@kbztainews: ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၆ ရက် . ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့တွင် ယမန်နေ့ အောက်တိုဘာလ ၅ ရက်၊ ညနေပိုင်းက တာချီလိတ်မှ သယ်ဆောင်မောင်းနှင်လာသည့် လိုင်စင်မဲ့ကားတစ်စီး ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။ . အမှတ် (၁၉) ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲ၊ အမှတ် (၁၂၀)ယာဉ်ထိန်းရဲတပ်ဖွဲ့စု (ကျိုင်းတုံ)မှ တပ်ဖွဲ့ဝင်များသည် ယမန်နေ့ အောက်တိုဘာလ ၅ ရက်၊ ညနေ ၆ နာရီခန့်က ကျိုင်းတုံမြို့၊ နောင်နွန်း ပူးပေါင်းစစ်ဆေးရေးဂိတ် တွင် ယာဉ်စည်းကမ်း/လမ်းစည်းကမ်း ထိန်းသိမ်းရေးတာဝန်ဆောင်ရွက်နေစဉ် တာချီလိတ်မြို့မှ ကျိုင်းတုံမြို့သို့ မောင်းနှင်လာသည့် Toyota Dyna အဖြူရောင်အား တားဆီးစစ်ဆေးခဲ့ကြောင်း သိရသည်။ . ထိုသို့ စစ်ဆေးရာတွင် ယာဉ်မောင်းနှင်သူမှာ တာချီလိတ်မြို့နေ အောင်ဆန်းဦး ဆိုသူဖြစ်ကြောင်း သိရပြီး ယာဉ်နှင့် ပတ်သက်သည့် အထောက်အထား တစ်စုံတစ်ရာ ပြသနိုင်ခြင်း မရှိဘဲ တာချီလိတ်မြို့မှ ကာလိမြို့သို့ ပို့ဆောင်ရောင်းချရန် သယ်ယူလာခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်ဟု သိရသည်။ . လိုင်စင်မဲ့ယာဉ် နှင့်အတူ ဖမ်းဆီးရမိသူ ယာဉ်မောင်း အောင်ဆန်းဦး အား ကျိုင်းတုံမြို့မရဲစခန်းတွင် ပို့ကုန်သွင်းကုန် ဥပဒေ ပုဒ်မ ၈ အရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ . အဆိုပါ လိုင်စင်မဲ့ယာဉ် ဖမ်းဆီးရမိမှု အခြေအနေနှင့်ပတ်သက်၍ သိရှိနိုင်ရန် ကျိုင်းတုံမြို့မရဲစခန်းမှ တာဝန်ရှိသူအား ဆက်သွယ်မေးမြန်းရာတွင် ဆက်သွယ်၍ မရခဲ့ချေ။ . https://shorturl.at/c8qCg . #KBZTai #Shan #KyaingTong .

KBZTai News
KBZTai News
Open In TikTok:
Region: MM
Tuesday 06 October 2026 04:15:51 GMT
73469
1120
16
255

Music

Download

Comments

homjam_3
Hom :
အခွင့်အာဏာကိုအသုံးပြုပီး ပြည်သူတွေကိုအနိုင်ကျင့်နေတဲ့သူတွေထဲမှာယာဥ်ထိန်းရဲတွေလည်းထိပ်ဆုံးကပါတယ် ငါတို့ဖမ်းချင်ဖမ်းလို့ရတယ်ဆိုတဲ့စိတ်ကြီးဝင်နေတာ နောက်ဆုံးယာဥ်ထိန်းရဲဝန်းနဲ့ပြည်နယ်ရဲစခန်းဝန်းတစ်ခုလုံးမှာစီးနေတဲ့ကားတွေ99%ကလိုင်စင်မဲ့ယာဥ်တွေ ဘယ်မှာလဲတရားမျှတမှုငါတို့သာမန်ပြည်သူတွေအတွက်
2026-10-06 06:35:42
17
kyawtyuparshin777
🤍 Kyawt Yupar Shin🤍 :
အဲ့ဂိတ်မှာတာဝန်ကျနေတဲ့သူတေရဲ့ကားတေကကော လိုင်စင်ပါရဲ့လား⁉️
2026-10-06 11:33:08
6
k952320
k :
ခုမှဖန်းမိတယ်လါး
2026-10-06 05:12:29
2
user003618914
Aung Aung :
မြန်မာပြည့်မှာအများကြီးအလွတ်တွေ
2026-10-06 16:29:06
0
yuko38974
Yuko :
အပေါ်မှာ ဆရာတွေများနေလို့ မန့်စရာမလိုတော့ပါ
2026-10-06 10:54:58
1
tun.zaw021
Tun Zaw :
တာချီလိတ်မှာWဘယ်တော့မှမဖမ်းဘူ
2026-10-06 12:37:31
0
user2616061127525
user2616061127525 :
လုိင်စင်မရှိတဲ့ယဉ်အများကြီးဘဲ
2026-10-06 04:42:29
1
kokhaing224
KO Khaing :
အော်
2026-10-06 07:46:30
1
moe.win2372
Moe Win :
တာချီလိတ်မှာ95%ကလိုင်စင်မဲ့ကားတွေချည်းပဲ
2026-10-06 05:41:36
1
user625512709
Ko kyaw Htay min :
စိတ်တွေလည်း ဆင်းရဲရပါတယ်
2026-10-06 13:14:52
0
user2741222345776
ko kyaw gyi :
ဖမ်းတဲ့ရဲစခန်းက ရဲတွေစီးနေကျတဲ့ ကား ဆိုင်ကယ် လိုင်စင် ရှိကျလို့လားဗျ လိုက်ဖမ်းနေတာက မသိလို့ဗျ
2026-10-06 06:13:21
2
min.chuuy
Min Chuuy :
ရှမ်အရှေ့ကားတွေ အကန်လုံးနီးပါးဝက်သောက် 🥰🥰🥰
2026-10-06 07:02:02
2
tun.zaw021
Tun Zaw :
ကုန်တင်ဆွဲစားနေတာကြာပေါ့Wတေွလုပ်စားနေတာ ၁၂ဘီးတွေလဲရှိတယ်
2026-10-06 05:17:01
4
ko.sai.2
Ko sai :
😁😁😁
2026-10-06 05:36:19
1
tip12390
tip123 :
😳😳😳
2026-10-06 09:43:43
0
To see more videos from user @kbztainews, please go to the Tikwm homepage.

Other Videos


About