@aunglay.1984: ကျွန်မက မာနနဲ့ သိက္ခာကို ကိုးကွယ်တဲ့သူမို့ ကျွန်မကို မရွဲ့လိုက်ပါနဲ့... ရှင်ခံစားရလိမ့်မယ်" ကျွန်မက အရမ်းအလွယ်တကူ လိုက်လျောတတ်တဲ့ သူမဟုတ်ပါဘူး။ အပြုံးလေးတစ်ချက်နဲ့ ကိုယ့် မာနကို လဲမပစ်နိုင်သလို… စကားချိုချိုလေးနဲ့လဲ ကျွန်မသိက္ခာကို အကျမခံတတ် ပါဘူး။ လူတစ်ယောက်အပေါ် သဘောကောင်းရင်လည်း စိတ်ရင်းနဲ့သဘောကောင်းတတ်သလို လည်း ကျွန်မကိုမလိုအပ်ဘူးဆိုတဲ့အရိပ်အယောင် တွေ့ရင် နောက်ပြန်လှည့်ထွက်နိုင်တဲ့သူမျိုးပါ။ ကျွန်မရဲ့တန်ဖိုးကို ကျွန်မကိုယ်တိုင်သိထားတဲ့သူမို့ ကျွန်မကိုလာပီး မရွဲ့လိုက်ပါနဲ့။ ရှင်ထင်သလို “အရမ်းချစ်လို့ ပြန်လာမယ်" ဆိုတဲ့မိန်းမမျိုး မဟုတ်ပါ ဘူး။ ချစ်တတ်တာမှန်ပေမဲ့... ကိုယ့်ကိုယ်ကို လျှော့ချပြီး ချစ်တတ်တဲ့သူ မဟုတ်ဘူးဆိုတာကိုသိထားပါ။ ကျွန်မရဲ့ မာန်က ဂုဏ်ယူဖို့အတွက်မဟုတ်ပါဘူး၊ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ပါ။ သိက္ခာဆိုတာလည်း လူတွေရှေ့မှာ ကြည့်ကောင်းဖို့ မဟုတ်ဘူး၊ ကိုယ့်နှလုံးသားကို မချိုးဖောက်ဖို့ပါ။ ရှင်က စမ်းကြည့်ချင်ရင် "ဒီမိန်းမက ဘယ်လောက်ထိ ခံနိုင်မလဲ” လို့ စမ်းကြည့်လိုက်ပါ..။ အဆုံးမှာ ခံစားရမယ့်သူက ရှင်ဖြစ်သွားလိမ့်မယ်။ ဘာလို့လဲဆိုတော့ ကျွန်မက တိတ်တိတ်လေးပဲ ထွက်သွားတတ်လို့ပါ။ တောင်းပန်စကား မတောင်းတတ်သလို ပြန်လှည့်ကြည့်ဖို့လည်း မလုပ်တတ်ဘူး။ ရှင်ရဲ့ လက်လွတ်သွားမှုကို ရှင်နောက်မှ နားလည်လာလိမ့်မယ်။ မလေးစားခဲ့တဲ့အချိန်တုန်းက တန်ဖိုးရှိခဲ့တာကို ရှင်နောက်ကျမှ သိမယ်။ ကျွန်မကို မရွံ့လိုက်ပါနဲ့. မာနရှိတဲ့မိန်းမတစ်ယောက်ကို ထိခိုက်စေလိုက်ရင် သူမနာကျင်ရတာထက် လက်လွတ်သွားတဲ့သူက ပိုနာတတ်ပါတယ်။ ကျွန်မကို လေးစားပါ။ မဟုတ်ရင်... ရှင်ပဲ ခံစားရလိမ့်မယ်။
♡︎ စပ်စုစိန် ♡︎ _ ♡︎ စာတို ♡︎
Region: MM
Tuesday 06 October 2026 14:20:48 GMT
Music
Download
Comments
nn_noy2 :
ရှယ်လိုက်ပီရှင်
2026-10-06 15:32:50
2
🐇我相信(ယုံလေး)🐇 :
စာသားလေး copy 🥺
2026-10-07 14:32:15
1
@Myo Su1122 :
👍👍👍👍
2026-10-06 20:22:12
1
Thiri :
2026-10-07 08:50:13
1
🤍Aswe🤍 :
🥰🥰🥰
2026-10-07 06:54:40
0
Moe :
❤️❤️❤️
2026-10-06 14:24:05
2
nn_noy2 :
🥰🥰
2026-10-06 15:32:30
2
အဥ္ဇနပူရမြို့ သူချေ :
😘
2026-10-07 14:52:35
1
Daw Soe Oo :
😁😁😁
2026-10-07 01:40:22
2
To see more videos from user @aunglay.1984, please go to the Tikwm
homepage.