@may878531: ဇမ္ဗူ့ ကို ပထမဦးဆုံး အပြင်မှာ မြင်ဖူးတာက 2026 နှစ် အစ ပထမလ January 31 ည မန္တလေးမှာ ပထမဦးဆုံး ဘုရားကြီးမှာကတုန်းက စမြင်ဖူးတာ ... တကယ်ပါ ကိုယ်က အဲ့မတိုင်ခင်ထဲက ဖုန်းထဲမှာပဲ အားပေးခဲ့ရတာ မန္တလေး လာ က မယ် ကြားရော အပြင်မှာ မြင်ဖူးချင်တယ် ဆုံဖူးချင်တယ်ဆိုပြီး တတွတ်တွတ်ပြောရော အိမ်ကလူတွေရော အလုပ်က လူတွေရော ကိုယ့်အတွက်ကြောင့် တော်တော်လေး နားငြီးခဲ့ရတယ်🤭 အဲ့လိုသာပြောနေတာ အလုပ်နဲ့ဆိုတော့ လက်မှတ်က ဘယ်သွားဝယ်ရမှန်း မသိ ဘယ်သွားစုံစမ်းရမှန်း မသိ ယောင်လည်လည်ဖြစ် ပွဲ က ရက် နီးလာလေလေ စိတ်ကထိမ်းမရလေဖြစ်ခဲ့ရ နောက်ဆုံး မရ ရအောင် ကြည့်မယ်ဆိုပြီး လိုင်းပေါ်လိုက်စုံစမ်း ကံကောင်းချင်တော့ အဲ့ချိန် အသိအမတစ်ယောက်က သူ လက်မှတ်၀ယ်ထားတာ တစ်စောင်ပိုတယ် ညီမလေး ကြည့်ရင်ယူလေဆိုတော့ ဘယ်ရမလဲ ဒီက နှစ်ခါမငြင်းဘူး မကြည့်ရမှာ ကြောက်ပြီး အလုပ်ကနေ ပြေးယူခဲ့ရ....ပွဲထဲလဲရောက်ရော တကယ်ပျော်ခဲ့ရတယ် ကိုယ်မြင်ချင်တဲ့ မျက်နှာလေး မြင်ခွင့်ရလို့ ... ကြည်ရတာ အားမရတော့ မျက်နှာလေး အနီးကပ်မြင်ချင်တော့ နှစ်ပါးသွားမှာ လူကြားထဲ မရမက တိုးပြီး ဆုချခဲ့တာ အဲ့မှာ ကိုယ်သူ့ကို ပြောချင်နေတဲ့ စကားလေး ကျန်းမာရေး ဂရုစိုက်အုံးလို့ ကိုယ်ပြောတော့ ဟုတ်ကဲ့ ဟုတ်ကဲ့ ဂရုစိုက်ပမယ် ဆိုပြီး ကိုယ့်ကို ရီရီမွန်မွန်ပြုံးပြုံး လေးပြန်ပြောပေးတယ်...တကယ်ပျော်ခဲ့ရပါတယ် ။ မနက် နှစ်ပါးသိမ်းပြီးတော့ သူ အပြင်ထွက်လာမဲ့အချိန်ကို စောင့်ခဲ့ပါသေးတယ် ဒါပေမဲ့ အိမ်ကလည်း လပြည့်နေတိုင်း အလှူလေး လုပ်နေကြမို့ မပြန်ချင်ပဲ ပြန်ခဲ့ရတယ် ။ နောက်မှ သိလိုက်ရတာ ခု တင်ထားတဲ့ ပုံလေးက ကိုယ်ပြန်သွားပြီးမှ သဘင် တစ်နှစ်ပြည့် fan တေလုပ်ပေးကြတာတဲ့ တကယ်ကို နောင်တ ရခဲ့တယ် ငါ နဲနဲလေးများထပ်စောင့်လိုက်ရင် make up မပါတဲ့ သူ့ မျက်နှာလေးကို ထပ်တွေ့ရမှာပါလားဆိုပြီး.... ခုတော့ 5 ကြိမ်တွေ့ဆုံ ဖူးပြီးပါပီ ... သူများတေလို ခဏခဏ မြင်ချင်တာပေါ့ အလုပ်ပိတ်မှ ကြည့်ရတာမို့ပါ ကိုယ်တွေ ဘဝက.... နောင်လဲ ထပ်ဆုံတွေ့သွားပါမယ့်။ ရေစက်တွေလဲ ထပ်ဆုံချင်ပါသေးတယ်... ကိုယ် ဘယ်နေရာ ရောက်ရောက် အမြဲလဲ အားပေးနေပမယ် ဇမ္ဗူရေ...🫶 #aungzabu #zabufangirl @AUNG 7A BU
🌾"ခင်ယွန်း"🌾
Region: MM
Wednesday 07 October 2026 14:20:33 GMT
Music
Download
Comments
Khin Myo Theint :
2026-10-08 14:10:11
1
Jelly🍪 :
ဇမ္ဗူ့ဖန်လေးတွေကတကယ်ချစ်တတ်ပြီး အရမ်းကျူးတတ်တယ် ဖြူစင်တဲ့သံယောဇဉ်လေးတွေမြင်နေရတယ် [Heartwarming][Heartwarming][Heartwarming]
2026-10-08 03:29:29
3
❣️ Seira❣️ :
အစ်မတို့လဲ မန်းလေးဘုရားကြီးပွဲစဉ် 2 ညမှာ အထူးB ဖျာ2 မှာ Zabu ကိုပထမဆုံးကြည့်ခွင့်ရပါတယ် မနက်အပြန်ကားကွင်းကိုကားမမီမှာစိုးလို့ ပြန်လာခဲ့ရတယ် အိမ်ကမမက နောက်တစ်ခေါက်ပွဲခင်းဆီခဏပြန်သွားကြည့်ရအောင်ပြောခဲ့ပေမဲ့ ကျွန်မက ပြန်ကြရအောင်ပါကားကွင်းကားမမီမယ်ဆိုပြီးပြန်ခဲ့လိုက်တာ ကိုယ့်မြို့ပြန်ရောက်မှာ ပွဲပြီးတော့ မောင်လေးရဲ့ သဘင်တစ်နှစ်ပြည့်ပွဲလေးအပြင်မှာကျင်းပတာသိလိုက်ရတော့ အရမ်းနှမျောမိလိုက်တာ😥အဲအချိန်ကတည်းကနေခုထိ လွမ်းနေရတုန်း လွမ်းနေဆဲပါ😥😥😥
2026-10-08 04:27:35
2
Mon :
💚💚💚💚
2026-10-08 01:30:34
1
💛ကောက်စိန်💛 :
[Red heart][Red heart][Red heart]
2026-10-08 05:10:16
1
Kia :
🥰🥰🥰
2026-10-08 02:46:21
1
မဇင် :
🥰🥰🥰🥰🥰
2026-10-08 01:34:42
1
mar mar :
🥰🥰🥰
2026-10-08 02:56:10
1
U Lay Gyi....🗾 :
😂😂😂🥰🥰🥰
2026-10-07 17:08:57
1
Kathy Htway :
❤️❤️❤️❤️❤️❤️❤️
2026-10-07 22:32:22
0
To see more videos from user @may878531, please go to the Tikwm
homepage.