@sh314789: မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ ကျူးကျော်အသုံးပြုပါက အရေးယူမည် ဧရာဝတီတိုင်းဒေသကြီး ။ ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၆ ရက် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို ဥပဒေနှင့်အညီ ခွင့်ပြုချက်မရရှိဘဲ နယ်နိမိတ်သတ်မှတ်ခြင်း၊ ခြံခတ်ခြင်း၊ စီးပွားရေးလုပ်ငန်းလုပ်ကိုင်ခြင်းနှင့် တစ်ဆင့်ပြန်လည်ရောင်းချခြင်းများ မပြုလုပ်ရန် အသိပေးထားသည်။ အထူးသဖြင့် ရွှေသောင်ယံ၊ ချောင်းသာ၊ ငွေဆောင်၊ ဂေါ်ရင်ဂျီနှင့် ဟိုင်းကြီးအပါအဝင် တိုင်းဒေသကြီးအတွင်းရှိ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို ခွင့်ပြုမိန့်မရှိဘဲ ဝင်ရောက်ကျူးကျော်နေထိုင်ခြင်း၊ လုပ်ကိုင်အသုံးပြုခြင်းများ ပြုလုပ်ပါက မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေအရ အရေးယူခံရမည်ဖြစ်သည်။ ထို့အပြင် သတ်မှတ်ကာလအတွင်း လျှောက်ထားခြင်းမရှိဘဲ မြေများကို ရယူအသုံးပြုခြင်း၊ သက်ဆိုင်ရာကော်မတီက ဖယ်ရှားရန် ညွှန်ကြားသည့်အမိန့်ကို မလိုက်နာဘဲ ဆက်လက်အသုံးပြုခြင်းများကိုလည်း ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို သက်ဆိုင်ရာကော်မတီများ၏ ခွင့်ပြုမိန့်မရှိဘဲ အသုံးပြုသူ မည်သူမဆို မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေ ပုဒ်မ ၂၇ နှင့် ပုဒ်မ ၂၇-က ပါ ပြဋ္ဌာန်းချက်များနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။ သတင်းရင်းမြစ် - မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ၊ ဧရာဝတီတိုင်းဒေသကြီး #SHMediaGroup #ဧရာဝတီတိုင်း #မြေလွတ်မြေလပ်မြေရိုင်း #မြေယာ #ပုသိမ် သတင်း - Ayeyarwady James Bond 📰 Chief Online News Editor .................................................................. ‎🟥 SH Media Group ကို Follow လုပ်ရန် ‎ ‎🔹 Website – https://shmediagroupmm.blogspot.com ‎ ‎🔹 Telegram – https://t.me/shnews07 ‎ ‎🔹 Facebook (SH အထူးဟစ်တိုင်သတင်း) – https://www.facebook.com/SHMedia2026 ‎ ‎🔹 Facebook (ပြည်သူ့အတွက် ဟစ်တိုင်သတင်းစုံ ဂျာနယ်) – https://www.facebook.com/SHNews0သတင်းစုစည်းရေးသားသူ7 ‎ ‎🔹 Facebook (အမှန်တရား သတင်းဂျာနယ်) – https://www.facebook.com/SHNewsZaw7 ‎ ‎🔹 TikTok – https://www.tiktok.com/@sh.special.hit.ta5?_r=1&_t=ZS-99xeflg1sPg https://www.tiktok.com/@sh.special.hit.ta5 ‎ ‎🔹 YouTube – https://youtube.com/channel/UCLqnKVthBqtyxX0nMRf8-eQ ‎ ‎🔹 Viber Channel – https://invite.viber.com/?g2=AQBmevNkgyhVplZ9lkTwkTaNPLgUEOwOLCAvKZjqEbKHZH35DVNiImXT6yAlDom7 ‎ ‎🔔 အချိန်နှင့်တစ်ပြေးညီ သတင်းများ၊ ဓာတ်ပုံများနှင့် Video များကို ကြည့်ရှုနိုင်ရန် Follow လုပ်ထားပေးပါ။

SH အထူးဟစ်တိုင်သတင်းဌာန
SH အထူးဟစ်တိုင်သတင်းဌာန
Open In TikTok:
Region: MM
Tuesday 06 October 2026 05:06:47 GMT
198933
4347
47
1268

Music

Download

Comments

user7060012020898
စာဆိုရှင်ကဲကဲ :
တစ်ခုလောက်မေးချင်လို့ပါလွန်ခဲ့သောနှစ်ပေါင်း၂၀ကျော်ထဲကအခွန်ဆောင်ပြီးတစ်နှစ်မကျန်စပါးစိုက်ပျိုးလာတဲ့လယ်ယာမြေကပုံစံခွန်လည်းထုတ်ဖို့လည်းလုပ်ကောဘယ်လိုဖြစ်ပြီးမြေလွတ်မြေရိုင်းဖြစ်သွားပါသလဲအဲ့ဒါတွေကရောတာ၀န်ရှိသူတွေနဲ့ဆိုင်ပါသလားဒါမှမဟုတ်တောင်သူလယ်သမားအပြစ်တွေလို့ဆိုလိုချင်ပါသလား
2026-10-06 06:30:14
22
pathein.thar88
pathein thar :
အပိုတေပါဗျာ ကျနော်တို့ရပ်ကွက်ထဲ လာကြည့်စမ်းပါ ရေမြောင်းကိုမြေဖို့ပြီးခြံစည်းရိုးခက်ထားတာတွေကော မိန်လာမြောင်း လမ်းဘေးမြောင်းခွပြီးအိမ်ဆောက်နေတာမှ နှစ်ထပ်အိမ်တောင်ဆောက်ထားလို့ ဥပဒေ တွေကလဲ ထုတ်တာပဲ ရှိတယ် တကယ်ထိထိရောက်ရောက်လဲ မလုပ်တော့ ဘယ်သူက ဂရုစိုက်တော့မှာလဲ ဥပဒေထုတ်ပြီးရင် ဥပဒေအတိုင်း ထိထိ ရောက်ရောက် လုပ်နိုင်အောင်ကျင့်သုံးပါဗျ
2026-10-06 06:35:50
12
zinmar1264w8ykc
🌹Zin🌹 :
ကိုယ့်အပိုင်လယ်ယာမြေပေါ် အကွက်ရိုက်ရောင်းနေကြတာရောပါလား
2026-10-06 10:51:00
0
yoco814
Ko Zay 🏳️‍🌈 :
ဆောင်လိုက်ရတဲ့အခွန် ဘာစာရွက်စာတန်းမှမပေးဘဲ တစ်ယောက်တက်လာတစ်ယောက်တောင်းစား စားပြီးပြန်ဆင်းတစ်ယောက်တက်လာပြန်စား တစ်ဝဲလယ်လယ်
2026-10-06 07:17:22
3
user71357007478001
ကျော်ထက်အောင် :
အဲဒါတွေပြောမနေနဲ့အလားကားနေဟိုဟာသိမ်းဒီဟာသိမ်းလုပ်ဖို့ဘဲစဉ်းစားနေတယ်နယ်ခံဒေသခံတွေအတွက်မစဉ်းစားဘူးဟိုင်းကြီးမော်တင်စွန်းဘုရားပွဲတော်ချိန်ဆိုမြို့နယ်ကဆင်းလာပြီးဟိုဟာကျေးဒီဟာကျေးကောက်တယ်အချိန်တန်ရင်သူတို့ကအထုပ်ပိုက်ပြန်တယ်အဓိကရွာလမ်းကျတော့ချိင့်ကွက်တွေနဲ့ပြုပြင်တယ်မကြားဘူ
2026-10-06 09:26:28
3
khin.nyine.chan3
Khin🧚‍♀️🍒🐛 :
တို့ငယ်ငယ်ကမြောင်းတေကခုဆိုအိမ်ဆောက်နေပ
2026-10-06 07:31:07
3
moe.lay.moe98
🍀M🌻🍀M🌻 :
ဘာလဲ့အာ့ဆိုပြေစာမပြနိုင်ရင် လုပ်စားနေတဲ့တောင်ယာတေကဖယ်ပေးရမှာလားပြောပေး
2026-10-06 09:12:44
2
user612663923112
Káùñg Htèt :
သစ်တောမှပယ်ဖျက်မကျသေးပဲမြို့နယ်မြေစရင်းကပုံစံ(၇)ပြုလုပ်ပေး၍ရပါသလား
2026-10-06 16:25:13
0
kaungmyat2932001
Zaw Moe :
ဆယ်မျောင်တာပေါ်တက်ဆောက်နေတဲဆိုင်တွေဘယ်လိုရှင်မလဲ
2026-10-06 08:08:47
1
user51610349532510
user51610349532510 :
ဟိုဘက်ခေတ်ထဲက ကုန်နေပီဟ
2026-10-06 06:28:20
1
bhone.nay.za.bhon
သင်္ဂဟ :
အင်္ဂလိပ်ကိုလိုနီခေတ်က မြေပုံ/မြေစာရင်းတွေ ရှိနေသေးတယ်ဆိုရင် လက်ရှိမြေပြင်အခြေအနေ၊ လက်ရှိရွာတည်ရှိမှု၊ လက်ရှိလူနေထိုင်မှုနဲ့ ပြန်လည်တိုက်ဆိုင်စစ်ဆေးထားပါသလား။ နှစ်ပေါင်းများစွာ လူနေထိုင်ခဲ့တဲ့ ရွာမြေကို ယနေ့ထိ မြေလွတ်၊ မြေလပ်၊ မြေရိုင်း အဖြစ် သတ်မှတ်ထားရင် အဲဒီသတ်မှတ်ချက်ရဲ့ ဥပဒေအခြေခံ၊ မြေပုံအမှတ်၊ မှတ်တမ်းအထောက်အထားတွေကို ပြည်သူတွေကို ချပြထားပါသလား။ ဒါတွေဟာ ရန်လိုပြီးမေးတာ မဟုတ်ပါဘူး။ ပြည်သူတစ်ဦးအနေနဲ့ မိမိနေထိုင်တဲ့မြေရဲ့ အခြေအနေကို သိပိုင်ခွင့်ရှိလို့ မေးတာပါ။
2026-10-06 14:48:02
0
user9924094792525
MG BIG :
cfကျပြီးသားတွေရောဖယ်ပေးရမှာလားဗျ
2026-10-06 13:05:30
0
may.myat.mon8834
เมย์ มยัต มอน :
လူတွေလည်းနော် ငါပြောရင် မကောင်းမှက်မယ်
2026-10-06 09:04:52
0
life.hope47
လွမ်း :
တကယ်တော့ကိုယ်လုပ်နိုင်မှအစိုးရဝန်ထမ်းဘဝကိုဝင်ကြပါ အဘယ့်ကြောင့်ဆိုသော် ရပ်ကျေးအုပ်မှစ၍ မြို့နယ် ခရိုင် တိုင်း ဗဟိုရ် အဆင့်အထိသည် ပရဟိတစိတ်ကိုအရင်းခံနိုင်မှအစိုးရဝန်ထမ်းလုပ်ကြပါ နိုင်ငံတော်ကယုံကြည်စွာမျက်နှာလွှဲပေးအပ်ထားသည့်ရာထူးသည် မဏ္ဏိုင်တစ်ခုသဖွယ်သက်ရောက်သည်လို့ကျွန့်တော့ညာဏ်မှီသလောက်တွေးမိပါသည် အပစ်ဆိုခြင်းမဟုတ်ပါ။ အမှားပါခဲ့ရင်ဝန်တာမိပါ🙏🙏🙏🙏🙏
2026-10-06 13:52:54
0
meechit9303
❤️ Patricia ❤️ :
မြေလွတ်မြေရိုင်းတွေရှိပါတယ် လိုချင်လို့လျှောက်ထားသူတွေလဲအများကြီးရှိပါတယ် ပြေစာချပေးမယ်ပြောပါတယ် တစ်ဧကကို 100000နှုန်းနဲ့ ခု ပြေစာမရခင်တစ်ဧက စားပေါ်ငွေ 50000နှုန်းနဲ့ ပေးထားရပါတယ် ဒါကလဲ တကယ့်အစိုးရကလုပ်ပေးမှာလား သိချင်ပါတယ်
2026-10-06 11:06:28
0
tun.tun.oo501
tun.tun.oo501 :
တော်ကြာရင်တစ်နိုင်ငံလုံးအစိုးရကိုအယုံကြည်မဲ့ပြီးမဖြစ်သင့်တာတွေပိုဖြစ်လာတော့မယ်ခုကပြည်သူကိုချောင်ပိတ်ရိုက်သလိုဖြစ်နေပြီနိုင်ငံခေါင်းဆောင်တွေအဆင်ပြေအောင်စီမံပေးပါစေလို့ဆုတောင်းပါတယ်
2026-10-06 10:29:11
0
user612663923112
Káùñg Htèt :
မြေလွတ်မြေရိုင်းမည်သို့အရာကိုဆိုပါသလည်း
2026-10-06 16:19:40
0
kogyikogyi582
ကိုကြီးကိုကြီး :
အဲ့တာဆို အုပ်ကြီးတွေကိုဖမ်းပါ သူတို့ပဲရောင်းစားနေတာ
2026-10-06 07:22:15
12
aungmyominhtaik
War Sar Oak :
ဧရာဝတီတိုင်း ချောင်းသာ၊ ငွေဆောင်၊ ဂေါ်ရင်ဂျီ၊ ဟိုင်းကြီးတို့မှာ မြေလွတ်မြေရိုင်းရှိလို့လား
2026-10-06 08:36:21
1
win.tun7401
Win Tun :
တောင်တွေလဲကုန်ပီထင်တယ်
2026-10-06 07:41:37
3
uhtayhlaing7
Neutron🌈Official :
မင်းတို့ပဲ ယူမှာ မဟုတ်လား😂😂😂
2026-10-06 06:35:05
4
user6615188678466
user6615188678466 :
😂😂😂 သူ့ထက်အရေးကြီးတယ့် အလုပ်တွေ မရှိတော့ဘူးလားဗျာ့။
2026-10-06 06:35:05
4
may.thail.oo
May Thail Oo :
တစ်ခုလေက်မေးချင်ပါတယ် ကျမတို့မှာ မြို့နယ်မြေစာရင်းကလုပ်ကိုင်ခွင့်ပေးထာပါတယ် ဒါပေမယ် တိုင်းတာခြင်းမပြုလုပ်ရသေးပါ မပြုလုပ်ရတဲ့အကြောင်းရင်းကတော့ ပထမတော့ ရပ်အုပ်ချုပ်အဖွဲက တစ်သီးစားလုပ်ကိုင်ပြီး ပါကရုံးကိုတင်ပြီးမြေတိုင်းပေးမယ်ပြောပါတယ် ကျမနောက်တော့သွားလျှောက်တော့မလုပ်ပေး တော့ဘူး ဟိုအကြောင်းပြဒီအကြောင်းပြပြောတယ် ဒါကြောင့်ကျမအဖေက မြို့နယ်မြေစာရင်းရုံးမှာသွားလျောက်ပါတယ် မြေပုံသဏ္ဍန်အတိုင်တာ ကျမတို့စိုက်ထားတဲ့ ကျွန်းခင်း သီဟိုရ် သရက် ငှက်ပျောတော အားလုံးကိုဓာတ်ပုံရိုက်ပြီးတင်ပြပါတယ် မြေစာရင်းကလုပ်ကိုင်ခွင့်ပေးပါတယ် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဆီ မိတ္တူများနဲ့ နယ်အပိုင်းခြားပြန်ပို့ပေးခဲ့ပါတယ် မြေစာရင်းကလာရင်တိုင်းပေးဖို့လည်းမှာလိုက်ပါတယ် ဒါပေမယ် ကျမတို့မြေနားကပ်ရက်ကလူတွေက ရပ်ကျေးကိုပိုက်ဆိုင်ပေးပြီး ကျမတို့ကိုမလုပ်ပေးဖို့ကန့်ကွက်ပါတယ် အဲ့မြေကိုသူတို့ကလိုချင်နေတာမို့ပါ အမျိုးမျိုးတိုက်ခိုက်ပါတယ် နွားတွေလည်းဝင်ကျောင်းပါတယ် အပင်တွေကိုလည်း မီးနဲ့တိုက်ပါတယ် ကျမ မိဘတွေကိုလည်းရန်အမျိုးရှာပြီးနှောင်ယှက်ပါတယ် အာ့ကြောင့်ခုတတိုင်းတာခြင်းမပြုလုပ်ရသေးပါလုပ်သက်ကတော့ ၁၇နှစ်ရှိနေပါပြီ မြေယာတွင် ကျွန်း သီဟိုရ် သရက် ငှက်ပြော ဝါး သီးပင်စားပင်မှာ ကြောင်လျှာပင်များကိုစိုက်ပျိုးထားပါတယ် အဲ့ဒါကိုဘယ်လိုလုပ်ရင်သင့်တော်ပါသလည်းရှင့်
2026-10-06 08:15:38
1
khoontha705
khoontha705 :
လျှောက်ရင်ပေမယ်ပေါ့
2026-10-06 15:20:11
0
yatu071
Yatu🌿🌿🌿 :
ပုသိမ်ကိုပဲအရင် လုပ် ပါအုန်း
2026-10-06 10:12:08
0
To see more videos from user @sh314789, please go to the Tikwm homepage.

Other Videos


About