@namgdidi521998pan777081g: အောင်ရဲလင်း သရုပ်ဆောင်ထားတဲ့ သားချောရုပ်ရှင်က မူရင်းပိုင်ရှင်ကို ခွင့်မတောင်းထားကြောင်း ပြောလာခဲ့တဲ့ လူမင်းရဲ့ဇနီး မင်းသား အောင်ရဲလင်းက တစ်နှစ်မှ ရုပ်ရှင်တစ်ကားတောင် ရိုက်လေ့မရှိဘဲ အနုပညာအလုပ်တွေကို စိစစ်ရွေးချယ်မှ ရိုက်ကူးလေ့ရှိတဲ့ မင်းသားဖြစ်ပါတယ်။ ဒါကြောင့်လည်း အောင်ရဲလင်းရုပ်ရှင်ကားသစ် ရိုက်ကူးပြီဆိုရင် ပရိသတ်တွေက ရင်ခုန်စွာနဲ့ စောင့်မျှော် အားပေးလေ့ရှိကြတာပါ။ အခုလည်း ဒါရိုက်တာ ကိုဇော် ရိုက်ကူးပြီး အောင်ရဲလင်းက အဓိကခေါင်းဆောင် မင်းသားအဖြစ် ပါဝင်ထားတဲ့ "သားချော" ဆိုတဲ့ ရုပ်ရှင်ကားကြီး ထွက်ရှိလာဖို့ ပြင်ဆင်နေချိန်မှာပဲ မထင်မှတ်ထားတဲ့ မူပိုင်ခွင့် ပြဿနာကြီးတစ်ခု ပေါ်ပေါက်လာခဲ့ပါတယ်။ "သားချော" ဆိုတဲ့ ရုပ်ရှင်က မြန်မာ့ရုပ်ရှင်သမိုင်းမှာ အောင်မြင်ခဲ့ဖူးတဲ့ "အဖေတစ်ခု သားတစ်ခု" ရုပ်ရှင်ကို မှီငြမ်းပြီး ပြန်လည်ရိုက်ကူးထားတာကြောင့် ရုပ်ရှင်နဲ့ ပတ်သက်ပြီး မင်းသားကြီးလူမင်းရဲ့ ဇနီးဖြစ်သူ ဒေါ်ခင်စံပယ်ဦးက အများသိရှိအောင် ပြောဆိုလာခဲ့တာပါ။ "အဖေတစ်ခု သားတစ်ခု" ရုပ်ရှင်ရဲ့ ဇာတ်ကားနာမည်ကအစ ဇာတ်ကားတစ်ခုလုံးရဲ့ မူပိုင်ခွင့်က ဒေါ်ခင်စံပယ်ဦးရဲ့ မိဘတွေဖြစ်ကြတဲ့ ဦးတင်စိုးနဲ့ ဒေါ်သန်းသန်းတို့ကသာ ပိုင်ဆိုင်တာဖြစ်ပြီး အခြားသူမည်သူတစ်ဦးတစ်ယောက်မှ ပိုင်ဆိုင်တာ မဟုတ်ဘူးလို့ ဆိုထားပါတယ်။ ဒါရိုက်တာက "အဖေတစ်ခု သားတစ်ခု" ကို မှီငြမ်းကာ "သားချော" ဆိုတဲ့ အမည်နဲ့ ရုပ်ရှင်အဖြစ် ပြန်လည်ရိုက်ကူးရာမှာ မင်းသား အောင်ရဲလင်းကိုတောင် အကယ်ဒမီဆုကြီး မျှော်မှန်းထားတာပါ။ ဒါပေမယ့် ဒီရုပ်ရှင်နဲ့ ပတ်သက်ပြီး မူရင်းမူပိုင်ခွင့် ပိုင်ရှင်ဖြစ်တဲ့ ဒေါ်သန်းသန်းထံကနေ ခွင့်ပြုချက် တောင်းခံခြင်း မရှိခဲ့သလို အသိပေးအကြောင်းကြားခြင်းလည်း မရှိခဲ့ဘူးလို့ ပြောထားပါတယ်။ ဒီပြဿနာမှာ ဘယ်သူ့မှာ တာဝန်အရှိဆုံးလဲဆိုတာ comment မှာ အမြင်တွေကို မျှဝေခဲ့ပါဦးနော်။ #AungYeLin #သားချောရုပ်ရှင်ဇာတ်ကားကြီး #celebrity #celebritynews #internetcele
𝗡𝗮𝗺𝗴 𝗗𝗶 𝗗i (တောင်ကြီး)
Region: US
Wednesday 07 October 2026 13:20:41 GMT
Music
Download
Comments
ခိုင်ခိုင်ဌေး :
မင်းသားအောင်မြင်ပြီဆိုနှောက်ကြပြီမုဒိတာပွားပေးကြပါ
2026-10-07 14:20:42
114
user13036617093805 :
ဇာတ်ကားနာမည်ကသားချောလေ
ဘာတခု
ညာတခုမှမဟုတ်တာ
2026-10-07 15:12:19
16
thanakharpann.9 :
တချို့ကားတွေလဲပြန်ရိုက်နေတာဘဲဘာမှပြောသံမကြားဘူး.ပြတောင်မပြရသေးဘူးအနှောက်တွေကပေါ်လာပြီ
2026-10-07 15:26:19
20
N :
ငါသံဝေဂတွေလဲရ ကိုယ်က ကော်ပီရင် အကောင်း သူများက ကော်ပီရင် အပြစ် ငါ့တို့နိုင်ငံက အနုပညာရှင်တွေကလဲ ခက်သားပဲ
2026-10-07 15:05:48
28
Ma Thae`Gyi💃💃💃 :
သားချောဘဝကိုရိုက်ထားတာပါ ဆင်းတာမတူပါဘူး
2026-10-07 14:50:34
10
U Than Tun :
ဇာတ်လမ်းကတူတယ်လေကြည့်ဘူးကြလားအဖေတစ်ခုသားတစ်ခု
2026-10-07 14:25:26
7
ၶိူဝ်းလီ(ၼမ်ႉၸႂ်တႆး) :
ဒါကဘာဆိုင်လို့လည်းအော်လူတွေလူတွေကိုယ့်လူမျိုးချင်းချင်းတွေတောင်မနာလိုကြတာလား
2026-10-07 14:27:50
12
Ku Ku :
ဒါမှန်တာပေါ့ မူရင်းကိုခွင့်တောင်းရမှာပေါ့
ဒါဟာ ပုံမှန် ဂါရဝတရား
မင်းသားအပြစ်တော့မဟုတ်ဘူး ဒီကားထုပ်လုပ်သူအပြစ်ပါ
2026-10-07 16:33:23
5
Ko Ko :
အောင်ထွန်းလေးခေတ်က လူမင်းက ဘယ်မှာတုန်း
2026-10-07 16:41:40
1
🍀🐰ETZA💦🍼 :
ဒါ့ကြောင့် မြန်မာ့ရုပ်ရှင် မတိုးတက်တာ။
2026-10-07 18:38:15
1
ချစ်သေားအမိမြေ :
ဇာတ်ညွှန်းပေးတဲ့လူကသာအဓိကတရာခံပါ
2026-10-07 15:33:47
4
Ye lwin aung :
ဖခင်ဟုတ်တဲ့သူတစ်ယောက်က မွေးစားလိုက်တာ သားယောကျာ်းလေး ဒါမှမဟုတ်သမီးမိန်းကလေး အရွယ်ရောက်လာတော့မိဘအရင်းတေပေါ်လာမယ်ပြန်တောင်းမယ်အမှုရင်ဆိုင်ရမယ် နောက်ဆုံးခလေးစိတ်နဲ့မွေးစားတဲ့သူက သေမယ် မသေရင်ရူးမယ် ဒီလို ဇတ်ကောင်ကာရိုတ်တာတေက မြန်မာကားတေ မနည်းတော့ဘူး အဓိက တော့ သရုပ်ဆောင်ကောင်းဖို့ပါပဲ
2026-10-07 16:22:15
4
🅿▪▪▪🗜 :
ကလေးဘဝကိုရိုက်တာမဟုတ်ဘူးဇာတ်လမ်းကကလေးဘဝနဲ့တူလို့ရိုက်တာသရုပ်ဆောင်တွေနဲ့တော့မဆိုင်ဘူးလို့မြင်တယ်ပရိုကြူဆာနဲ့ဒါရိုက်တာတို့ညံဖျင်းတယ်လို့မြင်တယ်
2026-10-07 15:37:30
6
Kaung Myat💋💯🚳📢 :
နောက်ဘဝကြရင်မသေဆုံးသောကမ္ဘာမှာမွေးရပါဘုရား😌😌😌တေွ့ဆုံသူတိုင်းလဲနှစ်လုံသားနဲ့ကြည်တပ်pဉီးနောက်နဲ့ဆုန်ဖျက်၍ပေါင်ဖက်ရစေသောဘဝမှာလူဖြစ်ပါစေ
2026-10-07 17:23:46
2
hsumyat7266 :
ဘာဆိုင်လို
2026-10-07 15:12:04
3
ဒေါ်ရွှေပြည့် :
ဘာတွေခွင့်တောင်းနေရအုံးမှာလဲင်တို့ငယ်တုန်းကကြည့်ခဲ့တဲ့အောင်ထွန်းလေးကားလေ
2026-10-07 15:42:59
2
Demon(TGI) :
ငါဓားထဲမှာ လက်ရှိတော့ကြောက်ပီးမတောင်းမိတာပါ[Tears of joy][Tears of joy]
2026-10-07 16:57:12
1
Aung Myo naing :
ဘာမှမဆိုင်သီဟအမရေ ဘာကိုတောင်းရမှာလည်း ဆင်တူတာပါ သားချောရဲဖစ်ရပ်မှန်လေ
2026-10-07 15:48:58
1
အပေါ်ယံမဟုတိတဲ့ငါ🕊🇸🇬🇲🇲❤💛 :
မနာလိုစိတိတွေကြောင့် ဖြစ်နေကြတာ
2026-10-07 15:46:41
16
Yoon yoon :
အချင်းချင်းအောငါမြင်ရင်မနာလိုကြပြီ
2026-10-07 15:34:59
8
Daw Yin San :
စိတ်ပျက်ဖို့တော့ကောင်းသားဘဲနော်ဒို့ဥာဏ်မှီသလောက်လေးတွေးကြည့်တာပါအနုပညာသည်အချင်းချင်းနားလည်ပေးလို့မရကြတာလားဘာရယ်လို့မဟုတ်ပါဘူးသားချောလေးသနားလို့ပါ
2026-10-07 15:27:27
10
daw nyo :
တူကိုမတူတာ
2026-10-07 14:22:22
6
အငြိုး :
ဇာတ်ကားအမည်ကသားချေားပါ အောင်မြင်တော့မှ့မူပိုင်ဆိုပီးအသံကထွက်လာတယ် မူဒိတာလေးထားပေးလို့မရဘူးလား သားချေားဇာတ်ကားလေးကိုကြည့်ဖြစ်အောင်လည်းကြည့်မယ်
2026-10-07 15:56:22
8
Chit Thae 8191qra :
မှီငြမ်းတာဆိုတိုက်ရိုက်မှမဟုတ်တာ
2026-10-07 23:15:25
0
ဖရန်ကီ 🕊 :
တရားစွဲလေ
2026-10-07 15:22:44
0
To see more videos from user @namgdidi521998pan777081g, please go to the Tikwm
homepage.