@nannweni72: ပေါ်တူဂီအသင်းတွင်း ပြဿနာကို စာအရှည်ကြီးနဲ့ ရော်နယ်ဒို ဖွင့်ဟ ပေါ်တူဂီအသင်းနည်းပြ ဟော်ဟေး ဂျီးဆပ်တို့အကြား ဖြစ်ပျက်ခဲ့တဲ့ အခြေအနေမှန်တွေနဲ့ ပတ်သက်ပြီး အသင်းခေါင်းဆောင် ခရစ်စတီယာနို ရော်နယ်ဒိုက ကိုယ်တိုင်ကိုယ်ကျ ပထမဦးဆုံးအကြိမ် ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။ "ကျွန်တော် ကတိပေးထားခဲ့တဲ့အတိုင်း ပြီးခဲ့တဲ့ လေ့ကျင့်ရေးစခန်းမှာ လက်ရှိနည်းပြနဲ့ ဖြစ်ပျက်ခဲ့တဲ့ အခြေအနေတွေကို ရိုးရိုးသားသားပဲ ပြန်လည်မျှဝေပေးချင်ပါတယ်။ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ ပေါ်တူဂီပြည်သူတွေထံ ပေးပို့ဖို့ နှုတ်ဆက်စာတစ်စောင်ကို ကျွန်တော် ပြင်ဆင်ထားခဲ့ပါတယ်။ ဒီစာကို အသင်းကနေ အပြီးတိုင် နှုတ်ဆက်တဲ့နေ့မှာ ဖတ်ကြားပြဖို့ အခုထိ သိမ်းဆည်းထားတုန်းပါ။ ဒါပေမဲ့ ပြိုင်ပွဲအပြီး အမေရိကန်ကနေ အိမ်ပြန်တဲ့ လေယာဉ်ပေါ်မှာ အဖွဲ့ချုပ်ဥက္ကဋ္ဌက ကျွန်တော့်ကို အသင်းမှာ ဆက်လက်ရှိနေပေးဖို့ ထပ်မံတောင်းဆိုခဲ့ပါတယ်။ ဒါ့အပြင် ဥက္ကဋ္ဌက နည်းပြသစ်ခန့်အပ်ဖို့ စဉ်းစားနေတဲ့ စာရင်းထဲက လက်ရှိနည်းပြနဲ့ ပတ်သက်ပြီး ကျွန်တော့်ရဲ့ သဘောထားကို မေးမြန်းခဲ့ပါတယ်။ ကျွန်တော်ကလည်း ဒီနည်းပြကို ( ဟော်ဟေး ဂျီးဆပ် ) ရွေးချယ်တာ အမှန်ကန်ဆုံးဖြစ်လိမ့်မယ်လို့ အကြံပေးခဲ့ပါတယ်။ ဒါကြောင့်မို့လို့ နည်းပြသစ် မိတ်ဆက်တဲ့နေ့မှာ ကျွန်တော် နည်းပြအတွက် တကယ်ကို ဝမ်းမြောက်ဝမ်းသာ ဖြစ်ခဲ့ရတာပါ။ အခု အသင်းရဲ့ ရလဒ်တွေက ဒီဆုံးဖြတ်ချက် မှန်ကန်တယ်ဆိုတာကို ပြသနေပါတယ်” “အဲ့ဒီနောက် နည်းပြသစ်က ကျွန်တော်နဲ့ လူချင်းတွေ့ဆုံဆွေးနွေးချင်တယ်ဆိုပြီး ဆက်သွယ်လာတာကြောင့် အားလပ်ရက်အကုန်မှာ တွေ့ဆုံခဲ့ပါတယ်။ ကျွန်တော့်ရဲ့ ကလပ်အသင်း ရာသီကြို လေ့ကျင့်ရေးဆင်းနေတဲ့ဆီမှာ တွေ့ဆုံခဲ့တုန်းက ကျွန်တော့်ကို သူရဲ့ စီမံကိန်းထဲမှာ အဓိက အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်စေချင်ကြောင်းနဲ့ ပွဲစဉ်အလိုက် ပါဝင်ကစားရမယ့် အစီအစဉ်ကိုပါ ပွင့်ပွင့်လင်းလင်း ပြောပြခဲ့ပါတယ်။ သူက ကျွန်တော့်ကို ပထမပွဲနဲ့ နောက်ဆုံးပွဲမှာ ပွဲထွက်ကစားစေမှာဖြစ်ပြီး ကြံ့ခိုင်မှုထိန်းသိမ်းဖို့အတွက် ပွဲတိုင်းမှာ ကစားသမား ၃ ယောက်ကနေ ၄ ယောက်အထိ အပြောင်းအလဲလုပ်သွားမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် နော်ဝေနဲ့ ဒိန်းမတ် ခရီးစဉ်တွေမှာ ကျွန်တော် လိုက်ပါမလာဘဲ ပထမပွဲအပြီး ပေါ်တူဂီမှာပဲ ကျန်ခဲ့ပြီးမှ ပေါ်တိုကွင်းမှာကစားမယ့်ပွဲစဉ်မတိုင်မီ အသင်းနဲ့ ပြန်လည်ပူးပေါင်းဖို့ ကမ်းလှမ်းခဲ့ပါသေးတယ်။ ဒါပေမဲ့ ဒီကမ်းလှမ်းမှုကို ကျွန်တော် ချက်ချင်း ငြင်းပယ်ခဲ့ပါတယ်။ အဝေးကွင်းပွဲတွေမှာ မကစားရရုံနဲ့ အသင်းခေါင်းဆောင် တာဝန်ကို ပစ်ပယ်ထားလို့ မရပါဘူး။ ပေါ်တူဂီမှာပဲ သီးသန့်ကျန်ခဲ့တာမျိုးက အသင်းအတွက် စံနမူနာကောင်း မဖြစ်နိုင်ပါဘူး။ နည်းပြကလည်း ကျွန်တော့်ရဲ့ အယူအဆကို သဘောတူခဲ့ပါတယ်။ ဒီဆွေးနွေးပွဲမှာ အယ်လ်နာဆာရဲ့ အားကစားဒါရိုက်တာ ဆီမာအို ကူတီညိုလည်း ရှိနေခဲ့ပါတယ်” “ဒါပေမဲ့ လေ့ကျင့်ခန်းစခန်းမဝင်ခင် တစ်ရက်အလိုမှာ နည်းပြက ကျွန်တော့်အိမ်ကို ကိုယ်တိုင်လာရောက်ပြီး ထပ်မံဆွေးနွေးခဲ့ပါသေးတယ်။ အေးဆေးဆေးဆေး ဆွေးနွေးခဲ့ကြပြီး သြဂုတ်လတုန်းက သဘောတူထားတဲ့ အချက်တွေကိုပဲ အတည်ပြုခဲ့ကြတာပါ။ အယ်လ်ဗာလာဒေမှာ ကစားခဲ့တဲ့ပွဲမှာ ကျွန်တော် လူစားလဲခံခဲ့ရပေမဲ့ ဘာပြဿနာမှ မရှိခဲ့ပါဘူး။ လက်ပတ်ကို ဘရူနို ဖာနန်ဒက်စ်ဆီ ကိုယ်တိုင်လွှဲပေးခဲ့ပြီး ဒါဟာ အမျိုးသားအသင်းမှာ ကျွန်တော့်ရဲ့ နောက်ဆုံးခြေလှမ်းတွေ ဖြစ်လာလိမ့်မယ်လို့ မထင်မှတ်ခဲ့ပါဘူး။ ကျွန်တော့်အတွက် အရေးကြီးတာက အသင်းနိုင်ပွဲရဖို့ပဲ ဖြစ်ပါတယ်။ အဆိုးဆုံးကတော့ နော်ဝေနဲ့ ပွဲကစားချိန်မှာ ဖြစ်ခဲ့တာပါ။ လက်ထောက်နည်းပြက လာရောက်ပြီး နည်းပြက ကျွန်တော့်ကို စကားပြောချင်တယ်လို့ လာပြောပါတယ်။ နည်းပြဆီ ရောက်တဲ့အခါ မိနစ် ၃၀ လောက် ကစားဖို့ ကြံ့ခိုင်မှု ပြည့်ဝရဲ့လားလို့ မေးခဲ့တာကြောင့် ကျွန်တော် တကယ်ကို အံ့အားသင့်သွားခဲ့ရပါတယ်။ ကျွန်တော်ကတော့ အရန်ခုံမှာပဲ အနားယူပြီး ဒီပွဲမှာ ပါဝင်ရမှာ မဟုတ်ဘူးလို့ပဲ ထင်ထားခဲ့တာပါ။ ဒါပေမဲ့ ဒါဟာ ကြံ့ခိုင်မှု ပြန်လည်ပြင်ဆင်ရေး အစီအစဉ်ထဲမှာ မပါပေမဲ့ ကစားနိုင်ပါတယ်လို့ ပြန်ဖြေခဲ့ပါတယ်။ နည်းပြကလည်း အဆင်သင့်လုပ်ထားဖို့နဲ့ မိနစ် ၃၀ ကစားရမယ်လို့ အတည်ပြုခဲ့ပါတယ်။ ဒါပေမဲ့ အားလုံးသိကြတဲ့အတိုင်းပါပဲ... ဒုတိယပိုင်းစကတည်းက ကျွန်တော် သွေးပူလေ့ကျင့်ခန်း လုပ်ခဲ့ရပြီး ပွဲပြီးခါနီးအထိ မိနစ်တွေ ကုန်လွန်သွားခဲ့ပေမဲ့ ကျွန်တော့်ကို လုံးဝ ထည့်မကစားခဲ့ပါဘူး။ နည်းပြဟာ ကျွန်တော့်အပေါ် ပေးထားတဲ့ ကတိကို ပြောင်ပြောင်တင်းတင်း ဖောက်ဖျက်သွားခဲ့တာ ဖြစ်ပါတယ်" Cristiano Ronaldo
Nan Nwe Ni
Region: TH
Tuesday 06 October 2026 23:50:13 GMT
Music
Download
Comments
🇳🇱 Karen boy 🇳🇱 :
ig မှာပုံလေးတင်ထားပါတယ်အမြဲချစ်
2026-10-06 23:59:32
6
ဥ ဒေါင်း ညို :
ခြေစွမ်းက အဆင့်နိပ်နေရင် ကတိတည်လို့မရဘူး သိပါ .
2026-10-07 01:36:32
0
VVIP KoKo :
😂😂😂
2026-10-06 23:58:13
0
Mr 7 :
ဟမ်ဘာကာရဲ့တဖက်မှာ ရှုံးပွဲဆက်နေတဲ့ အသင်းရဲ့ သတင်းကို မရမကသတင်းဖုံးနေတာနဲ့ ကွာပ
2026-10-07 06:32:01
1
AungMyatThu23 :
2026-10-07 13:41:22
0
ʕ•ᴥ•ʔ♡ Ñäw ♡ʕ•ᴥ•ʔ :
မမစာသာချပေးပါအုံး🥰🥰
2026-10-07 00:37:17
0
Øø. Žâw. Ĝÿî :
သူပြန်လာပိလား ပေါ်တူဂီးအသင်းထဲ့
2026-10-07 06:30:51
0
Ethan :
ကတိတည်မှကြိုက်တာidol kaကတိပေးထားရင်ထည့်ကရမာနည်းပြရဲ့တာဝန်ဘဲလေမထည့်တော့ဖောက်ဖျက်ရာကြတာပေါ့ဒီကစ္စရောနဒိုမှန်တယ်တယ် siuu
2026-10-07 11:31:29
0
ဟိုက်ဟိုက်09955966614 :
2026-10-07 00:43:06
0
Noor foyass :
❤️❤️❤️
2026-10-07 13:32:26
0
💓Khin Khin❤🥰 :
[အသည်းနီ][အသည်းနီ][အသည်းနီ][အသည်းနီ][အသည်းနီ]
2026-10-07 09:58:22
0
ယူနိုက်တက်ဖန်လေး :
🥰🥰🥰
2026-10-07 04:10:43
0
phyo😘😘😘 :
🥰❤️❤️
2026-10-07 02:02:12
0
Ko Zaw Moe :
🥰🥰🥰
2026-10-07 01:19:38
1
@footballcarzy⚽⚽ :
[Heartwarming][Heartwarming][Heartwarming]
2026-10-07 00:29:44
0
HtetHtet😘😘 :
🥰🥰🥰
2026-10-07 00:29:07
0
Cr7 cr7 :
[Heartwarming][Heartwarming][Heartwarming]
2026-10-07 13:39:04
0
To see more videos from user @nannweni72, please go to the Tikwm
homepage.