@david.sam51: ဖောက်ပြန်မှုတစ်ကြိမ်ကြောင့် ၁၀ နှစ်ကြာ အိမ်ထောင်ရေး ပြိုကွဲခဲ့ Akai Riko (အွန်လိုင်းအမည် lady_with_flaws) က အိမ်ထောင်သက် ၁၀ နှစ်ကြာခဲ့ပြီးမှ ခင်ပွန်းဖြစ်သူက ဖောက်ပြန်မှုကို သိရှိသွားပြီးနောက် အိမ်ထောင်ရေးကို ချက်ချင်းအဆုံးသတ်ခဲ့တယ်လို့ ပြောပါတယ်။ အခုဆို ခွဲခွာခဲ့တာ ၂ နှစ်ကြာပြီဖြစ်ပေမယ့် Akai ကတော့ ခင်ပွန်းဖြစ်သူနဲ့ ပြန်လည်သင့်မြတ်ခွင့်ရဖို့ မျှော်လင့်နေဆဲဖြစ်ပါတယ်။ သူမက အမှားအတွက် တောင်းပန်ခဲ့သလို ခွင့်လွှတ်ပေးဖို့လည်း အကြိမ်ကြိမ်တောင်းဆိုခဲ့ပြီး ပျက်စီးသွားတဲ့ အိမ်ထောင်ရေးကို ပြန်လည်တည်ဆောက်ဖို့ ကြိုးစားခဲ့ပေမယ့် ခင်ပွန်းဖြစ်သူကတော့ ပြန်လည်လက်ခံဖို့ ငြင်းဆန်နေဆဲလို့ ဆိုပါတယ်။ ဒီအကြောင်းအရာဟာ အွန်လိုင်းပေါ်မှာလည်း အငြင်းပွားစရာ ဖြစ်လာခဲ့ပါတယ်။ တချို့ကတော့ ဖောက်ပြန်မှုတစ်ကြိမ်တည်းနဲ့ အတိတ်က နှစ်ပေါင်းများစွာတည်ဆောက်ခဲ့သမျှကို ဖျက်ဆီးနိုင်တယ် လို့ ပြောကြပါတယ်။ တချို့ကတော့ ၁၀ နှစ်ကြာအတူနေခဲ့ကြတာဖြစ်လို့ အနည်းဆုံး တစ်ကြိမ်တော့ ပြန်လည်ဆွေးနွေးသင့်တယ် လို့ ယူဆကြပါတယ်။ Akai အတွက်တော့ အနာကျင်ဆုံးအရာက အိမ်ထောင်ရေးပျက်သွားတာတင်မဟုတ်ဘဲ သူမရဲ့ အမှားတစ်ခုကြောင့် အတူဖြတ်သန်းခဲ့တဲ့ ၁၀ နှစ်လုံး ပျောက်ကွယ်သွားသလို ခံစားနေရတာ ဖြစ်ပါတယ်။ #အိမ်ထောင်သည် #အမျိုးသမီး #ဝမ်းနည်း #fypシ #dssharing
★彡 Ds Sharing(David Sam) 彡★
Region: TH
Tuesday 06 October 2026 04:39:54 GMT
Music
Download
Comments
COVID-19🧌 :
ခင်ပွန်းမှန်တယ်
2026-10-06 14:05:09
6
Aung San Pone :
ယောင်္ကျားလေးဟ ဆုံးဖြတ်ချပီးရင် မာနတော့ အထိအခိုက်မခံဘူး။အောက်ကျိူ့တယ်ဆိုတာ ကိုယ့်အပေါ် သစ္စာရှိတဲ့သူအပေါ်မှာပဲ အကြုံး၀င်တယ်။
2026-10-06 11:12:00
12
T P S 1994 🇹🇭 :
ဖောက်ပြန်တယ်ဆိုတာကြီးကခွင့်လွှတ်ပေးဖို့ဆင်မပြေဘူးလေဗျာကျန်တဲ့ဟာတွေဘယ်လောက်မှားမှားခွင့်လွှတ်ပေးဖို့လွယ်ပါတယ်
2026-10-06 19:26:15
2
Do war :
စိတ်နဲ့တောင်ဘယ်လို ပေါင်းရမလည်း?
2026-10-06 07:10:26
3
椹·LENNOXメシ :
နောင်မှရတာကနောင်တလို့ခေါ်ပါတယ်
2026-10-07 03:39:32
1
Wai Wai :
ပြင်ပဒဏ်ရာကကုလိုရပါတယ် ။စိတ်ဒဏ်ရာကလွယ်မယ်မထင်ပါ။လူကိုသတ်ပါ စိတ်ကိုတော့မသတ်မိစေနဲ့🥰🥰
2026-10-07 05:11:29
1
pyae phyoeaung :
ဖောက်ပြန်တာကိုသိသိကြီးနဲ့ထိုင်ကြည့်နေရမှာလား
2026-10-06 15:16:14
2
❦ℳ💕 :
မသထီတော့တာမချစ်တော့တာမဟုတ်ဘူး
2026-10-07 07:39:42
0
Chit pan :
ပြင်လို့မရတဲ့အမှားအဲတာက
2026-10-06 12:30:06
0
san win Han :
လုပ်တဲ့သူကဘာမှမဟုတ်သလိုနေပေမဲ့ခံရတဲ့သူရင်ထဲမှာပြောမပြတတ်အောင်ခံစားရတယ်ခုလိုအဖြစ်မျိုးတေမလုပ်ပါနဲ့နစ်ယောက်လုံးအတွက်မကောင်းဘူးလေလုပ်ချင်ရင်လည်အိမ်ထောင်မပြုပဲတစ်ယောက်နေပြီလုပ်ကြပေါ့
2026-10-07 02:17:55
0
Ko Aung6996 :
ဖေါက်ပြန်တယ်ဆိုတာ တကြိမ်ထဲဖေါက်ပြန်တယ်ဆိုတာ မရှိဘူး လုံးဝမဖေါက်ပြန်တာနဲ့ အကြိမ်ကြိမ်ဖေါက်ပြန်တဲ့သူပဲ ရှိတယ်
2026-10-08 07:05:39
0
ไอ้ ดํา :
ကိုယ်တွေဆိုလည်းချစ်သူရည်းစားဘ၀ကတည်းကပြောထားပြီးသားဖောက်ပြန်မိရင်မခွင့်လွတ်ကြေးတစ်ခါထဲဂျောင်းပဲ
2026-10-06 17:24:09
0
Khun Ye` Hlaing Win :
သူ့တန်ဖိုးကို အလေးထားပေးပေါ့...
2026-10-07 02:13:30
0
Soe Min Aung :
ခင်ပွန်းမှန်တယ်
2026-10-06 16:13:10
0
Lar yi Sar :
ဖောက်ပြန်ခံရသူဖက်ကစိတ်ဒဏ်ရာဖြစ်ပြီပေါ့ဒါမျိုးဆိုရင်ဘယ်လိုမှမခံစားနိုင်ဘူးနော်
2026-10-07 06:20:05
0
Taw Zin :
အဲ့ဒါက မိသွားလို့ သိသွားလို့ပါ
မမိမတွေ့ရင် infinity ဘဲ တွေးကြည့်တာ
2026-10-06 16:44:07
0
JET AWNG :
good
2026-10-06 06:19:33
1
san win tun :
တသက်လုံးကိုမပေါင်းရဘူး
ဆယ်နှစ်နည်းတာပေါ့
2026-10-06 15:32:23
0
※𝙊𝙐 𝙍𝘼 𝘽𝙐 𝙅𝙄 ♒ :
လုပ်တဲ့လူကတစ်ကြိမ််လေးတဲ့ ခံရတဲ့လူဘက်နေကြည့်ပါလား
2026-10-08 13:43:12
0
ko :
သော်တယ်👍👍
2026-10-06 12:47:42
0
Apple User378775 :
ဘယ်သူကလက်ခံမလဲးကွာ
2026-10-06 15:09:24
0
MGAUNG :
ဖောက်ပြန် တာကို လွယ်တယ်ထင်လား တစ်ခါဖောက်ပြန်ဖူးရင်နောက်လည်း ဖြစ်မှာပဲ
2026-10-06 04:49:39
9
Orion Belt :
လူက ရုပ်ကို ပေါင်းတာ ထက် စိတ်ကိုပေါင်းသူ ဆို ခွင့်မလွတ်တက်ဘူး
2026-10-06 05:35:29
2
zaw linn :
ယခင်ကဆိုရင်တော့မပြောလိုပါ
အကြင်လင်မယားဖြစ်ပြီးမှ
ဖောက်ပြန်တယ်ဆိုရင်ခွင့်မလွတ်ဘူး
မှန်တယ်ပြန်လက်မခံနဲ့
တသတ်စာ နာကြင်နေလိုက်တော့
2026-10-06 16:24:27
0
awngmyetlh :
သူပြောတာနာမလည်ကြဘူး ခိုးစားတာ အကြိမ်ရေများတယ် ယောကျာ်းမီတာ တစ်ခါဘဲလေ😅😅
2026-10-06 12:27:23
0
To see more videos from user @david.sam51, please go to the Tikwm
homepage.