@thaeppe5203: Pond က Santa အကြောင်းပြောပြသွားတာဒီနေ့live မှာ မေ့ကလေးကတအားကိုတော်သောပါပဲ🖤🤍🥬🤟 @Santa @ppnaravit @Chen Joong @Thanaboon Kiatniran 🐻: ကျွန်တော် သူ့ကို တကယ်အကြာကြီးကတည်းက သိလာတာပါဗျ Nong ကို အသက် 16 နှစ် 17 နှစ်လောက်ကတည်းက သိလာတာထင်တယ် 17 လောက်ပေါ့ဗျ 🐻: ကျွန်တော်တို့နှစ်ယောက်လုံး Dance Class တွေ တက်ရတာကြိုက်ကြတော့ အတူတူ Dance လုပ်ခွင့်ရခဲ့တယ် ကျွန်တော်တို့က Dance School တစ်ခုတည်းကို သွားကြတာဆိုတော့ အဲ့ဒီကနေ တစ်ယောက်နဲ့တစ်ယောက် တွေ့ပြီး သိကျွမ်းလာကြတယ် Nong နဲ့ အတူတူ Dance လုပ်ကြည့်ခွင့်လည်း ရခဲ့တယ် အဲ့ဒီတုန်းကတည်းက Santa က တစ်ခုခုထူးခြားတဲ့အရာရှိတဲ့သူ အရည်အချင်းလည်း အများကြီးရှိတဲ့သူဆိုတာ ကျွန်တော် မြင်နေခဲ့ပြီ 🐻: အဲ့ဒါကြောင့် Nong ကို ကျွန်တော် စကားပြောပြီး မင်း Dance ကရတာ ကြိုက်လား Artist ဖြစ်ချင်လားဆိုပြီး မေးခဲ့တယ် အဲ့ဒီလိုမျိုးပေါ့ Nong ကလည်း ဖြစ်ချင်တယ်လို့ ပြောတယ် အဲ့ဒါက ကျွန်တော်တို့နှစ်ယောက် တူညီတဲ့အရာတစ်ခု ဖြစ်ခဲ့တယ် 🐻: ဘာလို့လဲဆိုတော့ ကျွန်တော် GMMTV မဝင်ခင်တုန်းကလည်း Audition ဝင်ဖို့ အခွင့်အရေးတွေ ရခဲ့ဖူးပြီး ဒီလမ်းကြောင်းကို ကိုယ်တိုင်လည်း လိုက်ကြည့်ဖို့ ကြိုးစားခဲ့ဖူးတယ်လေ 🐻: အဲ့ဒီလို အတူတူ Dance လုပ်ပြီးတဲ့နောက်မှာ Nong က နိုင်ငံခြားကိုသွားပြီး Trainee အနေနဲ့ Training လုပ်ဖို့ အခွင့်အရေးရခဲ့တယ် ကျွန်တော်ကလည်း သူဘယ်လိုဖြစ်နေတယ်ဆိုတာကို အမြဲလိုက်ကြည့်ပြီး တစ်လျှောက်လုံး အားပေးနေခဲ့တယ် တစ်ခါတလေ ဖုန်းနဲ့လည်း မင်းအဲ့ဒီမှာ အခြေအနေဘယ်လိုလဲဆိုပြီး စကားပြောဖြစ်ကြတယ် 🐻: ဒါပေမယ့် နောက်ဆုံးမှာ ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် Nong က ပြန်လာခဲ့တယ် ပြီးတော့ အခုရှိနေတဲ့နေရာကို ရောက်လာနိုင်ခဲ့တယ်လေ Nong က တကယ်ကို အများကြီး ဖြတ်သန်းကျော်ဖြတ်ခဲ့ရတယ်လို့ ကျွန်တော် ခံစားရတယ်ဗျ 🥺 🐻: အခုဆို Nong အနားမှာလည်း လူကောင်းတွေ အများကြီးရှိနေပြီ သူဒီနေ့ရောက်နေတဲ့နေရာကို ရောက်လာနိုင်ခဲ့ပြီ အောင်မြင်လာခဲ့ပြီ သူ့ကို ချစ်တဲ့သူတွေလည်း အများကြီးရှိလာပြီ 🐻: မကြာသေးခင်က PerthSanta Concert တုန်းကလိုပေါ့ Nong Dance ကတာကို ကျွန်တော်မြင်လိုက်တယ် သီချင်းနာမည်တော့ မမှတ်မိတော့ဘူး ဒါပေမယ့် သူ့ Performance ကို လူတွေ အရမ်းသဘောကျပြီး ချစ်ကြတာကို မြင်လိုက်ရတယ် အဲ့ဒါနဲ့ ကျွန်တော်တို့ Group Chat ထဲမှာတောင် ဒီကောင်အတွက် တကယ်အရမ်းပျော်တယ်ကွာလို့ Message ပို့ခဲ့သေးတယ် 🐻: ကျွန်တော်ခံစားရတာက သူဒီနေရာအထိ ရောက်လာနိုင်ဖို့ တကယ်အများကြီး ကြိုးစားပြီး အရာအားလုံးကို ကျော်ဖြတ်လာခဲ့ရတာလို့ ခံစားရတယ်ဗျ 🐻: ပြီးတော့ လာမယ့် JASPER Concert မှာလည်း Nong က တကယ်ကို အရမ်းကောင်းကောင်း လုပ်နိုင်မယ်လို့ ယုံတယ် သူ့ရဲ့ Comfort Zone ထဲကနေ ကျော်ထွက်ပြီး တစ်ဆင့်တက်နိုင်လိမ့်မယ်လို့လည်း ယုံတယ် ////P'Pondနဲ့Santa တို့က သာမန် လုပ်ဖော်ကိုင်ဖက် သူငယ်ချင်တွေထပ်ရင်းနှီးတဲ့ ညိအကိုသံယောဇဉ်အပြည်ရှိကြတဲ့သူတွေပါ P' Pond က Santa ရဲ့ ဒီအိပ်မက်အတွက် နှစ်တွေကြာအောင် ကြိုးစားလာခဲ့တာကို အနားကနေ မြင်လာခဲ့တာပဲ 🥺 ဆယ်ကျော်သက်အရွယ်တုန်းက အတူတူ Dance ကခဲ့ကြရာကနေ အခု JASPER အနေနဲ့ Stage တစ်ခုတည်းပေါ်မှာ အတူတူရပ်နေကြပြီဆိုတာလေးနဲ့တင် ရင်ထဲမှာ မျက်ရည်ဝဲချင်နေပီ JASPER CONCERT PRESSTOUR #Flex1045xJASPERCONCERT #crd #santapongsapak #ppnaravit #aou_tnbknr
🤍Thae Santy🤍
Region: MM
Wednesday 07 October 2026 10:51:54 GMT
Music
Download
Comments
There are no more comments for this video.
To see more videos from user @thaeppe5203, please go to the Tikwm
homepage.