@phyuphway.1992: ကာမကိစ္စ ကျတော့ ... အရင်က လုပ်ခဲ့ဘူးတော့ ဒီဘဝမှာလည်း ဆရာ မပြဘဲနဲ့တောင် တတ်ပါ့ဗျာ။ စျာန်ကိစ္စ ကျတော့ ... ဆရာ ပြတာတောင် သဘောပေါက်ရဲ့လား။ မလုပ်ခဲ့ဘူးဆိုတာ သေချာတယ် ထင်သဗျာ။ ဒီလိုဆို ကိလေသာကို ရှို့မြိုက် ဖျက်ဆီးပြီး ဆန်ပြီး ဆန်ပြီး တက်ဘူးတဲ့ ဗြဟ္မာဘုံကို ရောက်ဖူးဘို့တော့ တော်တော် ခဲယဉ်းလ်ိမ့်မယ်။ နတ်ပြည်ကတော့ ... တစ်ခါတလေတော့ ရောက်ဖူးမှာပေါ့လေ။ သူ့တော့ ရောက်ဖူးတယ်ပြောရမှာပေ့ါ။ လူ့ဘုံကတော့ ... မကြာမကြာ လောက်တော့ ရောက်ဖူးတယ် ထင်တယ်။ အမြဲလား၊ မကြာမကြာလား။ မကြာမကြာ လောက်တော့ ဖြစ်မှာပါ။ အမြဲတော့ မဖြစ်နိုင်ပါဘူး။ ဘာဖြစ်လို့တုန်း ... တစ်ရက်အတွင်း ဖြစ်နေတဲ့စိတ်ကို သုတေသန ပြုကြည့်။ မောဟက တိရစ္ဆာန် သွားမှာကွဲ့။ အိပ်ပျော်နေတဲ့ ညတစ်ဝက်က ဘာစိတ်တုန်းဟေ့ ? မောဟ ထင်တယ်။ အိပ်ပျော်နေတုန်း လိုချင်တာ ရှိလား။ မုန်းတာတွေ ဒေါသတွေ ရှိလား။ ကဲ မောဟဗျာ့။ ညတစ်ဝက်ကလည်း တိရစ္ဆာန်ဘုံ သွားတာ ထင်တယ်။ သူလည်း မျောလိုက်သွားတာ ထင်တယ်။ ဆန်တက်သလား ? မျောလိုက်သလား ? မျောလိုက်တာပါ။ နိုးတဲ့အချိန် ကျမှ, ဒါတောင် သုန်သုန်မှုန်မှုန်နဲ့ နေမှာပါ။ လိုချင်တာလေး တစ်ခုရှိမှ 'လောဘ' က လာတာ။ လိုချင်တာလေး သူ့လက်ထဲ ရောက်လို့ သူစိတ်တိုင်းကျရင် လောဘက ပြန်သွားတာ။ ကျန်တဲ့အချိန် 'မောဟ' အတိုင်းပဲ။ တွေတွေဝေဝေပဲ။ မှတ်စိတ် မရှိရင် 'မောဟ' ထင်တယ်။ ဒေါသကလည်း သူ့ မခံချင်စရာလေး တစ်ခါရှိမှ တစ်ပွက်တစ်ခါ ဖြစ်တာပေါ့။ ငါးပွက်သလို ထင်တယ်။ သူ့စိတ်တိုင်းကျ သူ ပြုကျင့်ရရင် ကျေနပ်သွားတာ။ ကျန်တာက မောဟပဲ ကျန်တာ။ အဲ့တော့ နေ့မှာလည်း 'မောဟ' ပဲ။ ထိုင်နေရင်းနဲ့ ... စိတ်တွေ တောင်စဉ် ရေမရ အတွေးတွေ ဝင်မနေဘူးလား။ တစ်ခါတလေ တစ်ခုတည်းမှာကို ဝဲလှည့်နေသလို ဒီကိစ္စကို လုပ်ရ ကောင်းမလား၊ မလုပ်ရ ကောင်းမလား၊ ချီတုံချတုံတွေရော ဖြစ်တတ်ဘူးလား။ ဒါလည်း 'မောဟ'ပဲ။ အဲ့တော့ 'မောဟ' က ... ၂၄နာရီ ဘယ်လောက် ဖြည့်ဆည်းထားသလဲ။ အများဆုံး ၂၃ နာရီလောက် ရှိလိမ့်မယ်။ ၂၄ နာရီမှာ .. 'မောဟ'က, တိရစ္ဆာန်ဖြစ်မယ့် မျိုးစေ့က, ဘယ်လောက်ရှိမယ် ထင်တုန်း။ အများဆုံးပါ။ သူသည် 'ပထမဇော' ထင်တယ်။ လောဘက လိုချင်တဲ့စိတ်၊ လိုချင်တာလည်း တစ်နေ့တာ လုံးလုံး လယ်လည်း လယ်မို့၊ ယာလည်း ယာမို့၊ တို့မြို့မှာလည်း အရောင်းဝယ်မို့၊ ရုံးမှာမို့။ သူ လိုချင်တာလေးလည်း 'ဒုတိယ' တော့ လိုက်လိမ့်မယ်။ လိုချင်တာ မရတဲ့ အချိန်ကျမှ ဒေါသက လာလိမ့်မယ်။ လိုချင်တာ လက်လွှတ် ဆုံးရှုံးတဲ့အခါမှ 'ဒေါသ' က လာလိမ့်မယ်။ လူ့ဘဝ ရောက်တုန်း ... ကောင်းမှု ပြုမယ်ဆို ဆွမ်းတော် ကပ်ဘူးလား။ ဒါတောင် သြကာသ ရလို့ ဆိုတာဗျ။ မောဟ နယ်ထဲက ဆိုနေတာ။ ကိုယ့်စိတ်နဲ့ကိုယ် ဆိုနေတာလား ? ရလို့ ဆိုနေတာလား ? ရလို့ ဆိုနေတာပါ။ သြကာသ တစ်ပုဒ်လုံး ဘုရားဆီ တည့်တည့် ရောက်သလားဟေ့။ အမယ်.. ကောင်းမလားလို့ ဆွမ်းထွက် လောင်းတော့လည်း ဘုန်းကြီးသပိတ်နဲ့ ကိုယ့်စိတ်နဲ့ တည့်သလား။ တည့်မှာ မဟုတ်ပါဘူး။ ကောင်းတာ လုပ်တာတောင် 'မောဟ' ကင်းလားဗျ။ ကောင်းမှုလုပ်တဲ့ ထဲလည်း မောဟက နှုတ်ဦး မှာပါဗျ။ ဒါတောင် များများကြီး မလုပ်နဲ့၊ ဒီလောက်ဆို တော်ရောပေါ့တဲ့။ အထက် တက်မှာ စိုးလို့ဗျ။ မောဟက များများကြီး လုပ်ခွင့်ပြုလား။ ဒီလိုဆို မောဟသည် တိရစ္ဆာန် ဖြစ်မှာဆိုတော့ တိရစ္ဆာန်ရဲ့ ဉာဉ်ကတော့ ... ကြိုက် ကြိုက်သလို လိုက်တော့တာပဲ။ ခွေးကြည့်, မြွေကြည့်, ကျားကြည့်ပါ။ သူတို့ကြိုက် ကြိုက်သလိုဘဲ။ စောင့်စည်းသေးလား။ အော်.. ငါ ဒီလိုလိုက်လို့ သူ့ခမျာ ကြောက်လို့ ပြေးရှာတာပဲ ဆိုပြီး နားနေရစ်သလားဟေ့။ မိပြန်တော့ကော ... ဟိုက တောင်းပန်လိုက်တာ။ သူ့အသက်ကလေး နှမျောလို့ တစ်ဖက်က။ အဲ့တော့ ကျားကြီးကရော ကိုယ်ချင်းစာစိတ်နဲ့ လွှတ်လိုက်ရောလား။ ကြိုက် ကြိုက်သလို လိုက်တာပေါ့။ မကြိုက်တော့ကော မကြိုက်သလို တိုက်တာပဲ။ မသိတော့ကော မသိသလို လိုက်တာပဲ။ ဒီစိတ်တွေသည် တိရစ္ဆာန်တွေဆီက ပါလာတဲ့ စိတ်တွေ။ တို့စိတ် မဟုတ်သေးဘူး။ လူစိတ် စစ်စစ် ဟုတ်သေးလားဟေ့။ တိရစ္ဆာန်ဘဝ တစ်ရာလောက်မှ လူတစ်ဘဝ ပြန်ရသတဲ့။ ဘာလိုဆိုတော့ ဟိုဘက်က မောဟက အကျိုးပေး ဆက်ဆက် ဆက်ဆက်ပြီး အားနည်းပြီဆိုမှ ကောင်းတဲ့ကံလေး ထပြီး အလှည့်ကျခွင့် ရသတဲ့ဗျာ။ တိရစ္ဆာန် ဘဝ တစ်ရာလောက်မှ လူ တစ်ခေါက် တစ်ခေါက် ဆိုတော့ လူ့ပြည်က 'ဧည့်သည်' ဖြစ်နေတယ်တဲ့ တိရစ္ဆာန်ပြည်က 'ကိုယ့်အိမ်' ဖြစ်နေတယ် ရှာဖွေတဲ့ ပစ္စည်းတွေ ကောင်းတာ ဖြစ်ဖြစ်၊ ဆိုးတာဖြစ်ဖြစ်၊ အရူးလည်း အရူးနဲ့ ထိုက်တန်တဲ့ ပစ္စည်းလေးတော့ နှမျောတာပဲ။ လိုချင်တာပဲ။ ခင်မင်တာပဲဗျ ဒုတိယ ခင်မင်စိတ်လိုက်တဲ့ အတွက် ပြိတ္တာ ဖြစ်တာ ဒုတိယ လိုက်တယ် အိမ်စွဲ အိမ်နားက မကျွတ်ဘူး သားစွဲ သားနား၊သမီးစွဲ သမီးနား မကျွတ်မလွတ် ပေါ့ဗျ စွဲတဲ့နေရာ ငြိတာပဲ နည်းသည် ဖြစ်စေ၊ များသည် ဖြစ်စေ စွဲရင် ငြိတာပဲ ပြိတ္တာက ခင်မင်စိတ်က ပို့မှာလေ တိရစ္ဆာန်ဘုံက နေပြီး ကောင်းမှုကုသိုလ် တစ်ခုကြောင့် လူ့ဘဝ ရောက်လာ ပြန်တော့လဲ တိရစ္ဆာန်ဉာဉ် မပျောက်ကြဘူး။ ကောင်းတဲ့ စေတနာလေးက ၂၄ နာရီမှာ မပြောပ လောက်စွာ ပွင့်တာ။ မပြောပလောက်တဲ့ အပွင့်လေးက အလှည့်ကျလို့ လူရယ်လို ဖြစ်လာတာ ဘာဖြစ်လို့တုန်း ဆိုတော့ ကိုယ်နဲ့စိတ် ကောင်းကံပြုနိုင်တာ လူ့ဘုံပဲ ရှိတယ် မဟာဗောဓိမြိုင်ဆရာတော်ဘုရား။
Phyu Phway
Region: MM
Wednesday 07 October 2026 10:47:41 GMT
Music
Download
Comments
နှင်းဆီ 🌹🌹🌹သခင် :
🙏🙏🙏🙏
2026-10-07 23:33:21
1
🍒htet🍒 :
🙏🙏🙏
2026-10-07 15:53:06
1
hein gyi :
ဆရာတော်အားကြည်ညိုစွာ ကတော့ ပါတယ်
2026-10-08 13:22:12
0
ဆူးနှင်းဆီ :
🙏🙏🙏🙏🙏
2026-10-08 13:43:39
0
ပKyaKyawnaning :
2026-10-07 14:41:21
1
ဆူးနှင်းဆီ :
2026-10-08 13:42:44
0
win :
🙏🙏🙏
2026-10-08 15:22:50
0
nayrine08 :
🙏
2026-10-08 14:33:19
0
Nwe lay :
🙏
2026-10-08 15:29:35
0
သံသရာခရီးသွားနေသူ :
2026-10-08 13:36:38
0
👑ma Sabal 🌞Hlaing👸 :
🙏🙏🙏🙏🙏🌸🌸🌸🌸🌸🌸
2026-10-08 10:13:00
0
Bhone Tayza :
🙏🙏🙏🙏🙏🌹🌹🌹🌹🌹
2026-10-08 15:54:26
0
Sai Win Ko :
2026-10-08 02:55:55
0
Ko Tun 1995 :
🙏🙏🙏
2026-10-08 03:28:45
0
htayhtay2831 :
🌹🌹🌹🙏🙏🙏🙏🙏
2026-10-07 23:29:54
1
ကျော်ကျော် :
🙏🙏🙏
2026-10-07 15:14:06
1
Ayeminthu :
🙏🙏🙏
2026-10-07 16:43:56
1
Shwe Goldy :
🙏🙏🙏
2026-10-07 17:43:00
1
Aung Aung :
🙏🙏🙏🙏🙏
2026-10-07 16:49:57
1
Soe Thu :
🙏🙏🙏
2026-10-07 17:01:35
1
💈Barber💈TZK :
[စိတ်ကြည်နူးမိ][စိတ်ကြည်နူးမိ]
2026-10-07 13:27:13
1
ဘုန်းကြီးကျောင်းသား 39 :
[Pray][Pray][Pray]
2026-10-07 14:22:22
1
Myo Kyaw Oo :
🙏🙏🙏
2026-10-07 13:43:37
1
သမစိတ်တ :
🙏🙏🙏
2026-10-07 12:55:53
1
Ko Zaw :
🙏🙏🙏
2026-10-07 11:50:02
1
To see more videos from user @phyuphway.1992, please go to the Tikwm
homepage.