@yeik.nyain: လူတွေဟာ ကိုယ်ချမ်းသာသလို သူများချမ်းသာလာတာကို အလွယ်တကူ ဝမ်းမသာတတ်ကြဘူး။ ကိုယ်အဆင်မပြေတဲ့အချိန်မှာ သူများလည်း အဆင်မပြေဘူးဆိုရင်တော့ မသိမသာ စိတ်ထဲမှာ သက်သာသွားတတ်တယ်။ ဘာကြောင့်လဲဆိုတော့ လူဆိုတာ သူများဘဝနဲ့ နှိုင်းယှဉ်ပြီးမှ ကိုယ့်နေရာကို သတ်မှတ်တတ်တဲ့ သတ္တဝါဖြစ်လို့ပါပဲ။ သူများ မြင့်တက်လာတဲ့အခါ ကိုယ်က နိမ့်ကျသွားသလို ခံစားရတတ်တယ်။ သူများ ရှေ့ရောက်သွားတဲ့အခါ ကိုယ်က နောက်ကျကျန်ခဲ့သလို ထင်လာတတ်တယ်။ သူများကျရှုံးသွားတဲ့အခါမှာတော့ ကိုယ့်အခြေအနေက ဘာမှမပြောင်းလဲသေးပေမယ့် “ငါလည်း အရမ်းညံ့နေသေးတာတော့ မဟုတ်ဘူး” ဆိုတဲ့ မသိမသာ နှစ်သိမ့်မှုတစ်ခု ရလာတတ်တယ်။ လူ့စိတ်ရဲ့ ထူးဆန်းမှုက တစ်ခါတလေ ကိုယ့်အောင်မြင်မှုကို ကိုယ်တိုင် မခံစားနိုင်သေးတဲ့အခါ သူများရဲ့ မအောင်မြင်မှုထဲမှာ ကိုယ့်အတွက် နှစ်သိမ့်စရာကို ရှာတတ်ကြတယ်။ ဒါပေမယ့် တစ်ယောက်ယောက် ရှေ့ရောက်သွားလို့ ကိုယ်နောက်ကျသွားတာ မဟုတ်သလို တစ်ယောက်ယောက် နောက်ကျသွားလို့လည်း ကိုယ်ရှေ့ရောက်သွားတာ မဟုတ်ဘူး။ ဘဝဆိုတာ လူတိုင်းအတွက် လမ်းမတူတဲ့ ခရီးတစ်ခုပါ။ သူများရဲ့ ပျော်ရွှင်မှုကို မြင်တိုင်း ကိုယ့်မှာမရှိတာ တွေကိုပဲ တွေးပြီး နာကျင်နေမယ်ဆိုရင် ဘဝဟာ ဘယ်တော့မှ ပြီးဆုံးမှာမဟုတ်တဲ့ ပြိုင်ပွဲတစ်ခု ဖြစ်နေတော့မှာပဲ။ မနေ့က ကိုယ့်ထက်သာတဲ့သူနဲ့ ကိုယ့်ဘဝကို တိုင်းပြီး ဝမ်းနည်းစရာမလိုဘူး။ မနက်ဖြန် ကိုယ့်ထက်သာမယ့်သူကိုလည်း ဒီနေ့ကတည်းက ကြိုပြီး ကြောက်စရာမလိုဘူး။ ကိုယ်နဲ့ကိုယ်ပဲ ပြန်ကြည့်ဖို့လိုတယ်။ မနေ့ကထက် ဒီနေ့ နည်းနည်းပိုနားလည်လာသလား။ နည်းနည်းပိုရင့်ကျက်လာသလား။ တစ်ချိန်က စိတ်နာခဲ့ရတဲ့အရာတွေကို အခု နည်းနည်းပိုလွှတ်ပေးနိုင်လာသလား။ အရင်က မခံနိုင်ခဲ့တဲ့အရာတွေကို အခု အေးအေးဆေးဆေး ဖြတ်သန်းနိုင်လာသလား။ အဲ့ဒီလို ပြောင်းလဲမှုတွေကပဲ တကယ့်တိုးတက်မှုတွေ ဖြစ်နိုင်ပါတယ်။ သူများမကောင်းမှ ကိုယ်ကောင်းတယ်လို့ ခံစားနေရသရွေ့ ကိုယ့်ပျော်ရွှင်မှုဟာ ကိုယ့်လက်ထဲမှာ မရှိသေးပါဘူး ။ ဒါကို သိထားရမယ် ။ #ရိပ်ငြိမ်
Yeik Nyain -ရိပ်ငြိမ် -
Region: MM
Tuesday 06 October 2026 07:36:13 GMT
Music
Download
Comments
Cho Cho Zin :
လူတွေက ဆင်းရဲတော့လည်း နှိမ်တယ်
ပြေလည်လာတော့လည်း ပြိုင်တယ်
အရမ်းချမ်းသာပြီး ချေမိုးနိုင်မှ အထင်ကြီးကြတာပါ။
2026-10-06 23:43:04
14
feel :
ကျွန်တော်က တော့ရှင်းတယ်မနာလိုမဖြစ်ဘူးဝမ်းသာတယ်အားရတယ်အားပေးတယ်
2026-10-06 14:03:24
5
Mwa Chi Lay :
အဟုတ်ပါပဲလေ🥰🥰🥰
စာသားcopyလေးချပေးပါလား🙏🙏🙏
2026-10-06 18:06:22
1
🌹EK🌹 :
ယူသုံးပါရစေရှင့်💓
2026-10-06 16:36:08
2
K🐻H🐻I🐻N :
ပြန်တင်ပရစေcopyလုပ်ပီး
2026-10-06 09:36:06
2
Roohi🤍 :
🥺အမှန်ပဲနော် ကျမကတော့ မနာလိုမဖြစ်ဘူးဝမ်းသာတယ်အားရတယ်အားပေးတယ်
2026-10-07 02:07:37
4
🌸 :
စာသားလေးသဘောကျလို့ပြန်တင်ခွင့်ပြုပါ🥰
2026-10-06 14:20:33
2
Nyein :
ပြန်တင်ပါရစေ
2026-10-06 10:19:30
2
soe :
copyယူပါရစေနော်[Heartwarming]
2026-10-07 01:22:21
2
Lin Lat Khaing 🖤 :
စာသားလေးလိုချင်🥰
2026-10-06 12:52:02
2
Pyae Hmue :
ပြန်တင်ခွင့်ပြုပါရှင့်
2026-10-07 02:05:57
2
🫐 Blueberry 🫐 :
ကျေးဇူးအထူးတင်ပါတယ်
2026-10-07 05:50:27
1
💎yadanar💎 :
စာသားလေးသဘောကျလိုက်တာ
2026-10-06 13:08:11
2
ဖိုးပြည့် :
ပြန်တင်ခွင့်ပြုပါဗျ
2026-10-06 14:13:27
2
Daw Ei Moe :
ပြန်တင်ခွင့်ပြုပါ
2026-10-06 15:54:07
2
angle :
🥰🥰🥰Right
2026-10-06 08:03:32
1
shwelin :
🥰
2026-10-06 09:27:01
2
Pyae Phyo :
ပြန်တင်ခွင့်ပြုပါ
2026-10-06 12:16:25
2
11:11(Mg Min Gyi Thar) :
ငွေမပြောနဲ့ follows များပြီ like ရတာတောင်တိုင်ခိုက်ခံရသောခေတ်ပါဗျ
2026-10-06 08:04:13
9
🌼 𝓣𝓱𝓲𝓷𝓣𝓱𝓲𝓷𝓗𝓽𝓮𝓽🌺 :
စာသားလေးယူသုံးပါ့ရစေရှင့်❤️❤️
2026-10-06 14:49:02
2
🤱☘️ :
စာသားတစ်ချို့ copyမယ်နော😌
2026-10-07 10:12:17
2
Kyaw Soe Moe⚓ :
ငွေကြေး စီးပွားရေး ပညာရေး အဲ့လိုမျိုးတွေမှာ ကိုယ့်ထက်သာရင် မုဒိတာမပွားပေးနိုင်သေးဘူး။ အဲ့လို ဘယ်လိုဖြေရှင်းလဲ။ အကောင်းမြင်ပေးလို့မရဘူး၊ ဟုတ်ပြီ ဒါဆို လျစ်လှူရှုလိုက်တယ်။ အဲ့လိုလူ တွေရဲ့ social media ကို follow မလုပ်တော့ဘူး။ အချစ်ရေး၊ အိမ်ထောင်ရေး ပျော်ရွှင် အဆင်ပြေတာမြင်ရရင်တော့ ကိုယ်ပါ ကြည်နူးတယ်။ မျှဝေခံစားပေးနိုင်တယ်။ ဒါတောင် အဲ့လူက သစ္စာမရှိဘူးဆိုတာကို သိထားရင် အထင်သေးတယ်။ နှာခေါင်းရှုံ့တယ်။
2026-10-07 06:19:53
1
Ma Chit Su (store) :
စာသားလေးလိူချင်ပါတယ်
2026-10-07 11:03:31
1
Zinmarkhaing (T&E)Shampoo🥑🥑 :
စာသားလေးယူပါရစေ🥰
2026-10-07 04:53:01
1
Su Su Aung :
ဆရာရေလူတွေရဲ့အတွင်းစိတ်ကိုပုံဖော်ထားတာတော်လိုက်တာ👍👍👍🥰🥰🥰
2026-10-06 14:03:00
1
To see more videos from user @yeik.nyain, please go to the Tikwm
homepage.