@nineyyaeworld: ဒီရက်ပိုင်း ပို့စ် အတင်ကြဲလို့တို့ ဟိုတလောက ပျောက်သွားလို့ ဆိုတာတွေ စပ်စုမပုတို့ကို ရှင်းပြမယ်နော် ဟိုတလောက လုံး၀ပို့စ်မတင်ပဲ အရှင်းနားလိုက်တာက အဓိဌာန်၀င်နေတော့ အချိန်မပေးနိုင်တာကြောင့်ပါ ပို့စ် တစ်ခုတင်ဖို့ အတွက်ဆို Social Media မှာ အချိန်ပေါင်းများစွာပေးပြီး စပ်စုရပါတယ် အဲ့လိုနဲ့ အဓိဌာန်၀င်တဲ့ကလတွေမှာ Social Media ကို လုံး၀ Break လုပ်ပြီး ကိုယ့်ကိုကိုယ် သေချာလေး အချိန်ပေးဖြစ်ပါတယ် ဘုရားတရားလုပ်တာတွေ စာဖတ်တာမျိုးတွေ ကိုယ်ချစ်ရတဲ့တွေအတွက် အချိန်ပေးဖြစ်ပါတယ် အဓိ၎ာန်ပြီးသွားတဲ့ အချိန်မှာ ပို့စ်တွေကို ပုံမှန်ပြန်တင်ဖို့ ကြိုးစားနေပါတယ် ဒါပေမယ့် Social Media တွေမှာ မြင်သမျှကြားရသမျှ အရာတွေရာ အဆိုးတွေ ကြောက်စရာတွေချည်း ဆက်တိုက် မနားတန်းတွေ့နေရတော့ ကိုယ်လည်း အဲ့ဒီ Negative တွေထဲမှာ တစ်ယောက်အပါအ၀င်ဖြစ်နေတယ်လို့ ခံစားရပြီး အင်မတန်မှ စိတ်မကောင်းဖြစ်ရပါတယ် အဲဒါကြောင့် အရင်လိုပုံမှန် တင်ဖို့ကို ကြိုးစားကြည့်ပေမယ့် စိတ်က အရင်လိုမပျော်တော့ဘူး တက်ကြွမှုလည်း မရှိတော့ဘူး ဖြစ်နေပါတယ် အိမ်မှာနား စာလေးဘာလေးဖတ် ဘုရားတရားလုပ်တာ ရုပ်ရှင်လေးကြည့်တာ ဘာသာစကားလေ့လာရတာ သူငယ်ချင်းတွေနဲ့ အချိန်ပေးရတာကို အခုအရမ်း သဘောကျနှစ်သက်မိနေပါတယ် သတင်းအကြောင်းအရာတွေ ရှင်တို့အတွက် တစ်ခုခုကျန်မယ့်အရာမျိုးတွေတော့ ကြိုးစားပြီး တင်ပေးပါမယ် ဒါပေမယ့် မတင်တော့ဘူးဆိုရင်လည်း နားလည်ပေးကြပါနော် အခု ကိုယ်ပို့စ်တွေတင်ခဲ့တဲ့ တစ်နှစ်နဲ့ ၃လ ၄လေး ကာလအတွင်းမှာ ကိုယ့်ကြောင့် ထိခိုက်နစ်နာခဲ့တဲ့သူတွေကော ကိုယ်နဲ့ ပွဲဖြစ်ခဲ့တဲ့ တစ်ဦးတစ်ယောက်ခြင်းစီကိုကော ရင်ထဲက ၀မ်းနည်းစွာနဲ့ လှိုက်လှိုက်လှဲလှဲတောင်းပန်ပါတယ်နော် တကယ်လို့ ပို့စ်သပ်သပ်တင်ပေးပြီးမှ တောင်းပန်ပေးစေချင်ရင်လည်း တောင်းပန်ပေးပါဦးမယ် နောက်အကြောင်းအရာတစ်ခုကတော့ ပြီးခဲ့တဲ့ Sunday မှာ ငယ်သူငယ်ချင်းလေး ဆရာမ Mein Mein Astra နဲ့ဆုံတော့ သူရှင်းပြတဲ့ တရားအကြောင်းတွေနားထောင်ရင်း အရမ်းပျော်တယ်လို့ခံစားရပါတယ် ပြီးတော့ သူ့ကိုလည်း အရမ်းအားကျမိတယ် သူ့လိုလည်း တရားအကြောင်းတွေနားလည်ချင်တယ် စိတ်၀င်တစားနဲ့ အရမ်းလည်းလေ့လာချင်မိပါတယ် အဲ့တာကြောင့်ပါနော် အားလုံးကို အရမ်းချစ်ပါတယ် ပျော်ရွှင်စရာကောင်းတဲ့ Positive ပို့စ်တွေ ဘလော့တွေမှာ ပြန်တွေ့ကြမယ်နော်

Nine's World
Nine's World
Open In TikTok:
Region: SG
Tuesday 06 October 2026 09:34:09 GMT
55764
2898
99
72

Music

Download

Comments

uusialkaa
Helmi :
ဒီလိုလေးပဲဖြစ်စေချင်တာပါ၊ မှန်တာပြောတာပဲလေဆိုပေမယ့် တဖက်သားရဲ့အပုတ်လေလွှင့် သတင်းစကားကိုပြောဆိုခြင်းက လူနေမှုအဆင့်အတန်းနိမ့်ပါးခြင်းဖြစ်တာမို့ ယူ့ကိုကြည့်ရတာ ပညာတက်ပုံစံ နေထိုင်မှုအဆင့်ရှိမယ့်ပုံသဏ္ဌာန်လေးမို့ နှမြောမိတာအမှန်ပါပဲ၊ သတင်းစကားလေးကြားလိုက်ရတာ တကယ်ကိုစိတ်ထဲအေးချမ်းသွားရပါတယ်။
2026-10-06 11:21:24
18
tin.moe.moe.khine
Tin Moe Moe Khine :
ညီမလေးလား ရုပ်လေးက တော်တော်ဆင်တယ်နှော်
2026-10-06 11:48:15
2
nan.san522
Nan san :
remember
2026-10-06 14:18:56
0
000888gia
yaya :
ခုလို သိရှိသွားတာကလည်း ငြိမ်းချမ်းခြင်းပါဘဲ တကယ်ကောင်းပါတယ် လောကကြီးကလေ လူတွေရှိနေသမျှ အရှုပ်အထွေးဆိုတာ ရှိနေစမြဲပါ ကို့ဘဝလေးအေးချမ်းနေဖို့က အဓိကပါဘဲ
2026-10-06 14:52:22
2
thae_moonlight
Thel Mon Htwe :
တော်လိုက်တာ ကိုယ့်energy တွေကုန်မဲ့အလုပ်ကိုရပ်တန့်နိုင်တာ သူများပူလောင်တာတွေကကိုယ့်ပါပူလောင်ရတဲ့အခါအဆင်မပြေတော့ဘူးလေနော်
2026-10-06 12:52:37
7
daw.kyi.kyi.win759
Daw Kyi Kyi Win :
You are very kind. 💛💛💛💛
2026-10-06 10:36:26
1
zinmarmaungmyintnadi
Zin Mar Hayano - TitanMyanmar :
တစ်ခါမှ မမန့်ဖူးပေမယ် Nine’s world ကို အဲ့လိုလေးဖြစ်စေချင်ခဲ့မိတာ … စိတ်ရဲ့အေးချမ်းခြင်းတွေဆထက်တပိုး ရရှိပါစေနော် … 🍀
2026-10-06 10:34:17
8
a.tar22
Dar Taw Taw :
သာဓုပါ အကိုရေ။ audience လည်းရှိပြီးသားဖြစ်တဲ့အတွက် positive vibe တွေနဲ့ guide လုပ်နိုင်တဲ့ သူတစ်ယောက်ဖြစ်မယ်လို့ယုံကြည်ပါတယ်နော်။ 👏🤝
2026-10-06 13:05:06
4
blokenrosi
🇲🇲 ꧁༒ Nway༒꧂🍓 🇸🇬 :
🥰
2026-10-06 09:54:13
1
eihnin18
Ei Hnin :
သိပ်မှန်ပါတယ် ကိုယ် တွေ နား ထောင်ရင် တောင် Negative energyကူးစပ်တာ ပြောတဲ့သူဆို ပိုဆိုးပါတယ်။ စပ်စုမတ်ပု တွေလဲ လက်ခံလို့ မတင်ပါနဲ့ တော့ ဆရာမ မိန်းမိန်းရဲ့ Wallpaper တွေက အမြဲထားဖြစ်တယ် Luckyလို့ ။
2026-10-06 10:35:48
4
userceo20
🌻 :
social network ကအဆက်သွယ်ဖြတ်နိုင်လေ အေးချမ်းလေပါပဲ။ ခုလိုကိုယ့်အတွက်ကိုယ် survival လုပ်နေရတဲ့ခေတ်ကြီးမှာ အေးချမ်းရာ ေတွကို ကိုယ်တိုင်ရှာဖွေရမှာပါ။ ဘဝဆိုတာ ကိုယ့်လုပ်ရပ်ပေါ်မူတည်ပါတယ်။
2026-10-06 10:39:50
4
mochicandy777
Butter Htun :
ဘုရား တရားလုပ်ရင် တကယ်ကို မကောင်းတာ ဘာဆိုဘာမှ လုပ်ချင်စိတ်မရှိတော့တာ တကယ်လက်တွေ့ပါ ခဏတာပဲဖြစ်ဖြစ် တကယ်အေးချမ်းရတာ အရေးပါတာနဲ့ မပါတာလဲ အလိုလိုမြင်လာတယ်🥰
2026-10-06 10:35:30
2
sunflowerfood1
နေကြာ :
အေးချမ်းပါစေ။ အတွေးလည်းတူတယ်
2026-10-06 10:23:26
1
sumyatnoesan00
Myat Phoo Pwint Floral Service :
မျှော်နေပါမယ်ရှင်🥰
2026-10-06 10:28:55
1
khin.thansoe1
Khin Thansoe :
သိပ်ကောင်းတဲ့စိတ်လေး😍😍😍😍
2026-10-06 10:39:47
1
khinmy217
メイ (Mei)@Alice :
ချစ်ပြီးသား
2026-10-06 09:52:21
1
beeaintlizy
imbee 🐝 :
မှန်တယ်ရှင် ဒီ negative environment ကနေထွက်နိုင်တာ တကယ်ဝမ်းသာတယ်.. အရင်လို ဒီလိုတွေပြောရတာ မတက်ကြွတော့ဘူးဆိုတာလဲ ခံစားမိတယ်.. ကိုယ့်အတွက်အကောင်းဆုံးဖြစ်မဲ့အရာတွေကိုပဲ အာရုံစိုက်ပါ.. အရင်က အမြဲနားထောင်ဖြစ်ခဲ့တာမို့ အဖော်ဖြစ်ပေးခဲ့တာ ကျေးဇူးတင်ပါတယ် ❤️
2026-10-06 09:58:24
1
shwe.yaung.lay120
Shwe Yaung Lay120 :
ဟုတ်ပါပီရှင်
2026-10-06 10:13:12
1
madebykhant24
𝑴𝒂𝒅𝒆 𝒃𝒚 | 𝑲𝒉𝒂𝒏𝒕 ✨ :
ကောင်းပါတယ်နော် တခါတလေမှာ သူများကို ပြန်ပြောပြဖို့ ကိုယ်တိုင် လိုက်ကြည့် လိုက်ဖတ်ရတဲ့အခါ Energy တွေ တအားကုန်ပါတယ် ပြန်ပြောပြတဲ့အခါမှာလည်း ကိုယ့်ဆီက Energy တွေ ယူသွားတယ်လို့ ခံစားရပါတယ် ဘာပဲဖြစ်ဖြစ် အေးအေးချမ်းချမ်းလေးနဲ့ ပြန်တွေ့ကြမယ်
2026-10-06 09:52:58
37
g4734378
Glory :
ကိုယ့်အတွက် တကယ် ပူလောင် စေတဲ့ အရာတွေထဲ နစ်မျော ခဲ့တာ ဘယ်လောက်ကြာခဲ့လဲ မသိပေမယ့် ကိုယ် လည်း အခုတလော အပင်တွေစိုက်တယ် podcast တွေနားထောင်ဖြစ်တယ် ပစ္စည်းသေးျသးလေးတွေ ကလိနေလိုက်တယ် တကယ်အေးချမ်းသွားတာ အဓိက ကလေ social ပေါ် ရှိသမျှ ပွဲ လိုက်ကြည့်ပြီး အမုန်းပွါးခဲ့ရတာ ကိုယ့်အတွက် အရမ်း negative တွေများလာပြီး ပင်ပန်းလာတယ်
2026-10-06 10:02:05
5
spring4081
spring 🌼🌱따뜻한 봄 :
စပ်စုအပုရေ ဆရာမ မွန်ဟော်စီရေးတဲ့ စိတ်ကိုအဆိပ်ထုတ်ခြင်းဆိုတဲ့စာအုပ်လေးကိုဖတ်ကြည့်ပါနော် maybe ဖတ်ပီးချင်လဲဖတ်ပီးလိမ့်မှာပေါ့ အကြံပေးကြည့်တာပါ ကိုယ်ဆိုလဲအဲ့စာအုပ်ကြောင့်အရမ်းစိတ်နာအောင်လုပ်ခဲ့သူတယောက်ကိုခွင့်လွတ်နိုင်လာတယ် positive vibe လဲအပြည့်ရတယ်[Heartwarming]
2026-10-06 12:19:28
0
khattar_zaw
Khattar :
နိုင်းတော့ တရားရသွားပြီ
2026-10-06 10:36:30
1
shwe19664
ရွှေတောင်တန်း(ပဲစိမ်းကြော်) :
စပ်စုမပုလုပ်တုန်းကလည်းအားပေးခဲ့သလိုဘအနားယူလိုက်ရင်လည်းနားလည်ပါတယ် စိတ်ချမ်းသာအောင်နေပါ ဘာပဲရွေးချယ်ရွေးချယ်အရင်လိုပဲအားပေးနေမှာပါ[Heartwarming]
2026-10-06 12:30:32
1
hsu.yam
✨Glorilla ✨ :
ဆုံးဖြတ်တာ မှန်ကန်ပါတယ် 🥰🥰🥰
2026-10-06 10:42:38
1
ei.ei.hlaing283
Ei Ei Hlaing :
တို့ကမပုဖန်ပါ🥰🥰🥰
2026-10-06 09:46:47
1
To see more videos from user @nineyyaeworld, please go to the Tikwm homepage.

Other Videos


About