@aspen_on_your_screen: #အိုးစည်တောင် သွားမယ်ဆိုရင် သိထားရမှာလေးတွေ 💚 ✅ အိမ်စီးကားနဲ့ တက်လို့ရပါတယ် လမ်းတော့ အရမ်းမကျယ်ပါ မတ်ပါတယ် တောင််တက်လမ်း မောင်းတတ်ရင်ကို အဆင်ပြေပါတယ် တောင်ပေါ်မှာ parking ရှိတယ် ✅ ကားမပါရင် သုံးဘီး/taxi ကြိုချိတ်ပြီး သွားလို့ရပါတယ် ဒေသခံdriverတွေက ဓာတ်ပုံလဲ ကောင်းကောင်းရိုက်ပေးတတ်သလို ဘယ်နေရာလှလဲ ကောင်းကောင်းသိပြီး စိတ်လဲရှည်ကြပါတယ် ✅ ဆိုင်ကယ်ငှါးပြီး သွားမယ်ဆို ညကတည်းက ယူထားပါ အရေးကြီးတာ “brake ကောင်းမကောင်း စစ်ပါ” Aspen တို့တုန်းက အဆင်းမှ တစ်စီး brake မမိတာ ပါနေလို့ တော်တော်ကွိုင်သွားပါတယ် အတက်အဆင်း တော်တော်မတ်ပါတယ် တကယ်မောင်းတတ်မှ ငှါးပြီးသွားပါ ✅ လမ်းလျှောက်တက်လို့လဲ ရပါတယ် မြို့ထဲကလျှောက်ရင် တစ်နာရီခွဲ ဝန်းကျင် တောင်ခြေကတက်ရင် နာရီဝက် ဝန်းကျင်ပါ (Hiking shoes လောက်ကြီး မလို comfortable ဖြစ်တဲ့ shoes ဆို လုံလောက်) 🤍 ဖုန်းထဲမှာ sunrise time ကို ကြိုကြည့်ပြီး နေထွက်ချိန်မတိုင်ခင် 30mins အလိုလောက် ရောက်အောင် သွားပါ မဟုတ်ရင် နေစူးလာပြီး တိမ်ပင်လယ်လဲ ပျောက်သွားတတ်ပါတယ် မြို့ထဲမှာ မြူအုပ်နေလို့ တိမ်ပင်လယ်မရှိလောက်ဘူးထင်ပြီး မသွားတော့ဘူးလို့လဲ လက်မလျှော့လိုက်ပါနဲ့နော် တစ်ခါတစ်လေ တောင်ထိပ်မှာက ရှင်းလင်းနေပြီး တိမ်ပင်လယ်အပြည့် ဖြစ်နေတတ်ပါတယ်🤍 အပေါ်မှာ အေးပါတယ် ကျောက်ဆောင်တွေလဲရှိပြီး အဲ့နားတွေက ပိုလှလို့ ကျောက်ဆောင်တွေပေါ် တက်လို့ ဆင်းလို့ အဆင်ပြေမယ့် outfit လေးတွေ ဝတ်သွားပါ Nov, Dec, Jan ဆိုလူအရမ်းများပြီး တန်းစီရတတ်ပါတယ် ခရီးသွား အချင်းချင်း စိတ်ရှည်ပါနော် Hope you all have best moments in Kalaw 🤍 #traveltips #enjoyingtheview #creatorsearchinsights
aspen_on_your_screen
Region: MM
Tuesday 06 October 2026 16:16:09 GMT
Music
Download
Comments
𝕸𝖎𝖓 𝕸𝖎𝖓{မြေလက်သား}🙏🇹🇼 :
thankyou
2026-10-09 12:59:27
0
Phyo su wai :
ခုချိန်လား လှနေတော့အမတို့သွားတုန်းကတိမ်မရှိလို့ ထပ်မသွားဖြစ်တော့ဘူး
2026-10-07 01:29:33
0
Zayar Linn 😕🍎 :
ဒီနေ့လား
2026-10-07 03:26:04
1
ဒေါက်တာသဇင်(Mawlamyine) :
ဘုန်းကြီးကျောင်းအခြေနေရော ကိုယ်တွေသွားတုန်းက ကားနဲ့အတတ် ဘုန်းကြီး၂ပါးက လှမ်းတားအလှူခံတာလား အတင်းတားတာလား ဆို အတင်းတားအလှူခံတာထက် ပိုက်ဆံထည့်လိုက် ဆို ပိုမှန်မယ်
2026-10-09 10:20:39
0
꧁༒༺ မီးအိမ်ရှင် ༻༒꧂ :
လှလိုက်တာ တို့သွားတုန်းက တိမ်သားတွေမရှိ နေကြွပ်ကြွပ်ကိုပူလို့👍🥰🥰🥰👍
2026-10-08 10:10:39
0
နွံ :
ကြည့်လိုက်တိုင်းအေးချမ်းနေတာပဲ
2026-10-07 18:47:12
0
AUTO CITYကားအလှဆင်(ဒေါပုံ) :
လှလိုက်တာ
2026-10-07 06:53:07
0
Mi Yin Sanine Chan :
feel နေရောပဲ
2026-10-07 03:40:04
0
Myo Thura Htet :
😍😍😍
2026-10-07 04:13:34
0
AMMY :
🥺🥺🥺
2026-10-06 16:22:19
0
Thomas :
😍😍😍
2026-10-06 16:20:52
0
အင်းလေး အောင်မင်း🚤09441225180 :
🥰🥰🥰
2026-10-09 04:33:37
0
To see more videos from user @aspen_on_your_screen, please go to the Tikwm
homepage.