez12, please go to the Tikwm homepage.

Other Videos

အမေရိကမှာ အိမ်ဝယ်ဖို့ထက် အရင်ဆုံး ကိုယ်ဖြစ်ချင်တဲ့ဘဝကို ရှာဖွေနေတုန်းပါ… 🇺🇸 US မှာ အလုပ်လုပ်လာတာ ၂ နှစ်ပြည့်ပြီ။ Tax Return လည်း ရှိပြီ။ FHA Loan လိုမျိုးနဲ့ဆို သတ်မှတ်ချက်တွေနဲ့ ကိုက်ညီရင် Down Payment 3.5% လောက်ကနေ စပြီး အိမ်ဝယ်ဖို့ ကြိုးစားလို့ရနေပြီ။ အိမ်တစ်လုံးဝယ်ဖို့ ငွေအပြည့်အစုံ စုမိတဲ့အထိ စောင့်နေစရာမလိုဘဲ အခုကတည်းက စဉ်းစားလို့ရနေပြီပေါ့။ အိမ်စောစောဝယ်ထားသင့်တယ်၊ နောက်ကျရင် အခွင့်အရေးဆုံးရှုံးမယ်ဆိုပြီး အကြံပေးကြတဲ့သူတွေလည်း အများကြီးပါပဲ။ ဒါပေမဲ့ ကျွန်တော်ကတော့ အခုချိန်ထိ အိမ်မဝယ်သေးဘူးဗျာ။ လူအများစုအတွက် အိမ်တစ်လုံးပိုင်ဆိုင်ပြီး ကိုယ့်မိသားစုနဲ့အတူ အခြေချနေထိုင်နိုင်တာဟာ လုံခြုံမှုတစ်ခု၊ အောင်မြင်မှုတစ်ခု ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ကျွန်တော်လည်း အဲဒီအတွေးကို နားလည်ပါတယ်။ ကိုယ်ပိုင်အိမ်လေးတစ်လုံးနဲ့ မိသားစုကို တည်ငြိမ်တဲ့ဘဝတစ်ခု ပေးချင်တဲ့စိတ်လည်း ရှိတာပေါ့။ ဒါပေမဲ့ ကျွန်တော့်အတွက်တော့ အခုချိန်မှာ အိမ်တစ်လုံးပိုင်ဆိုင်ဖို့ထက် ပိုအရေးကြီးတဲ့အရာတွေ ရှိနေသေးတယ်။ ပထမအချက်က ကျွန်တော်ဟာ အခွင့်အလမ်းအသစ်တွေကို ရှာဖွေရတာ ကြိုက်တယ်။ ဘဝကို တစ်နေရာတည်းမှာ ကျောက်ချပြီး ရပ်တန့်မထားချင်သေးဘူး။ ကိုယ့်အတွက် ပိုကောင်းတဲ့ အခွင့်အရေးတစ်ခု ရှိနေသေးတယ်လို့ ယုံကြည်ရင် စမ်းကြည့်ချင်တယ်။ အောင်မြင်ရင် အမြတ်ပေါ့။ မအောင်မြင်ခဲ့ရင်လည်း အတွေ့အကြုံတစ်ခု ရလိုက်တာပဲလို့ သဘောထားတယ်။ ဒုတိယအချက်ကတော့ ကိုယ်နဲ့အမှန်တကယ် သင့်တော်မယ့် နေရာကို မတွေ့သေးတာပါပဲ။ ကျွန်တော် မျှော်မှန်းထားတဲ့ အလုပ်အကိုင်၊ ဝင်ငွေ၊ ဝါသနာနဲ့ မိသားစုအတွက် ရေရှည်အဆင်ပြေမယ့် နေရာတစ်ခုကို အခုထိ ရှာဖွေနေဆဲပါ။ အိမ်တစ်လုံးဝယ်ပြီး အခြေချလိုက်တာနဲ့ တခြားနေရာကို ဘယ်တော့မှ ပြောင်းလို့မရတော့ဘူးလို့ မဆိုလိုပါဘူး။ ဒါပေမဲ့ အခုချိန်မှာတော့ အိမ်တစ်လုံးနဲ့ ကိုယ့်ရွေးချယ်ခွင့်တွေကို ကျဉ်းမြောင်းသွားစေမယ့်အစား လွတ်လွတ်လပ်လပ် ရွေးချယ်နိုင်တဲ့ အခွင့်အရေးကို ပိုတန်ဖိုးထားတယ်။ တစ်သက်တာ ဝမ်းစာအတွက်ရော၊ ကိုယ်ဝါသနာပါတဲ့အရာတွေကို လုပ်ကိုင်နိုင်ဖို့ရော၊ ကိုယ်မျှော်မှန်းထားတဲ့ ဘဝနေရာတစ်ခုကို ရောက်ရှိဖို့ရော အခုထက် ပိုကောင်းတဲ့ အခြေအနေတစ်ခုကို တည်ဆောက်ချင်သေးတယ်။ အဲဒီအခြေအနေကို မရောက်သေးသရွေ့ ကျွန်တော့်ခရီးက ဆက်သွားစရာတွေ အများကြီး ကျန်နေသေးတယ်လို့ ခံယူထားတယ်။ ဒါပေမဲ့ ရည်မှန်းချက်ရှိတိုင်းလည်း အားလုံး ဖြစ်လာမယ်လို့ အာမခံလို့မရဘူးလေ။ ဒါကြောင့် ဖြစ်အောင်တော့ ကြိုးစားမယ်။ ကိုယ်သတ်မှတ်ထားတဲ့ အချိန်အတိုင်းအတာတစ်ခုအတွင်း မျှော်မှန်းထားသလို ဖြစ်မလာခဲ့ရင်လည်း ကိုယ့်ကိုယ်ကို အပြစ်တင်ပြီး နောင်တရနေမှာ မဟုတ်ဘူး။ ကိုယ့်အတွက် သင့်တော်တဲ့အချိန်မှာ သင့်တော်တဲ့နေရာတစ်ခုကို ရွေးချယ်ပြီး အခြေချသွားမှာပါပဲ။ ကျွန်တော့်အတွက် ဘဝဆိုတာ အိမ်တစ်လုံးပိုင်ဆိုင်နိုင်ဖို့ တစ်ခုတည်း မဟုတ်ဘူး။ လူလတ်ပိုင်းအရွယ်၊ ကိုယ်တိုင်လုပ်နိုင်ကိုင်နိုင်နေသေးတဲ့အချိန်မှာ ကိုယ်ဘယ်လိုနေရာမျိုးမှာ နေချင်သလဲ၊ ဘယ်လိုအလုပ်မျိုး လုပ်ချင်သလဲ၊ မိသားစုကို ဘယ်လိုဘဝမျိုး ပေးချင်သလဲဆိုတာတွေကို အိပ်မက်မက်ခွင့် ရှိနေသေးတယ်လို့ ကျွန်တော် ယုံကြည်တယ်။ နောက်ထပ် ကိုယ်တိုင်ကြိုးစားနိုင်မယ့် အချိန်က အနှစ် ၂၀၊ ၂၅ နှစ်လောက်ပဲ ကျန်တော့တာလည်း ဖြစ်နိုင်တယ်။ အဲဒီအချိန်တောင် ကျန်းမာရေးကောင်းမွန်ပြီး ကိုယ်လုပ်ချင်တာတွေ လုပ်နိုင်ဦးမှလေ။ ဒါကြောင့် ကိုယ်လုပ်ချင်တာတွေကို နောက်မှ နောက်မှဆိုပြီး အမြဲရွှေ့ထားမနေချင်ဘူး။ လုပ်နိုင်သေးတဲ့အချိန်မှာ ကြိုးစားကြည့်ချင်သေးတယ်။ သွားနိုင်သေးတဲ့အချိန်မှာ သွားကြည့်ချင်သေးတယ်။ ကိုယ်ဖြစ်ချင်တဲ့ဘဝကို ဖြစ်နိုင်သမျှ အကောင်အထည်ဖော်ကြည့်ချင်သေးတယ်။ အိမ်ဝယ်ဖို့ အချိန်ရှိသေးတယ်။ ဒါပေမဲ့ ကိုယ့်ဘဝအတွက် အခွင့်အလမ်းတွေကို ရှာဖွေဖို့လည်း အချိန်ရှိနေတုန်းပါပဲ။ လူတိုင်းမှာ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ ကိုယ်ပိုင်ဘဝလမ်းကြောင်းတွေ ရှိကြတယ်။ တချို့က စောစောအခြေချပြီး တည်ငြိမ်မှုကို ရှာဖွေကြတယ်။ တချို့ကတော့ ကိုယ့်အတွက် အသင့်တော်ဆုံးအရာကို မတွေ့မချင်း ဆက်လက်ရှာဖွေကြတယ်။ ဘယ်လမ်းကြောင်းက ပိုမှန်တယ်ဆိုတာထက် ကိုယ်ရွေးချယ်ထားတဲ့လမ်းအတွက် ကိုယ်တိုင်တာဝန်ယူနိုင်ဖို့က ပိုအရေးကြီးတယ်လို့ ထင်မိတယ်။ ခင်ဗျားတို့ရော ဘယ်လိုသဘောထားကြလဲဗျာ။ အခုလိုအချိန်မှာ အိမ်တစ်လုံးကို စောစောဝယ်ပြီး အခြေချလိုက်တာက ပိုကောင်းတယ်လို့ ထင်ကြလား။ ဒါမှမဟုတ် ကိုယ့်အတွက် သင့်တော်မယ့် အလုပ်အကိုင်၊ နေရာနဲ့ ဝင်ငွေအဆင့်အတန်းကို ရောက်တဲ့အထိ အခွင့်အလမ်းတွေကို ဆက်ရှာဖွေပြီးမှ အိမ်ဝယ်တာက ပိုသင့်တော်တယ်လို့ ထင်ကြလား။ ကိုယ့်အတွေ့အကြုံနဲ့ အမြင်လေးတွေကိုလည်း မျှဝေပေးခဲ့ကြပါဦးဗျာ။ #HlaingMyoSann #SannAndSanFamily #LifeInUsaFromBurma

About