@her.inner.world3: **မိန်းကလေးတိုင်း သတိထားသင့်တဲ့အရာတစ်ခု…** မိန်းကလေးတွေဘဝမှာသတိထားရမယ့်အရာတစ်ခုက... လူတိုင်းအပေါ် အမြဲတမ်းကြင်နာနေဖို့ မလိုဘူး နားလည်ပေးတတ်တာက ကောင်းတဲ့အရာပါ ခွင့်လွှတ်ပေးတတ်တာလည်း ကောင်းတဲ့အရာပါ ဒါပေမယ့် ကိုယ့်ကို မလေးစားတဲ့သူတိုင်းကို ထပ်ခါထပ်ခါ နားလည်ပေးနေရင်တော့ အဲဒါက ကြင်နာတာမဟုတ်တော့ဘူး ကိုယ့်တန်ဖိုးကို ကိုယ်လျှော့ချနေတာ ပဲဖြစ်တယ် တစ်ခါတလေ မပြန်ဖြေတာက အကောင်းဆုံးတုံ့ပြန်မှုဖြစ်တယ်။ မရှင်းပြတာက ကိုယ့်ငြိမ်းချမ်းမှုကို ကာကွယ်တာဖြစ်တယ် မလိုက်လျောတာက မာနကြီးတာမဟုတ်ဘူး ကိုယ့်ကို မထိုက်တန်တဲ့ဆက်ဆံမှုကို လက်မခံတာပဲ။ တနည်းအားဖြင့်တန်တဲ့သူကိုပဲကြင်နာတာမျိုးပေါ့ ဒါကြောင့် မိန်းကလေးတစ်ယောက်အနေနဲ့ အမြဲတမ်း “ကောင်းတဲ့မိန်းကလေး” ဖြစ်နေဖို့ မကြိုးစားနဲ့ လိုအပ်တဲ့အချိန်မှာ “မကြိုက်ဘူး” လို့ပြောတတ်ပါစေ။ “မလုပ်နိုင်ဘူး” လို့ငြင်းတတ်ပါစေ။ “ဒီလိုဆက်ဆံတာကို လက်မခံဘူး” လို့ပြောတတ်ပါစေ။ ကြင်နာမှုရှိပါ။ ဒါပေမယ့် **စည်းမရှိတဲ့ကြင်နာမှုမျိုးတော့ မဖြစ်ပါစေနဲ့။** တစ်ခါတလေ လူတွေပြောတဲ့ “မာနကြီးတယ်” ဆိုတာက ကိုယ့်တန်ဖိုးကို ကိုယ်သိလာတာပဲ ဖြစ်နိုင်တယ်။ မင်းရဲ့ကြင်နာမှုကို လူတိုင်းရဖို့မလိုဘူး။ မင်းရဲ့လေးစားမှုကို ထိုက်တန်တဲ့သူတွေအတွက်ပဲ ထားပါ စာရေးသားသူ-Her Inner World #စာပေ #selflove #highvaluewoman #selfworth #SelfImprovement
Her Inner World
Region: TH
Wednesday 07 October 2026 10:19:29 GMT
Music
Download
Comments
Jue Jue San🍃 :
စာသားလေး
2026-10-11 12:24:42
1
♡E :
ပြောပေးခဲ့လိုကျေးဇူးတင်ပါတာ
2026-10-07 13:09:51
4
ᥫ᭡^᪲᪲᪲bl.fan.girl🎀^᪲᪲᪲ :
စာလေးပေးပါလားရှင့်🍀
2026-10-07 13:12:20
1
Wang Ti :
စာသားလေးချပေးပါလား crd nameထည့်မှာပါ
2026-10-07 14:51:17
1
To see more videos from user @her.inner.world3, please go to the Tikwm
homepage.