@mingalarnews: ရုရှားတွင်Pneumonic plagueရောဂါ သံသယကြောင့် ထိုင်း နယ်စပ်/လေဆိပ်များတွင် သီးသန့် စစ်ဆေးရေး လမ်းကြောင်းများ စီစဉ် ရုရှားနိုင်ငံတွင် Pneumonic plague သံသယဖြင့် လူတစ်ဦး သေဆုံးပြီး လူတစ်ရာကျော် စောင့်ကြည့်ခံနေရသည့် သတင်းများ ထွက်ပေါ်လာပြီးနောက် ထိုင်းနိုင်ငံ လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာန (Immigration Bureau) က လေဆိပ်၊ ရေဆိပ်နှင့် နယ်စပ် ဂိတ်အသီးသီးရှိ အရာရှိများအား ကျန်းမာရေး သတိပေးချက်များ ထုတ်ပြန်ပြီး အထူးကြိုတင် ပြင်ဆင်မှုများ စတင် ပြုလုပ်နေကြောင်း သိရပါတယ်။ လူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့မှူး ဒုတိယရဲဗိုလ်ချုပ်ကြီး နော့ဖဆင် (Nopasin Poolsawat) ၏ ပြောကြားချက်အရ ရောဂါကူးစက်မှု သတင်းထွက်ပေါ်နေသည့် ဒေသများမှ ရောက်ရှိလာသော ခရီးသည်များအား စိစစ်နိုင်ရန် နယ်စပ်/လေဆိပ် ဂိတ်များတွင် သီးသန့် လမ်းကြောင်းများ ခွဲခြားစစ်ဆေးမည့် အစီအစဉ်များကို ပြင်ဆင်လျက်ရှိသည်။ လေကြောင်း၊ ရေကြောင်းနှင့် ကုန်းကြောင်း ဝင်ပေါက်များရှိ အရာရှိများအနေဖြင့် ရောဂါကူးစက်မှု ဖြစ်ပွားနိုင်သည့် ဒေသများမှ လာသော လေယာဉ်နှင့် ခရီးသည်များကို စိစစ်ရာတွင် ကျန်းမာရေးဆိုင်ရာ တစ်ကိုယ်ရေ ကာကွယ်မှုနှင့် သန့်ရှင်းရေး ဝန်ဆောင်မှုများကို အထူးဂရုပြုကြရန် ညွှန်ကြားထားသည်။ ရောဂါထိန်းချုပ်ရေး ဦးစီးဌာန (DDC) ၏ အောက်တိုဘာ ၅ ရက်နေ့ ထုတ်ပြန်ချက်တွင် ရုရှားနိုင်ငံမှ ဖြစ်စဉ်မှာ သံသယဖြစ်ပွားမှုအဖြစ်သာ စာရင်းသွင်းထားဆဲဖြစ်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ အတည်ပြုချက်ကို စောင့်ဆိုင်းနေဆဲ ဖြစ်ကြောင်း ဖော်ပြထားသည်။ WHO ၏ အဆိုအရ အဆုတ်ရောင် ပလေ့ဂ်ရောဂါသည် လူအချင်းချင်း ကူးစက်နိုင်ပြီး ချက်ချင်း ကုသမှု မခံယူပါက အသက်အန္တရာယ် မြန်ဆန်စွာ စိုးရိမ်ရသည့် ရောဂါဖြစ်သည်။ ထိုင်းနိုင်ငံသည် အာရှ၏ အဓိက လေကြောင်းနှင့် ကမ္ဘာလှည့် ခရီးသွား ဗဟိုချက်ဖြစ်သဖြင့် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသည့် ခရီးသည်များအား ကျန်းမာရေး စိစစ်မှုကို အထူးအလေးထား ဆောင်ရွက်နေခြင်း ဖြစ်သည်။ လက်ရှိအချိန်အထိ ပြည်သူ့ကျန်းမာရေး ဝန်ကြီးဌာနမှ တရားဝင် ထိန်းချုပ်ရေး အမိန့် ထုတ်ပြန်ထားခြင်း မရှိသေးသော်လည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အတည်ပြုချက် ထွက်ပေါ်လာပါက လိုအပ်သည့် တားမြစ်ချက်များနှင့် ကျန်းမာရေး စစ်ဆေးမှုများကို ချက်ချင်း အကောင်အထည်ဖော်သွားမည် ဖြစ်သည်။ Source;The Nation
Mingalar News
Region: TH
Wednesday 07 October 2026 14:25:51 GMT
Music
Download
Comments
Reside paradise :
😳😳😳🥰🥰🥰🥰🥰🥰🥰🥰
2026-10-08 02:35:36
0
Kttn Kttn :
😳😳😳
2026-10-07 15:32:47
0
To see more videos from user @mingalarnews, please go to the Tikwm
homepage.