@burhanshalam:

Burhan Shalam
Burhan Shalam
Open In TikTok:
Region: KW
Wednesday 07 October 2026 04:54:28 GMT
324
15
1
1

Music

Download

Comments

mamun123455
Mohammed Abdullah Al Mamun :
🤣🤣🤣
2026-10-07 07:06:05
0
To see more videos from user @burhanshalam, please go to the Tikwm homepage.

Other Videos

🌹“MAZDA JEEP” က ပေးတဲ့သင်ခန်းစာ🌹 ဒီနေ့ post လေးတစ်ခုကို သူ့ပုံနဲ့တွဲတင်တားတာတွေ့တယ်၊  ခေါင်းစဉ်က “ ရာထူး၊ဂုဏ်ပကာသနဆိုတာ သင်္ခါရ ဘဲကွယ်” တဲ့ ၊  post တင်သူက မတည်မြဲတဲ့သဘောတရားကို message ပေးထားတယ်လို့ထင်ပါတယ်၊  အလွန် ထိထိမိမိ လည်းရှိပြီး တိုတိုနဲ့လိုရင်းကိုဖော်ပြထားပါတယ်၊  သူ့ပုံလေးကိုကြည့်ပြီး ....  “သူ ” သည်တစ်ချိန်က ဝန်ထမ်းလောကအပြင် ပြည်သူများအတွင်းမှာပါ နာမည်တစ်လုံးနဲ့နေခဲ့သူဖြစ်ပါသည်။  သူ့သခင်၏အရှိန်အဝါဖြစ် သူ့ကို နှစ်သက်သည်ဖြစ်စေ၊ မနှစ်သက်သည်ဖြစ်စေ သူလာပြီဆိုလျှင် ယာဉ်ထိန်းရဲလိုအလိုလို သတိဆွဲရသည်၊ ဝန်ထမ်းတွေကလည်းအသင့်ကြိုရသည်၊  ပြည်သူများကလည်း ခေါင်းထောင်ကြည့်ရသည်၊ သူနဲ့ဘဝတူ အမျိုးတွေကလည်း သူ့ကိုလမ်းဖယ်ပေးရသည်၊ နေရာပေးရသည်၊ သူနဲ့မထိအောင်ရှောင်ရသည်၊  သူ့အိမ်/ရုံးရောက်ပြီဆိုလျှင် အိမ်/ရုံး ရှေ့ဆင်ဝင်အောက်တွင်သူမှတစ်ပါးအခြားသူမနေရ၊ သူကထိုနေရာတွေကိုအပိုင်စီးထားသည်၊ သူများအိမ်သွားလည် လျှင်လည်း အကောင်းဆုံးနေရာ (VIP အတွက်သတ်မှတ်ထားသည့်နေရာ) မှာနေရသည်၊ သူ့ကိုနေရာပေးမှားလျှင်  နေရာ ပေးသူကို ပြသာနာရှာပါတော့သည်။  သူလာလျှင် အစာ(ဓာတ်ဆီ၊ဒီဇယ်) အဝကျွေးရတယ်၊ ဗိုက်ပြည့်လို့မစားနိုင်ရင်လည်း ပါဆယ် ထုတ်ပေးလိုက်ရတယ် (ပုံးနဲ့ထည့်ပေးရသည်) ၊  ယခုတော့ သူ့သခင်လည်းမရှိတော့၊ သူလာလျှင်ဘယ်သူကမှ သတိဆွဲအလေးမပြုတော့၊ ခရီးဦးကြိုဆိုမည့်သူမရှိတော့ ၊ နေရာမပေးတဲ့အပြင် အစာလည်းမကြွေးတော့ပါ၊  ဒါ့အပြင် ပိုဆိုးတာက “သူ ”သံရည်ကြို စက်ရောက်သွားရင်တောင်ဂုဏ်သိက္ခာရှိအုံးမည်၊ ယခုတော့ လမ်းဘေးရောက်ပြီး အမှိုက်တွေ၊ အညစ်အကြေးတွေနဲ့ သူ့ကိုမြင်တိုင်း ရှောင်ကွင်းသွားကြ၊ နှားခေါင်းရှုံ့သွားကြ၊ တံတွေး ထွေးသွားကြနဲ့ အရှင်လတ်လတ် ငရဲရောက်နေသလိုဘဲ၊  ထို “သူ ” ဆိုသည်မှာ ယခုပုံပါ MAZDA JEEP ဖြစ်ပါတော့သည်၊  ဒီလိုပါဘဲ ဝန်ထမ်းလောကကိုဖြတ်သန်းခဲ့စဉ်ကလည်း လူကြီး(အကြီးအကဲ)မျိုးစုံနဲ့ကြုံတွေ့ခဲ့ရသည်၊  ကိုယ်ချင်းစာ တရားဖြင့် ဘက်လိုက်မှုမရှိဘဲ မျှမျှတတမှန်မှန်ကန်ကန်ကျင့်ကြံတဲ့ လူကြီးတွေနဲ့လည်းကြုံတွေ့ခဲ့ရတယ်၊ ကိုယ့်ရဲ့ ရလိုမှု လောဘကို ရှေ့တန်းတင်ပြီး သိက္ခာကို ရိက္ခာနဲ့လဲခဲ့တဲ့လူကြီးတွေနဲ့လည်းကြုံတွေ့ခဲ့ရတာ၊   ဒါပေမဲ့ ထိုလူကြီး၂မျိုးလုံးဟာ ကိုယ့်ကို ရှောင်ရန်/ဆောင်ရန်တွေ သင်ကြားပေးခဲ့တဲ့ သင်ဆရာ/မြင်ဆရာတွေလို့မှတ်ယူခဲ့တဲ့အတွက် ကိုယ်ကိုယ်တိုင် သူတို့နေရာရောက်လာတော့ သူတို့ကျေးဇူးကြောင့် သင်ခန်းစာယူပြီး အမှားအနည်းဆုံးနေထိုင်ကျင့်ကြံနိုင်ခဲ့ပါတယ်၊  အခုတင်ပြလိုတာကလည်း လောဘကိုရှေ့တန်းတင်တဲ့ လူကြီးတွေနားမှာနေပြီး ဘဝတူဝန်ထမ်းအချင်းချင်းအား နည်းမျိုးစုံ ပညာပြခဲ့တဲ့ (ပုလင်းတူ ဘူးဆို့)များကိုသာ ရည်ရွယ်ခြင်းဖြစ်ပါတယ်၊      လူကြီးနားမှာနေပြီး လူကြီး၏လုပ်ပိုင်ခွင့်အရှိန်အဝါနဲ့ မိမိထက်ရာထူးကြီးတဲ့သူရော၊ ရာထူးငယ်တဲ့သူကိုပါ “ဟောက်စား” ၊”ခြောက်စား” “လိမ်စား၊ညာစား”ခဲ့တဲ့ အိမ်PA၊ ရုံး PA၊ ကတော် PA ၊ သားသမီး PA စတဲ့ PA မျိုးစုံ၊ ရုံးခန်း အပေါက်စောင့်၊ အိမ်အပေါက်စောင့် စသည့် အပေါက်မျိုးစုံစောင့်သူများ၊  မိမိကိုယ်ကို သိကြားမင်း၏စီးတော်ယဉ်ကိုမောင်းနေသည်ဟု ထင်နေသည့် ယာဉ်မောင်းများ၊ အရည်အချင်းကြောင့် မဟုတ်ဘဲ လူကြီးကို “အမ” “အပင့်” “အထောင်” “အမြှောက်” “အပေး” ကောင်း၍  “ လူမမှန်ဘဲ နေရာမှန်တွေယူထားပြီး ဘဝတူဝန်ထမ်းအချင်းချင်း မတူသလို၊မတန်သလိုဆက်ဆံခဲ့တဲ့သူတွေ (ဘော်လီဘောချန်ပီယံသေလို့ လူဝင်စားဖြစ်နေသူများ )၊ လူကြီးနားမှာကပ်နေပြီး အချိန်မတန်ဘဲ မြေပြင်အတွေ့ကြုံဘာမှ မရှိ၊ လုပ်ငန်းကျွမ်းကျင်မှုမရှိဘဲ အထူးကိစ္စတစ်ရပ်ဟုဆိုပြီး ရာထူးတွေတစ်ဆင့်ပြီးတစ်ဆင့်ရယူ၍ မောက်မာနေသူတွေ၊ ဘဝင်မြင့်နေသူတွေ ကို တွေ့မြင်၊ကြားသိ၊ဆက်ဆံခဲ့ရဘူးပါသည်။  သူတို့လည်း သူ့သခင်မရှိတော့တဲ့အချိန်၊ သူ့သခင်ရဲ့အရှိန်အဝါတွေနဲ့ကင်းကွာသွားတဲ့အချိန်မှာ   “သူ့” (MAZDA JEEP ) လိုဘဲ  သံရည်ကြိုစက်မရောက်ခင် လမ်းဘေးရောက်သွားပြီး လူတကာရဲ့ ဥပက္ခာပြခြင်း၊ နှားခေါင်းရှုံ့ခံရခြင်းတွေနဲ့ ရင်ဆိုင်ကြရတာတွေကို တွေ့မြင်ရပြန်တော့ ကိုယ်တွေခံစားခဲ့ရတာတွေကိုမေ့ပြီး သူတို့ကိုပြန်သနားမိပါတယ်၊  အချို့က အချိန်မရောက်သေးလို့  မကြုံရသေးတော့ သတိမပြုမိကြသေးဘူး၊ သင်္ခါရသဘောတရားကို မေ့လျော့နေပုံရကြတယ်၊  ဒါကြောင့် ဒီနေ့ဝန်ထမ်းလောကမှာ လုပ်ပိုင်ခွင့်အာဏာရှိသူအနားမှာကပ်နေပြီး  ဘဝတူဝန်ထမ်းအချင်းချင်းကို နည်းမျိုးစုံနဲ့ ပညာပြနေတဲ့ (ပုလင်းတူ ဘူးဆို့)တွေရေ   “သူ့” (MAZDA JEEP) လိုမဖြစ်စေချင်ရင်တော့  အချိန်မီပြင်ကြပါ၊  လောကမှာ ဘယ်အရာမှမတည်မြဲပါဘူး၊ အချိန်တန်ရင်သေရအုံးမှာပါ၊ ဒါကြောင့် မတည်မြဲတဲ့ သင်္ခါရသဘောတရားကို သဘောပေါက်နိုင်ကြပါစေ၊။ #Credit “MAZDA JEEP” က ပေးတဲ့သင်ခန်းစာ

About